စစ်ကိုင်းတိုင်းဒေသကြီးရှိ အလောင်းတော်ကဿပဗုဒ္ဓ ပူဇနိယ ပွဲတော်နှင့် ကပိုင်-သပိ တ်ဆေးဘုရား

Posted on

စစ်ကိုင်းတိုင်းဒေသကြီးရှိ အလောင်းတော်ကဿပဗုဒ္ဓ ပူဇနိယ ပွဲတော်နှင့် ကပိုင်-သပိ တ်ဆေးဘုရား

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နှင့် (၄၁) မိုင်ကွာဝေးပြီး ကနီမြို့နယ်ရှိ သဘာဝသစ်ပင် သစ်တောကြီး၏အလယ်၌ တည်ရှိသော အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ် ဆေးဘုရား ရာသီလမ်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ယင်းမာပင်မြို့နယ် ၊ ကပိုင် စံပြကျေးရွာ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။သိရှိရသည်။

အလောင်းတော်ကဿပနှင့် သပိတ်ဆေးဘုရားသည် ယင်းမာပင်မြို့နှင့် ( ၄၁ ) မိုင်ကွာဝေးပြီး ယင်းမာပင်-ဇီးတော-ကပိုင်လမ်းမှ လည်းကောင်း၊ မုံရွာမြို့နှင့်မိုင်(၅၀)ကျော် ကွာဝေးပြီး မုံရွာ-ယာကြီး – ကလေးဝလမ်းမှ လည်းကောင်း သွာလာနိုင်ပြီ ဖြစ်သည်။ ယင်းမာပင်-ဇီးတော-ကပိုင် လမ်းသည် မိုင်( ၂၀ ) ရှိ၍ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းမှ သွားမည်ဆိုလျှင် ချင်းတွင်း တံတား (မုံရွာ) မှ တရော်ကျင်း-ညောင်ကိုင်း-ကပိုင်လမ်းအထိ (၃၂) မိုင်ကွာဝေးပြီး ကပိုင်ကျေးရွာမှ အလောင်းတော်ကဿပ စံကျောင်းတော်သို့ (၂၁) မိုင် ကွာဝေးသည်။

အဆိုပါဘုရားလမ်းသည် နှစ်စဉ်မိုးတွင်းအခါများတွင် ပျက်စီးမှုများရှိခဲ့သည့်အတွက် ပွင့်လင်းရာသီဖြစ်သော နိုဝင်ဘာလဆန်းမှစတင်၍ စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင် ဖောက်လုပ်ခဲ့သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအနေဖြင့် အလောင်းတော် ဿပသို့ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းမြေ့စွာ ဘုရားဖူးလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။MOI

Unicode Versionဖြ​င့်ဖတ်ရန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နှင့် (၄၁) မိုင်ကွာဝေးပြီး ကနီမြို့နယ်ရှိ သဘာဝသစ်ပင် သစ်တောကြီး၏အလယ်၌ တည်ရှိသော အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ် ဆေးဘုရား ရာသီလမ်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ယင်းမာပင်မြို့နယ် ၊ ကပိုင် စံပြကျေးရွာ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

အလောင်းတော်ကဿပနှင့် သပိတ်ဆေးဘုရားသည် ယင်းမာပင်မြို့နှင့် ( ၄၁ ) မိုင်ကွာဝေးပြီး ယင်းမာပင်-ဇီးတော-ကပိုင်လမ်းမှ လည်းကောင်း၊ မုံရွာမြို့နှင့်မိုင်(၅၀)ကျော် ကွာဝေးပြီး မုံရွာ-ယာကြီး – ကလေးဝလမ်းမှ လည်းကောင်း သွာလာနိုင်ပြီ ဖြစ်သည်။ ယင်းမာပင်-ဇီးတော-ကပိုင် လမ်းသည် မိုင်( ၂၀ ) ရှိ၍ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းမှ သွားမည်ဆိုလျှင် ချင်းတွင်း တံတား (မုံရွာ) မှ တရော်ကျင်း-ညောင်ကိုင်း-ကပိုင်လမ်းအထိ (၃၂) မိုင်ကွာဝေးပြီး ကပိုင်ကျေးရွာမှ အလောင်းတော်ကဿပ စံကျောင်းတော်သို့ (၂၁) မိုင် ကွာဝေးသည်။

အဆိုပါဘုရားလမ်းသည် နှစ်စဉ်မိုးတွင်းအခါများတွင် ပျက်စီးမှုများရှိခဲ့သည့်အတွက် ပွင့်လင်းရာသီဖြစ်သော နိုဝင်ဘာလဆန်းမှစတင်၍ စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင် ဖောက်လုပ်ခဲ့သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအနေဖြင့် အလောင်းတော် ဿပသို့ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းမြေ့စွာ ဘုရားဖူးလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။MOI

Leave a Reply

Your email address will not be published. Required fields are marked *