ရွာလုံးကျွတ်ပြေး ရ တဲ့ ရသေ့တောင်မှာ မပြေးနိုင် သူ ခုနှစ်ဦး ပိတ် မိနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သောင်းဒြားကျေးရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ပြီး သက်ကြီးရွယ်အို ခြောက်ဦးနဲ့ စိတ်ကျန်းမာရေးချို့တဲ့သူ တစ်ဦး ရွာထဲ ပိတ်မိနေတယ်လို့ ရသေတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က RFA ကို ဒီကနေ့ ပြောပါတယ်။

စစ်ကြောင်း ဝင်ရောက်လာတဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က ဒေသခံ ၁၃၀၀ နီးပါးဟာ တခြားရွာတွေကို ထွက်ပြေးကြပါတယ်။ အသက် ၁၀၁ နှစ်အရွယ် ဒေါ်မမဖြူ၊ ဦးမောင်ညွှန့်ဦး၊ ၉၁ နှစ်အရွယ် ဦးမောင်သာဇံ၊ ၈၄ နှစ်အရွယ် ဒေါ်မေကျော့ဖြူနဲ့ ဒေါ်ခင်သန်းမောင်မိ၊ ၇၄ နှစ်အရွယ် ဒေါ်စောမြသိန်းနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ စိတ်ဝေဒနာသည် မောင်ကျော်ငြိမ်းထွန်းတို့ ကတော့ ထွက်မပြေးနိုင်ဘဲ ရွာထဲမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တပ်မတော်စစ်ကြောင်းက သောင်းဒြားကျေးရွှာထဲမှာ တပ်စွဲထားပြီး ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေဟာ ဆောင်းရာသီ အအေးဒဏ်ကြောင့် အန္တရာယ်ရှိနိုင်တဲ့အတွက် ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

တပ်မတော် စစ်ကြောင်း တပ်စွဲထားတာကြောင့် ရွာထဲမှာဒေသခံတွေ ပိတ်မိနေသူတွေရှိတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

RFA Burmese

Unicode

Add a Comment

Your email address will not be published. Required fields are marked *