ပြန်လည်လွတ်မြောက်လာတဲ့ ဖြိုးပြည့်စုံက သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ စီစဉ်တော့မယ်

Posted on

:သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ရှိတဲ့ ဖြိုးပြည့်စုံမီဒီယာတွေ့ဆုံပွဲလုပ်ဖို့ရှိ

ဒီကနေ့ ညနေပိုင်းက ပြန်လည်လွတ်မြောက်လာတဲ့ ဖြိုးပြည့်စုံက သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ စီစဉ်မယ်လို့ အောက်တိုဘာ ၉ ရက်ညပိုင်းမှာ ပရိသတ်ကိုအသိပေးခဲ့ပါတယ်။

‘ကျွန်တော်၊ ရော်နီနဲ့ ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ အယောက်ချင်းစီကို ကျေးဇူး အထူးတင်ပါတယ်။ မကြာခင်မှာ media conference လေးတစ်ခု လုပ်နိုင်ဖို့ ကျွန်တော်စီစဉ်ပါမယ့်’ ဆိုတဲ့ စတေးတပ်ကို သူ့အသုံးပြုတဲ့ဖေစ့်ဘွတ်စာမျက်နှာကနေ တင်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက် ညနေပိုင်းက မြန်မာပလာဇာက ကော်ဖီဆိုင်တစ်ဆိုင်မှာ ရှိနေတဲ့ ဖြိုးပြည့်စုံနဲ့ တေးရေးနှစ်ဦးကို မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျပ်တစ်သောင်းကျော်တန်ဖိုးရှိ ကက်တ မင်းဆေးပြားဆယ်ပြားနဲ့အတူဖမ်းမိတာဖြစ်တယ်လို့ မူးယစ်ဗဟိုတပ်ဖွဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၈ ရက်မနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်ကို မကြာခင်မှာပဲ ပြန်ဖြုတ်ချသွားခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့မှာ ဖြိုးပြည့်စုံတို့ ၃ ဦးကို ဗဟန်းတရားရုံးမှာ ချုပ်ရမန်နှစ်ပတ်ယူခဲ့ပြီး နောက်ရုံးချိန်းကို အောက်တိုဘာ ၂၁ ရက်ကို ချိန်းဆိုထားစဉ်မှာပဲ ခုလို ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-ဖြိုးပြည့်စုံဖေ့စ်ဘွတ်

credit ဘီဘီစီ

Leave a Reply

Your email address will not be published. Required fields are marked *