သူမ ရဲ့ ငယ်ချစ်ဦးကို ပရိသတ်တွေထံ ချပြလိုက်ပြီ ဖြစ်တဲ့ စံရတီမိုးမြင့်

စံ ရတီမိုးမြင့် ဟာ အောင်မြင်မှုကို ကာလရှည်ကြာစွာ ထိန်းသိမ်းထားနိုင်တဲ့ မင်းသမီး တစ်လက် ဖြစ်ပြီး ပရိသတ်တွေချစ်ပြီး အားပေးရတဲ့ မင်းသမီးလေးလည်း ဖြစ်ပါတယ်။ အသားအရည် အထူးတလည် ကောင်းမွန်လှပတာကြောင့် ပရိသတ်တွေသာမက အနုပညာရှင်တွေ အချင်းချင်းပါ အားကျရတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါသေးတယ်။ သဲသဲဆိုတဲ့ အိမ်နာမည်လေးနဲ့ စံရတီမိုးမြင့် က ငယ်ငယ်ကတည်းက မင်းသမီးဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။

ဘာသာတရားလည်း ကိုင်းရှိုင်းပြီး အလှူရေစက်လက်နဲ့မကွာတဲ့ မင်းသမီး တစ်လက်ဆိုရင်လည်း မမှားပါဘူး။ စံရတီက မကြာသေးမီက ထီပေါက်ပြီး ထီလက်မှတ်ပျောက်တဲ့ အဖြစ်ကို ပရိသတ်တွေကို ရင်ဖွင့်ထားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ စံရတီမိုးမြင့်က အနုပညာ အလုပ်တွေ ဆက်တိုက် လုပ်နေသလို ပရိသတ်တွေနဲ့လည်း မကင်းကွာပဲ လူမှုကွန်ယက်မှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို တင်ပေးနေတတ်သူလည်း ဖြစ်ပါတယ်။ အရမ်းကို နုဖတ်ချောမောလှတဲ့ မင်းသမီးလေးရဲ့ ချစ်သူကို ဘယ်သူများဖြစ်မလဲလို့ ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြပေမယ့် လည်း စံရတီမိုးမြင့်ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး သိုသိပ်လျို့ဝှက်စွာ နေတတ်တာမို့ သူမရဲ့ ချစ်သူကို ပရိသတ်တွေမှာ အရိပ်ကလေးသော်မှ မြင်ခွင့်မကြုံခဲ့ပါဘူး။

အခုတော့ စံရတီမိုးမြင့်က သူမရဲ့ ချစ်ဦးသူ ငယ်ချစ်ဦးကို ပရိသတ်တွေရှေ့ကို ချပြလာခဲ့ပါပြီ။ စံရတီမိုးမြင့်က မကြာသေးမီရက်ပိုင်းက သူမရဲ့ လူမှုကွန်ယက်မှာ ငယ်ချစ်ဦးရဲ့ ဓာတ်ပုံနဲ့တကွ တင်ထားခဲ့တာပါ။ စံရတီမိုးမြင့်က သူမရဲ့ လူမှုကွန်ယက်မှာ ကိုရီးယားမင်းသား Gong Yoo ရဲ့ ဓာတ်ပုံနဲ့ အတူ “ငယ်ငယ်ထဲက ချစ်တဲ့ ဦးမို့ ငယ်ချစ်ဦး” လို့ ရေးတင်ထားခဲ့တာ တွေ့ရပါတယ်။ စံရတီမိုးမြင့်ရဲ့ ငယ်ချစ်ဦးကတော့ Gong Yoo ပါတဲ့နော်။ အဲဒီ post အောက်မှာ ပရိသတ်တွေက ဝိုင်းပြီး စနောက်နေကြတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်ကြီးရော စံရတီမိုးမြင့်ရဲ့ ငယ်ချစ်ဦး Gong Yoo ကို ချစ်ကြလား။ စံရတီမိုးမြင့်ကိုရော အားပေးကြလား။ စံရတီမိုးမြင့်ရဲ့ နောက်ထပ်ထွက်ရှိမယ့် ရုပ်ရှင်ကားကြီးတွေကိုရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Add a Comment

Your email address will not be published. Required fields are marked *