ကိိုယ့် ကိို ထားခဲ့တဲ့ သူ ကိို မျှော်လင့်နေမယ့် အစား ကျေးဇူး တင်လိုက်ပါ…

မဖြစ်နိုင်တော့တဲ့ အခြေအနေကို မျှော်လင့်နေမယ့် အစား ဖြစ်နိုင်မယ့် အရာကိုပဲ ရွေးချယ်လိုက်ပါ ။

ကိုယ့် အပေါ်မှာ ဘာခံစားချက်မှ မရှိတော့တဲ့ လူတစ်ယောက် အတွက်နဲ့ ကိုယ့်စိတ်ကို ဒုက္ခခံနေလို့လည်း အပိုပါပဲ ။ ထားသွားတဲ့သူက ပြန်လာမှာလည်း မဟုတ်တော့ဘူး ။ သူကတောင် ကိုယ့်အပေါ်ကို စိတ်ကုန်သွားလို့ စွန့်ပစ်ခဲ့သေး တာပဲ ။ကိုယ်က ဘာလို့ မစွန့်လွှတ်နိုင်ရမှာလဲ ။ မေ့ပစ်သင့်တဲ့ အရာ မှန်သမျှ မေ့ပစ်လိုက်ပါတော့ ။

ဒီလို စိတ်ညစ်စရာ စိတ်ပျက်စရာ ကိစ္စမျိုး ဆိုတာ ကိုယ်တစ်ယောက်ထဲပဲ ဖြစ်နေတာ မဟုတ်ဘူး ။ လူတိုင်း လိုလို ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘာဝ ဖြစ်ရပ်မှန် တစ်ခုပဲ ။

အချစ်ရေးမှာ လူတိုင်း ကလည်း ကိုယ့်လိုပါပဲ ။ အချစ်နဲ့ ပတ်သက်လာရင် ပိုင်ဆိုင်ချင်ကြတာမျိုး ပါပဲ ။ ချစ်မိတိုင်းသာ ပိုင်ဆိုင်ရမယ် ဆိုရင် ဒီကမ္ဘာမှာ အသည်းကွဲ သမား တွေ ရှိတော့မှာ မဟုတ်ဘူး ။

ပြုသူ အသစ် ၊ ဖြစ်သူ အဟောင်း တဲ့ ။ ကိုယ့်ကို ရက်စက် သွားတဲ့သူဟာ ဟိုး အရင် အတိတ် ဘဝတုန်းက ကိုယ်က သူ့အပေါ်မှာ ရက်စက်ခဲ့ဖူးလို့ပဲ လို့လေ ။ ဝဋ်ကြွေး ဆပ်ရတယ်လို့ သဘော ထားပြီးကိုယ့်စိတ်ကို ဖြေသာ ကြည့်ပါ ။

အချစ် မှာတင် မကပါဘူး ။ ဘဝတွေ တောင်မှ လူဖြစ်လာရခြင်း ကလည်း မမျှတပါဘူး။ တစ်ချို့က ဘာမှမလုပ်ဘဲ ချမ်းသာနေ ကြတယ် ။ တစ်ချို့က လုပ်လွန်းနေတာတောင် ဆင်းရဲနေတယ် ။ အချစ်နဲ့ ကံနဲ့ ကလည်း ဆက်ဆက်မှု ရှိတယ်လေ ။ ကိုယ်ချစ်တိုင်းလည်း သူက ချစ်ချင်မှ ချစ်မှာကိုး ။

မေတ္တာ ထားပြီး ခွင့်လွှတ်ပေး လိုက်ပါ ။ ကိုယ် ကြုံသလိုမျိုး သူလည်း တစ်နေ့ ကြုံရမှာပါ ။ ကိုယ်က ခံသာသေးပါတယ် ။ တကယ်တမ်း သူ့ အလှည့် ကျရင် နောင်တ တစ်လုံးကြီး ရပါလိမ့်မယ် ။ ဘာလို့လဲ ဆိုတော့ ကိုယ့်လို ချစ်သူမျိုးကို သူကိုယ်တိုင် စွန့်ပစ်ရက် ခဲ့လိုပါပဲ ။

ကိုယ်နဲ့ မတန်ဘူးလို့်ပဲ သက်မှတ်လိုက်ပါ ။ သူက အပေါစား အချစ်နဲ့ပဲ ထိုက်တန်တဲ့ သူလေ ။ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပြီး နေပါ ။ ကျန်းမာရေးလည်း ဂရုစိုက်ပါ ။ စိတ်ဓာတ် မကျပါနဲ့ ။ အချိန်တန်ရင် ဒါတွေအားလုံးဟာ အတိတ်မှာပဲ ထားခဲ့ရမှာပါ ။

ကိုယ် ကတောင် ထားခဲ့တဲ့ သူ့ကို ကျေးဇူးတင်ရ မှာပါ ။ ကိုယ့်အတွက် ဘဝ တက်လမ်းတောင် ပိုပြီး အရေးပေးလို့ ရတယ်။ အချိန်ပေးပြီး ကြိုးစားလို့ ရတယ် ။ ဝန်တစ်ခု ပေါ့သွားတော့ ကိုယ့်အနာဂတ် အတွက် နှစ် ဆ ကြိုးစားရမဲ့ နေရာမှာ နှစ်ဆ ကြိုးစားစရာ မလိုတော့ဘူးလေ ။

သူ ထားသွားတာ ကိုယ့်အတွက် အကောင်းဆုံး နိမိတ်ပြတာပဲ ။ လောကကြီးမှာ အေးအေး ချမ်းချမ်းနဲ့ ရပ်တည် နိုင် သွားတာပေါ့ ။

ဖတ်ရသူတိုင်း ဘဝအမောလေးတွေပြေပျောက်၍၊ တန်ဖိုးရှိတဲ့ ဘဝကိုယ်စီလေးတွေနဲ့ ဖြတ်သန်းနိုင်ကြပါစေ။

မေတ္တာဖြင့်…..ပြန်လည်မျှဝေပေးသူ

အညာသားလေး…………..

လမင်းငယ်(ဟုမ္မလင်း)

Add a Comment

Your email address will not be published. Required fields are marked *