မဲဆောက် မှာ ဖျော်ဖြေနေ တုန်း အကြည့်ချင်းဆုံ ခဲ့ တဲ့ သူလေး ကို ထပ်ဆုံချင် လို ့ ပါဆိုတဲ့ ပိုပို

မဲဆောက် မှာ ဖျော်ဖြေနေ တုန်း အကြည့်ချင်းဆုံ ခဲ့ တဲ့ သူလေး ကို ထပ်ဆုံချင် လို ့ ပါဆိုတဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ”တေးစီရီးလေးနဲ့ ပရိသတ်ရင်ထဲက အချစ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ ပိုပိုကတော့ လက်ရှိမှာ မြန်မာနိုင်ငံအနှံအပြားက ဒေသတွေမှာ ကျင်းပပြုလုပ်နေတဲ့ ဖျော်ဖြေပွဲတွေကို သွားရောက်ဖျော်ဖြေနေရတဲ့ အထိအောင်မြင်မှုတွေရရှိနေတာလည်း ဖြစ်ပါတယ်။ပြည်တွင်းမှာရှိတဲ့ နေရာအနှံအပြားဒေသတွေသာမက ပြည်ပနိုင်ငံတွေမှာလည်း သွားရောက်ဖျော်ဖြေနေရပါသေးတယ်။

ပိုပိုကတော့ လတ်တလောမှာ ထိုင်းနိုင်ငံမဲဆောက်မြို့မှာ သွားရောက်ဖျော်ဖြေနေရတာဖြစ်ပြီး မနေ့က ဒီဇင်ဘာလ (၁၆)ရက်နေ့ ညမှာတော့ ကြုံတွေခဲ့ရတာလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။”ယုံမလားတော့မသိဘူး။မနေ့ည မဲဆောက်မှာ သီဆိုဖျော်ဖြေ တုန်း က သူ့ရဲ့ အကြည့်တွေကြား ပျော်ခဲ့သူပါနော်။ နောက် တစ်ခါ ထပ်တွေ့ချင်ပါသေးရဲ့ချစ်သူ”ဆိုပြီးဖော်ပြထားတာပါ။

ပရိသတ်တွေကတော့ ပိုပိုကို အကြည့်တွေနဲ့ ရင်ခုန်အောင်လုပ်ပြီး ပိုပိုတစ်ယောက်နောက်တစ်ကြိမ်ထပ်တေါချင်ခဲ့ရတဲ့ အထိ စွဲလမ်းခဲ့ရတဲ့ သူဟာ ဘယ်သူများဖြစ်မလဲလို စိတ်ဝင်စားနေကြပါတယ်။တချို့ ပရိသတ်တွေကလည်း ပိုပိုရှာနေတဲ့ သူက သူပါဆိုပြီးတော့ စနောက်ကာ ဝန်ခံနေကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ပိုပို့ကို ရင်ခုန်အောင် အကြည့်တွေနဲ့ ပြုစားသွားတဲ့ သူက ဘယ်သူများဖြစ်မယ်ထင်လဲ။

Yomalan

Add a Comment

Your email address will not be published. Required fields are marked *