“ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ကောင်အနေနဲ့ အနုပညာအမွေတွေကို ချပြသွားမည့် ဝင်းခန့်မိုး”

Posted on

နိုင် ငံကျော် ဝါရင့်ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ချိုပြုံးရဲ့ မြေးဖြစ်သူ ဝင်းခန့်မိုးကတော့ ဆရာမဂျူး ဝတ္ထုဖြစ်တဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ..” ဝတ္ထုကို လူငယ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ထူးပိုင်ဇော်ဦးမှ ပြန်လည်ပုံဖော်အသက်သွင်းတဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ..” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ “ဒီပါ” ဆိုတဲ့ ကာရိုက်တာနဲ့ ပထမဆုံးအကြိမ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

“လရဲ့အောက်ဘက်မိုင်အဝေးမှာ..” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နိုင်ငံကျော်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ဒေါင်း၊ကူးကူးဇင်အောင်၊ရဲထွဋ်တို့ ကလည်း ပါဝင်သရုပ်ဆောင်ထားပြီး နိုင်ငံကျော်သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ဒီပါရဲ့ အမေဖြစ်သူ၊ရဲထွဋ်က ဒီပါရဲ့အစ်ကိုဖြစ်သူ သိဒ္ဓိ၊ ဒေါင်းကတော့ နေရောင်ခန့် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဝင်ခန့်မိုးကတော့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ..” ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးချိန်မှာတော့ စိတ်လှုပ်ရှားခဲ့ပြီး နောက်ပိုင်းမှာတော့ (၈)လလောက် လေ့ကျင့်ခဲ့ရတာတွေကြောင့် အဆင်ပြေခဲ့တယ်လို့ သိရပါတယ်။သူ့အတွက် “လရဲ့အောက်ဘက်မိုင်အဝေးမှာ..” ရုပ်ရှင်ဇာတ်ကားကြီဟာ ပထမဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ် ဆရာမဂျူးရဲ့ ဝတ္ထုလည်းဖြစ်ပြီး အဓိကဇာတ်ကောင်နေရာမှ ပါဝင်ရတာမို့ ဒီအခွင့်အရေးကြီးတာမို့ အကောင်းဆုံး ကြိုးစားထားတယ်လို့ ပြောထားပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော် ဝါရင့်ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ချိုပြုံးရဲ့ မြေးဖြစ်သူ ဝင်းခန့်မိုးရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ကောင်အနေနဲ့ အနုပညာအမွေတွေကို ချပြထားတဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ..” ရုပ်ရှင်ဇာတ်ကားကြီးကတော့ (၂၀၂၀)ထဲမှာ ရုံတင်နိုင်ဖို့ ကြိုးစားနေပါတဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *