ဖုန်းအားသွင်းရင်းအိပ်ပျော်သွားတဲ့ လူငယ်တစ်ဦးရဲ့ စိတ်မကောင်းစရာအဖြစ်

Posted on

ဖုန်းအားသွင်းရင်းအိပ်ပျော်သွားလို့ လူငယ်တစ်ဦးဓာတ်လိုက်သေဆုံး ခဲ့ရပါတယ် …။

ညဖက်ဆိုဖုန်းအားသွင်းပြီး အိပ်တတ်တဲ့ပရိသတ်တွေ လုံးဝမပေါ့ဆကြရမယ့် ဖြစ်ရပ်တစ်ခု ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။ ဖုန်းကို ပလပ်ခုံမှာအားသွင်းထားပြီး၊ အိပ်ပျော်သွားစဉ်မှာ လျှပ်စီးကြောင်းဝင်ပြီး၊ မသိမသာသေဆုံးသွား ခဲ့ရရှာပါတယ် …။

အသက်(၁၈)နှစ်အရွယ်အမျိုးသား Suthee ဟာ ဖုန်းကို ခါတိုင်းလိုပဲ အားသွင်းပြီးတော့ ပလပ်ခုံမှာ တပ်ထားခဲ့ပါတယ်။ အိပ်ရာဘေးမှာ အမြဲတမ်းထားအိပ်နေကြဖြစ်တဲ့ Suthee အတွက် ဒါကအကျင့်လိုဖြစ်နေခဲ့တာကြာပါပြီ။ တစ်ရက်မှာတော့ ခါတိုင်းလိုပဲ အားသွင်းရင်းတန်းလန်းနဲ့ Suthee တစ်ယောက် အိပ်ပျော်သွားခဲ့ပါတယ် …။

မနက်မိုးလင်းလို့ မထသေးတဲ့အတွက် အိမ်သားတွေက သွားနိုးချိန်မှာ ဘယ်လိုမှမထင်မှတ်ထားတဲ့ကိစ္စရပ်က ဖြစ်ခဲ့ပါတယ် … ။ Suthee တစ်ယောက်သေဆုံးနေခဲ့တာဖြစ်ပြီး၊ မိဘတွေက ယူကျုံးမရဖြစ်ခဲ့ပါတယ် …. ။ ရဲစခန်းကိုအကြောင်းကြားခဲ့ပြီး၊ ဘယ်လိုကြောင့် သေဆုံးရတာလဲကို အဖြေရှာခဲ့ချိန်မှာတော့ ဖြစ်နိုင်ချေတစ်ခုတည်းကို အရာရှိက တွေ့ခဲ့ပါတယ် …။

သူ့ရဲ့လက်က အိပ်နေစဉ်မှာ အားသွင်းကြိုးခေါင်းကို ထိပြီ၊ ပလပ်ခုံကနေတဆင့် လျှပ်ဝင်ခဲ့တာဖြစ်ပြီး၊ လှုပ်မရဘဲဖြစ်နေခဲ့တာပဲဖြစ်ပါတယ် … ။ အဲဒီအချိန်မှာ လျှပ်စီးတဲ့ဒဏ်ကို မခံနိုင်တဲ့အဆုံး လှုပ်မရ၊ ပြုမရနဲ့ အသက်ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ ရဲအရာရှိက ရှင်းပြခဲ့ပါတယ်။ လိုအပ်တဲ့ ရှာဖွေပုံစံတွေကို ပြန်ဓာတ်ပုံရိုက်ခဲ့ချိန်မှာ တစ်မိသားစုလုံးက အခုထိကို မယုံနိုင်ဖြစ်ခဲ့ရပါတယ် …။

ဓာတ်လိုက်ထားတဲ့ဒဏ်ရာနဲ့ ဓာတ်လိုက်ခံရတဲ့ လက္ခဏာတွေကိုကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အခုလို ဆက်စပ်ကောက်ချက်ချနိုင်ခဲ့တာလို့ ရဲအရာရှိ Pol Maj က Daily News ကို ပြောခဲ့ပါတယ် … ။ ဖြစ်ပွားခဲ့တဲ့နေရာက ထိုင်းနိုင်ငံ Chaiyaphum ဒေသ၊ Nong Bua Daeng ကလို့ သတင်းမှာ ဖော်ပြထားတာကို တွေ့ရှိရတာပဲ ဖြစ်ပါတယ် …။

Credit To Source

Leave a Reply

Your email address will not be published. Required fields are marked *