ခီမောင်နှံ ရဲ့ အနုပညာ ကို လေးစားတယ်ဆို တဲ့ ကျော်သူ

သ ရုပ်ဆောင် ကျော်သူဟာ ခီမောင်နှံရဲ့ အနုပညာအရည်အချင်းတွေကို လေးစားလို့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်ခန်း တစ်ခန်းတည်းကို ကျေကျေနပ်နပ်ကြီး သရုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဦးကျော်သူကတော့ ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတဲ့ “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ခီမောင်နှံရဲ့ အနုပညာအရည်အချင်းကိုလေးစားလို့ လက်ခံရိုက်ကူးခဲ့တာပါတဲ။

“Now & Ever ကလည်း ဇဏ်ခီတို့ကိုလေးစားတယ်။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကကို ထိုးဖောက်ဖို့ သူတို့က စခဲ့တာ။ နိုင်ငံတကာကိုလည်း သူတို့ပြဖို့ကြိုးစားတယ်။ သူတို့ရဲ့ ပညာရပ်တွေကိုလည်း အမြင်နဲ့ ပညာရအောင် ရိုက်လိုက်တာ။ တစ်ခန်းတည်းပါတယ်ဆိုပေမယ့် ကျွန်တော် ကျေကျေနပ်နပ်ကြီး ရိုက်လိုက်တာပါ။ ပါတဲ့ဇာတ်ဝင်ခန်းကလည်း တကယ်ထိရောက်တယ်လေ။ မက်ဆေ့ချ်ကောင်းတဲ့အတွက် ကျွန်တော် လက်ခံရိုက်ကူးလိုက်တာပါ” လို့ သူကဆိုပါတယ်။

ခရစ္စတီးနားခီနဲ့ ဇဏ်ခီတို့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးရုံ တင်ပြသခဲ့စဉ်ကလည်း အနုပညာလောကသားအချင်းချင်းဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီအကြောင်းအရာ အပေါ်မှာလည်း ဦးကျော်သူက အခုလို ပြောပြခဲ့ပါသေးတယ်။“ ဥပမာ ကျွန်တော်တို့ ဇာတ်ကားစရိုက်တုန်းက Black & White ခေတ်ပေါ့။ အဲဒီခေတ်ကနေပြီးတော့ Colour Film ကိုပြောင်းသွားတယ်။ Black & White နဲ့ Colour တွေ နည်းနည်း အငြင်းပွားတာလေးတွေ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာတွေ အခက်အခဲရှိလာတယ်။ အဲဒီလိုပဲ အကူးအပြောင်းကာလမှာ ဒီလိုမျိုး အမြင်မရှင်းတာလေးတွေ ရှိမှာပဲ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း နားလည်မှုပြည့်ဝစွာနဲ့ လုပ်လိုက်ရင် ပြီးသွားတဲ့ကိစ္စ၊ ဒါကလည်း အခိုက်အတန့်ပါပဲ။ ဒီလို အပြောင်းအလဲကာလ မှာက ဖြစ်တတ်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ၁၀၁၄ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ “ချစ်ကြိုးလေးနှစ်မျှင်” ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂ဝဝကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို ”အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။၂ဝဝရခုနှစ်နောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ပြီး နာရေးကူညီမှုအသင်း နဲ့ အတူ နောက်ထပ် ပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ အခုချိန်မှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။

Source-Duwun

Add a Comment

Your email address will not be published. Required fields are marked *