ဖောက်ပြန်သူ ကို နားလည် မပေးဘူး ဆို တဲ့ မအေးသောင်း

နိုင်ငံ ကျော်မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ဖောက်ပြန်သူကို နားလည်မပေးနိုင်ပါဘူးတဲ့နော်။သူဟာ အမြဲလိုလို အချစ်ဒဿနလေးတွေ ရေးတင်တတ်ပြီး လက်ရှိမှာ “ဖောက်ပြန်တဲ့သူကို အပြစ်လုပ်ထားတဲ့သူကပဲ နားလည်မှုပေးတာ မမရောပဲ ပါတယ်လို့တော့ မထင်လိုက်နဲ့ အရမ်း သဝန်တိုတတ်တယ်” လို့ အချစ်ဒဿနလေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။

သူ ကတော့ တစ်ခေတ်တစ်ခါကနေ ယနေ့အချိန်အထိ လှမြဲတိုင်းလှနေကာ အောင်မြင်မှုတွေနဲ့ ပရိသတ်ရဲ့ အားပေးမှုကတော့ တိတ်ဆိတ်သွားခြင်းမရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အေးဝတ်ရည်သောင်းဟာ တစ်ကိုယ်တည်းအပျိုကြီး ထက်မြက်တဲ့မိန်းမတစ်ယာက်အဖြစ်ရပ်တည်နေပြီး မကြာခဏဆိုသလို ချစ်ရသော တစ်စုံတစ်ယောက်ရည်ရွယ်တဲ့ အချစ်စာလေးတွေရေးတတ်ကာ ချစ်သူဟာ ဘယ်သူဘယ်ဝါရယ်လို အတိအလင်း မချပြပေမယ့် ချစ်သူရှိနေတဲ့အကြောင်းကိုတော့ အရိပ်အမြွှက်ချပြထားပါသေးတယ်။အေးသောင်းတစ်ယောက် ဖောက်ပြန်သူကို နားလည်မပေးနိုင်တဲ့အကြောင်းတင်ထားတဲ့ ပိုစ့်မှာတော့ နိုင်ငံကျော် အနုပညာရှင် လူပျိုကြီး ခန့်စည်သူကလည်း “ပြန်ဖောက်တဲ့သူကို အလုပ်ပစ်ထားသူက ပေးတာက နားလည်မှုဆိုတာ ၊ မမရော အရမ်း တိုတယ်လို့မထင်လိုက်ပါနဲ့ သဝန် လို့” စနောက်ထားပါတယ် ပရိသတ်ကြီးရေ။

ပရိသတ်ကြီးရေ အချစ်ဒဿနလေးတွေ အမြဲတင်လေ့ရှိတဲ့ မအေးသောင်းရဲ့ ဒဿနလေးတွေကို ပရိသတ်တွေက နှစ်ခြိုက်အားပေးကြပါတယ်။ ပရိသတ်ကြီးသာဆိုရင်ရော ဖောက်ပြန်သူကို နားလည်ပေးနိုင်ပါ့မလား ဖြေခဲ့ပါဦးနော်။

Source: Aye Thaung

Add a Comment

Your email address will not be published. Required fields are marked *