လူလိမ် တစ်ချို့ကြောင့် အရာမရောက်ဖြစ်ခဲ့ရတဲ့ အက်စတာ အပေါ်ထားရှိ တဲ့ ပရိသတ်တွေရဲ့မေတ္တာ Voting များ

လတ် တလော လူစိတ်ပါဝင်စားမှုအများဆုံးရရှိနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ week-7 ကိုရောက်ရှိလာပြီဖြစ်ပြီး ပြိုင်ပွဲဝင်လေးယောက်သာကျန်ရှိပါတော့တယ်။ တစ်ပတ်ထက်တစ်ပတ် ပြိုင်ဆိုင်မှုအားကောင်းတာနဲ့အမျှ ကိုယ်အားပေးတဲ့ပြိုင်ပွဲဝင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ကလည်း Fans အတွက်ပိုအရေးကြီးလာတာပါ။ ဒါ့ကြောင့်လည်း ငွေကြေးအင်အားစိုက်ထုတ်ပြီး Voting ပေးတာတွေမှာ ပိုမိုအားထည့်လာခဲ့ကြတာဖြစ်ပါတယ်။

အင် တိုက်အားတိုက်ဝန်းရံသူတွေထဲမှာတော့ အက်စတာရဲ့ပရိသတ်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ မှန်ကန်စွာ Voting ပေးတတ်တဲ့သူတွေရှိသလို မပေးတတ်သူတွေ၊ အဝေးရောက်နေသူတွေကလည်း We Love Group တွေကို အားကိုးခဲ့ကြတာပါ။ we love group ပေါင်းများစွာထဲမှာမှ အက်စတာရဲ့ပရိသတ်အစစ်အမှန်ရှိသလို ကိုယ်ကျိုးစီပွားအတွက် အသုံးပြုတဲ့အကောင့်တွေလည်း ပါဝင်ခဲ့တာပါ။

အက်စတာကတော့ ပရိသတ်တွေ Voting အပြည့်အဝပေးရဲ့သားနဲ့ Botttom ထပ်ထိုင်ရပြန်တာကြောင့် အငြင်းပွားမှုတစ်ချို့ရှိလာတာဖြစ်ပြီး အဖြေရှာခဲ့တဲ့အခါမှ We love group အတုတွေ၊အကောင့်အတုတွေနဲ့ Voting ပေး ပေးမယ်ဆိုပြီး ပိုက်ဆံလိမ်ညာယူမှုတွေရှိနေကြောင်း သတိထားမိလာတာပါ။ အားပေးတဲ့ပရိသတ်တွေဆီကရတဲ့ပိုက်ဆံတွေက Voting ပေးတဲ့ဆီမရောက်ဘဲ လိမ်ညာအသုံးပြုခဲ့တဲ့ လူတချို့ကြောင့် အက်စတာကတော့ Bottom ထပ်ထိုင်ခဲ့ရဟန်တူပါတယ်။

အခုလက်ရှိအချိန်မှာတော့ အက်စတာရဲ့အမာခံပရိသတ်အချို့က Voting ပေးဖို့ပိုက်ဆံကို မှန်ကန်တဲ့ကောက်ခံသူဆီရောက်အောင်၊ လူလိမ်တွေရှိနေကြောင်းသိရအောင် သတိပေးနှိုးဆော်မှုတွေ ပြုလုပ်နေတာပါ။ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် တွေ့ရှိထားတဲ့လူလိမ်အကောင့်တစ်ခုနဲ့ အက်စတာကို အမှန်တကယ် Vote နိုင်ဖို့ We Love Group ထဲမှာဖော်ပြထားတဲ့ အက်စတာရဲ့အစ်ကိုနဲ့ အဒေါ်အကောင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို ကိုယ်တိုင် Voting ပေးတာတော့ အကောင်းဆုံးပါပဲ ပရိသတ်ကြီးရေ….

Source – We love EsterDawd Chin Sung,Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *