သင်းချိုင်း ထဲက ကြက်ဝိုင်း ကို ရဲတပ် ဖွဲ့က ၀င် စီး၊ လူ( ၅) ဦး ၊ကြက် (၂) ကောင် နှင့် ဆိုင်ကယ်(၄၄)စီး ဖမ်းမိ

Posted on

မ အူကြက်ဝိုင်း ရဲဝင်စီး ”မုံရွာ၊ အောက်တိုဘာ ၆မုံရွာမြို့နယ် မအူကျေးရွာတွင် ကြက်တိုက်လောင်းကစားပြုလုပ်နေသည့် ကြက်ဝိုင်းအား ရဲတပ်တပ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် မုံရွာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ မအူကျေးရွာ သုဿာန်အတွင်း အောက်တိုဘာ ၆ ရက်နေ့ နေ့ခင်းပိုင်းက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ မှ ကြက်တိုက်လောင်းကစားနေသော အမျိးသားငါးဦးနှင့်အတူ ဆိုင်ကယ်မျိုးစုံ ၄၄ စီး၊ ဖုန်း ၃ လုံး၊ ကြက်၂ ကောင်နှင့် ငွေ ၂ သိန်း ၂သောင်းတို့ကို လက်ရဖမ်းဆီးရမိခဲ့ကြောင်း နယ်ထိန်းအရာရှိ ရဲအုပ်အောင်ထွန်းဝင်းက ဆိုသည်။

“လူအုပ်ကြီးက အများကြီး ကျွန်တော်တို့လာတော့ ဝရုန်းသုဉ်းကား အကုန်ထွက်ပြေးတာ” ဟု ရဲအုပ်အောင်ထွန်းဝင်းက ပြောသည်။

ကြက်တိုက်လောင်းကစားဝိုင်း၌ တွေ့ရှိခဲ့သည့် အမျိုးသား ငါးဦးအား တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် မုံရွာမြို့မရဲစခန်းတွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မောင်လေးငယ်ငယ်

Leave a Reply

Your email address will not be published. Required fields are marked *