ဆုအိမ့်စံ နဲ့ သူရိယ တို့ ကို သမီးရည်းစားသာမန် စိတ်ဆိုး စိတ်ကောက်တာလို့ ပဲ ထင် ခဲ့တာ ဆိုပြီး ပြောပြလာ တဲ့ သွန်းဆက်

Posted on

ပ ရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေအပြင် ရိုမန်တစ်ဆန်ပြီး လိုက်ဖက်လွန်းကြတာကြောင့် ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲဟောင်းတွေထဲမှာ သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ မပါမဖြစ်ပါပဲနော်..။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်တာမို့ နှစ်ယောက်သား လမ်းခွဲလိုက်ကြတာကိုလည်း ပရိသတ်တွေအပြင် အနုပညာရှင်တော်တော်များများကပါ အံ့သြကြပြီး စိတ်မကောင်းဖြစ်ကြပါတယ်နော်..။

ဒီ ကနေ့လေးမှာတော့ သူရိယနဲ့ရော ဆုအိမ့်စံနဲ့ပါ နှစ်ယောက်လုံးနဲ့ သူငယ်ချင်းဖြစ်တဲ့ မင်းသမီးချောလေးသွန်းဆက်ကလည်း သူငယ်ချင်းစုံတွဲလေး အခုလိုလမ်းခွဲသွားလိမ့်မယ်လို့ လုံးဝမထင်ထားဘဲ စိတ်မကောင်းဖြစ်တဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။ နှစ်ယောက်လုံးနဲ့ သူငယ်ချင်းတွေဖြစ်ပေမယ့် မသိလိုက်လိုက်ဘဲ Fb ပေါ်တက်လာတော့မှ သိခဲ့ရကာ ဖုန်းဆက်ပြီး အားပေးစကားတွေ ပြောဖြစ်သလို ပြတ်သွားလိမ့်မယ်လို့ လုံးဝမထင်ထားဘဲ သမီးရည်းစားစိတ်ဆိုး စိတ်ကောက်တယ်ပဲထင်ကာ စိတ်မကောင်းအရမ်းဖြစ်တယ် ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

“တကယ်ဖြစ်သွားတာဖြစ်တဲ့အတွက် ကိုယ့်ညီမလေးလိုဖြစ်နေတော့ မိန်းကလေးဘက်က ကြည့်ရင်လည်း တော်တော်လေးကို တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်နေတော့ ပိုဆိုးတာပေါ့ သူတို့မှာ ဘာပြဿနာရှိလဲဆိုတာ သူများအတွင်းရေးကို ကိုယ်လည်း သိပ်မသိဘူးလေ မေးလို့လည်းမကောင်းဘူး ဘယ်လောက်ပဲခင်တဲ့သူငယ်ချင်းဖြစ်ဖြစ် အတွင်းရေးကျတော့ သိပ်ပြီးပြောလို့မရဘူးဆိုတော့ နှစ်ယောက်လုံးကို အားပေးပါတယ်..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ဖြန်ဖြေတဲ့စကားက အမှားပါရင်လည်း အဆဲခံရမှာကြောက်တယ် သူ့ပရိသတ် ကိုယ်ပရိသတ်တွေနဲ့ အဆဲခံရမှာကြောက်တယ် ဘာမှတော့ မပြောချင်ဘူး အရာရာတိုင်းက ကိုယ့်ရဲ့နှလုံးသားနောက်ကိုပဲ ကိုယ်လိုက်တာ ကောင်းတယ် သွန်းဆက်လည်း ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ချင်တဲ့ ကိုယ့်ရဲ့နှလုံးသားကခိုင်းတဲ့အတိုင်းလုပ်တဲ့အတွက် သူတို့ကိုလည်း ကိုယ့်နှလုံးသားနောက်ကိုပဲ ကိုယ်လိုက်ပါ လို့ ပြောချင်ပါတယ် ဆိုပြီး သူငယ်ချင်းတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ မင်းသမီးချောလေး သွန်းဆက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Leave a Reply

Your email address will not be published. Required fields are marked *