ချစ်သူ ကို BMW ကား အ သစ် နဲ့ နေ စရာအိမ်ပေးပြီး လက် ထပ်ခွင့်တောင်း ခဲ့ တဲ့ အမျိုးသမီး

တရုတ် နိုင်ငံက လူချမ်းသာ မိန်းမပျိုတစ်ယောက်ဟာ သူမရဲ့ချစ်သူအမျိုးသားကို အဖိုးတန် BMW ကားသစ်တစ်စီး၊ နေစရာအိမ်တွေနဲ့ လက်ထပ်ခွင့်တောင်းခဲ့တယ်ဆိုပြီး နာမည်တွေ ကြီးနေပါတယ်။ ဒီသတင်းကို WorldOfBuzz က ဖော်ပြထားပြီး AlinnMyay က ဘာသာပြန်လိုက်တာပါ။

အဆိုပါ အမျိုးသမီးဟာ BMW ကားသောနဲ့ အိမ်စာချုပ်ကို ပန်းစည်းထဲမှာ ထည့်သွင်းပြီး၊ ချစ်သူအမျိုးသားကို လက်ထပ်ဖို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူမနဲ့ ချစ်သူအမျိုးသားတို့ တစ်နှစ်ပြည့်ချစ်သက်တမ်းအတွက် Surprise လည်းဖြစ်ကြောင်း သိရပါတယ်။

သို့ပေမယ့် သူရဲ့လုပ်ရပ်ကို တစ်ချိုု့လူမှုကွန်ရက် အသုံးပြုသူတွေက “ယဉ်ကျေးမှုကို ဆန့်ကျင်တယ် “ဆိုပြီး ဝေဖန်နေကြသလို၊ အမျိုးသားတစ်ယောက်အနေနဲ့ ဒီလို လက်ဆောင်ပဏ္ဍာတွေ ပေးဖို့ မလိုအပ်ဘူးလို့လည်း ထောက်ပြနေကြပါတယ်။ ငွေကြေးအလွန်ချမ်းသာတော့ တစ်ခြားနည်းနဲ့ ဖြုန်းစရာမရှိလို့ ဒီနည်းနဲ့ ဖြုန်းတာလို့လည်း စွပ်စွဲနေပါတယ်။

အဲဒီစုံတွဲဟာ သူတို့တစ်တွေ ပထမဆုံး စတင်ဆုံစည်းခဲ့တယ်ဆိုတဲ့ နေရာမှာ ချိန်းလိုက်တာဖြစ်ပြီး၊ ချစ်သူအမျိုးသားရောက်လာမှ အခုလို Surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ သတို့သမီးဝတ်စုံကိုတောင် ဝတ်ဆင်ထားပြီး၊ တစ်ချို့ကတော့ ဒါဟာ အရှက်မရှိသူမို့ လုပ်နိုင်တာလို့ ဝေဖန်ခဲ့ပါတယ်။ ကာယကံရှင်တွေကတော့ ဘာမှ မတုန့်ပြန်ခဲ့ပါဘူး။

နတ်သူကြီး -AlinnMyay (အလင်းမြေ

Add a Comment

Your email address will not be published. Required fields are marked *