မြန်မာ Idol မှာ “ဆေး” သီချင်း ကို သီဆိုခဲ့ တဲ့ အပေါ် သူ့အမြင် ကို ပြောပြလာတဲ့ မူရင်းအဆိုရှင် ကော်နီ

အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုပြီး ပရိသတ်တွေကို ယနေ့တိုင် ဆွဲဆောင်ထားနိုင်သူကတော့ ဝါရင့် အဆိုတော် ကော်နီဖြစ်ပါတယ်။သူ့ကိုတော့ ပရိသတ်က မေကာ်လို့ ချစ်စနိုးနဲ့ ခေါ်ကြသလို ၊ သူကိုယ်တိုင်ကလည်း

စကားပြောရင် မကော် ဆိုတဲ့ နာမ်စားနဲ့ ပြောတတ်သူလည်းဖြစ်ပါတယ်။ သူဟာဆိုရင်ယခင်ကတည်းက အောင်မြင်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီးတော့ ယနေ့အထိ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာကတော့ သူ့ရဲ့ ပါဝါပဲဖြစ်မယ်ထင်ပါတယ်။

ပြီးခဲ့တဲ့ သူမ မွေးနေ့ မတိုင်ခင်မှာ ပရိသတ်အတွက် “ဆေး” ဆိုတဲ့ သီချင်းကို လက် ဆောင်ပေးခဲ့ပြီးတော့ ဒီသီချင်းဟာ အကြမ်းထည်တွင်မှာပင် ပရိသတ်က အုံးအုံးထ နှစ်သက်ခဲ့ကြတဲ့ သီချင်းဖြစ်ပါတယ်။ အထူးသဖြင့် သီချင်းကို ဆိုတဲ့သူရဲ့ ခံစားချက်အ

အပြည့်ပါနေမှုကို ဒါရိုက်တာရဲ့ ရိုက်ကူးပုံဖော်နိုင်မှုက အထူးပံ့ပိုးထားတာကြောင့် ကြည့်ရှုသူတိုင်း ၊ အချစ်ရှိသူတိုင်းကို မျက်ရည်ဝိုင်းစေခဲ့တဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။ ဒီသီချင်ကို အင်တာနက်က သူမ ထုတ်လွှင့်ပြီး မကြာခင်မှာပင် သန်းချီပြီး ကြည့်

ရှုသူများအကြား ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။

ဒီသီချင်းကို မကော်သီဆိုတာကို နားထောင်ပြီးတဲ့သူတိုင်းက ဘယ်သူဆိုဆို နားထဲမပေါက်လောက်တဲ့အထိ မကော်ရဲ့ စွမ်းအားက ကြီးမားလှပါတယ်။ Myanmar Idolက ပြိုင်ပွဲဝင်တစ်ဦးကတော့ မကော်ရဲ့ ဆေး သီချင်းနဲ့ ဖျော်ဖြေခဲ့ပေမယ့် မကော်

လောက် မကောင်းဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။

ဒီအတွက် မကော်ကတော့ သီဆိုတဲ့ ကလေးကို အပြစ်မမြင်ကြဖို့ ပြောပြပါတယ်။သူကမိန်းကလေးသီချင်းကို ယောက်ျားလည်း Tone နဲ့ သီဆိုရတာဖြစ်တဲ့ အပြင် လူငယ်တွေက လူဟောင်းတွေထက် တီထွင်မှုအားကောင်းတယ်လို့ လည်း မကော်က ချီးမွမ်း

ထားပါတယ်။ ပြီးတော့ သူလည်း အကောင်းဆုံး သီဆိုသွားခဲ့တာကြောင့် ပရိသတ်အနေနဲ့ အပြစ်မမြင်ပဲ ချစ်ခင်စိတ်နဲ့ နားလည်ပေးဖို့ မကော်ကပဲ တောင်းဆိုလိုက်ပါတယ်။

မကြာခင်မှာလည်း မကော်ရဲ့ မွေးနေ့ရက်မြတ်ကို ရောက်တော့မှာပါ။ ဒီအတွက် ပြီးခဲ့တဲ့နှစ်ကလို “ဆေး ” သီချင်းကို လက်ဆောင်ပေးခဲ့သလိုမျိုးပဲ အခုနှစ်မှာလည်း ပရိသတ်အတွက် သီချင်းလက်ဆောင်လေး စီစဉ်ပေးထားပါတယ်လို့ မကော်က ပရိသတ်တွေကို အသိပေးထားပါတယ်။

Writer – SMT( Shwe Yaung Lan)

Add a Comment

Your email address will not be published. Required fields are marked *