တို့ဆေး မိတော့မယ့် အဖြစ် ကိုရင်ဖွင့်လာတဲ့ ပိုင်တံခွန်

ပိုင်တံခွန်ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်း ခံနေရတဲ့ သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်ပြီး လက်ရှိမျက်နှာသစ် သရုပ်ဆောင်တွေထဲမှာအအောင်မြင်ဆုံးထဲက တယောက်လို့တောင် ပြောလို့ရပါတယ်။ အရပ်မြင့်မြင့် ဗလတောင့်တောင့်နဲ့ ကြည့်လို့ကောင်းနေတဲ့ ပိုင်တံခွန်ကတော့ တကိုယ်လုံး တက်တူးအပြည့်ကလည်း ထိုးထားပါသေးတယ်။ သူ့ရဲ့တက်တူးတွေနဲ့ ဆံပင် အရှည်ကြောင့်လည်း ပိုအထာကျပြီး ပရိသတ် အားပေးမှု များနေတာဆိုရင်မမှားပါဘူး။

ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော အိမ်နီးချင်း နိုင်ငံတွေမှာလည်း အားပေးမှုကို ရရှိထားပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်နေတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့သူ့ရဲ့ ပရိသတ်တွေအတွက် အမြဲ သူ့ရဲ့ အမိုက်စား ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ ကိုသူ့ရဲ့လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့အသည်းကိုညှို့ယူတတ်သူပါ။ထိုင်းနိုင်ငံမှာ ပရိသတ်အခိုင်အမာရထားပြီး ထိုင်းတစ်နိုင်ငံလုံးရဲ့ တခဲနက်အားပေးမှုတွေရထားတဲ့ ပိုင်တံခွန်က ထိုင်းနဲ့ မြန်မာကို သွားလိုက်လာလိုက်နဲ့အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေသူပါ။

ပိုင်တံခွန်က မကြာသေးမီက သူ့ရဲ့လူမှုကွန်ယက်မှာ နယ်ဘက်ကျေးဘက်မှာသွားပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုတင်ပေးလာခဲ့ပြီး ရွှေဝါရောင်စပါးခင်းကြီးနဲ့ ပဏ္ဏာရလှပနေတဲ့ ပိုင်တံခွန်ရဲ့ ချစ်စရာပုံလေးတွေက ပရိသတ်တွေရဲ့နှလုံးသားကိုဖမ်းစားနေခဲ့တာလည်းဖြစ်ပါတယ်။ မကြာခင်ကတော့ ပိုင်တံခွန်က သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ နွားလှည်းတပ်ထားတဲ့နွားကြီးနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံလေးတင်ထားခဲ့ပြီး တောသူတောင်သားပုံစံလေးနဲ့တောင် မထိရက်စရာချောမောနေတာကိုမြင်ရမှာပါ။နွားကြီးကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး ကျန်တဲ့တစ်ဖက်မှာ စပါးနှံလေးတွေကိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့အစာရေစာပေါကြွယ်ဝမှုသရုပ်သကန်ကိုပေါ်လွင်အောင်ပြထားတဲ့ဓာတ်ပုံလေးကို ပိုင်တံခွန်က “မ နဲ့ညီမလေးကြားတို့ဆေးမိပြီး နွားကျောင်းရမဲ့ အဖြစ်ပါ မေရယ်”ဆိုတဲ့စာသားလေးနဲ့တင်ထားခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် ပိုင်တံခွန်ရဲ့ဓာတ်ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော ပိုင်တံခွန်ကိုချစ်ကြလား။ ထိုင်းကနေ အာရှတိုက်ကိုခြေဆန့်နေပြီဖြစ်တဲ့ ပိုင်တံခွန်ရဲ့အနုပညာတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။ပြောချင်လွန်းလို

Add a Comment

Your email address will not be published. Required fields are marked *