“သီချင်းလေးတွေ သာမက အလှတရားတွေနဲ့ ပါ ပုရိသတွေ ကို ဖမ်းစားထား တဲ့ အဆိုတော်မလေး (၃)ဦး”

Posted on

မြန်မာနိုင်ငံရဲ့ တေးချစ်ပရိသတ်တွေရော ပုရိသတွေကိုပါ သီချင်းလေးတွေသာမက အလှတရားတွေနဲ့ ဖမ်းစားထားတဲ့ အဆိုတော်မလေး(၃)ဦးကတော့ နိုင်ငံကျော်အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်၊ အဆိုတော်မလေး ထက်သီရိနဲ့ Grace တို့ပဲဖြစ်ပါတယ်။

(၁) ပန်းရောင်ခြယ်

ပန်းရောင်ခြယ်ကတော့ နိုင်ငံကျော်အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးလေးဖြစ်ပြီး အဆိုပိုင်းမှာဆိုလည်း အဖေခြေရာကိုအပြည့်နင်းနိုင်တဲ့သူပဲဖြစ်ပါတယ်။ သူဟာအဆိုပိုင်သာမက တင့်တယ်ကျက်သရေရှိလှတဲ့ ဆံနွယ်ရှည်ရှည်တွေနဲ့ ချစ်စရာကောင်းတဲ့ အလှတရားတွေကြောင်း တေးချစ်ပရိသတ်တွေရော ပုရိသတွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။သူရဲ့ ပွဲဦးထွက် အယ်လ်ဘမ် Wake Up Daddy တေးစီရီးကတော့ သူရဲ့ အအောင်မြင်ဆုံး တေးစီရီးဖြစ်ပြီး ဒီတေးစီးရီးရဲ့ ခေါင်စဉ် သီချင်းဖြစ်တဲ့ Wake Up Daddy ကတော့ ဖခင်ဂရေဟမ်နဲကသီဆိုထားပြီး လူကြီး၊လူငယ်၊ကလေးပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပါတယ်။

(၂) ထက်သီရိ

အဆိုတော်မလေး ထက်သီရိကတော့ နိုင်ငံကျော် ရောခ် အဆိုတော် လေးဖြူရဲ့ ခရီးအဆုံးထိ သီချင်းလေးကို Cover ပြန်ဆိုရင် သူမရဲ့ ထူးခြားအသံလေးနဲပ ချစ်စရာကောင်းပြီးဆွြဆောင်ရှိလှတဲ့အလှတရားတွေကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံခဲ့ရပါတယ်။ လက်ရှိမှာတော့ သူမရဲ့ အအောင်မြင်ဆုံးသီချင်းဖြစ်တဲ့ “ရှေ့ဆက်ရန်မရှိ” သီချင်းကတော့ ပရိသတ်တွေရဲက ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အထိအောင်မြင်နေပြီး မြန်မာနိုင်ငံရဲ့ တေးချစ်ပရိသတ်တွေအသုံးပြုမှုအများဆုံးဖြစ်တဲ့ JOOX မှာဆိုရင်လည်း ပရိသတ်အကြိုက်ဆုံး နံပါတ်(၁)နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

(၃) Grace

“ချိုသာတဲ့ နင့်အပြုံး Yeah you are my favourite တခါတရံမှာ အေးစက်လည်း အမှတ်မရှိတဲ့ ငါတော့ရူး” ဆိုတဲ့ Crush ရဲ့ အချေကြီးချေခံနေရတဲ့ မိန်းကလေးတစ်ယောက်ကို ရေးဖွဲ့ထားပြီး နားထောင်သူတိုင်းစွဲသွားစေမည့် Flow တွေနဲ့ ပရိသတ်တွေဖမ်းစားခဲ့တဲ့ “Don’t You Know” သီချင်းလေးရဲ့ ပဲ့ကိုင်ရှင် အဆိုတော်မလေး Grace ဟာဆိုရင်လည်း ထူးခြာတဲ့အသံလေးနဲ့ ချစ်စဖွယ်အလှတရားတွေပိုင်ဆိုင်တဲ့သူလေးလည်းဖြစ်ပါတယ်။သူဟာလည်း တေးချစ်ပရိသတ်တွေရော ပုရိသတွေကိုပါ သီချင်းလေးတွေသာမက အလှတရားတွေနဲ့ ဖမ်းစားထားတဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရော တေးချစ်ပရိသတ်တွေရော ပုရိသတွေကိုပါ သီချင်းလေးတွေသာမက အလှတရားတွေနဲ့ ဖမ်းစားထားတဲ့ အဆိုတော်မလေး(၃)ဦးထဲမှ ဘယ်သူကိုအချစ်ဆုံးလဲဖြေခဲ့ဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *