အချင်းချင်း ဆ ရာမလုပ်ပဲ နဲ့ ပိုကောင်းအောင်ပဲ အကြံပေးဖြစ်တယ်ဆိုတဲ့ ခေးဆက်သွင်

Posted on

ရှမ်းတိုင်းရင်းသူလေးတွေဖြစ်ကြတဲ့ ခေးဆက်သွင်နဲ့ နန်းစန္ဒာလှထွန်းတို့ သူငယ်ချင်းနှစ်ယောက်ဟာ အနုပညာအလုပ်တွေကို လက်တွဲညီညီလုပ်ကိုင်လေ့ရှိပြီး ညီအစ်မရင်းတွေလို ချစ်ခင်ရင်းနှီးကြတာ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက အကြီးဖြစ်တဲ့ ခေးဆက်သွင်ကို ချစ်စနိုးနဲ့ မေမေခေးလို့ခေါ်တာပါနော်။ အဲ့လိုချစ်ခင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို MLTVကနေ အင်တာဗျူးမေးမြန်းထားတာဖြစ်ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ နန်းကကြော်ငြာလေးနဲ့ ကလန်ဒါလေးရိုက်နေပါတယ်။ ခေးကတော့ ကြော်ငြာလေးတွေရိုက်နေတယ်၊ ဖွင့်ပွဲလေးတွေလည်း တက်ဖြစ်တယ်၊ အဖြူရောင်သက္ကရာဇ်ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ၁လပိုင်း ၁၄ရက်နေ့မှာ ရိုက်ကူးဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“မေမေခေးက အရမ်းစိတ်ထားကောင်းတယ်၊ စိတ်ရင်းကောင်းတယ်၊ အနုပညာအလုပ်တွေကို တူတူလုပ်ကြတဲ့ သူတွေဖြစ်ပေမယ့် တစ်ယောက်ကို တစ်ယောက် အောင်မြင်တဲ့သူတွေပဲဖြစ်စေချင်တယ်၊ ဂျေဝင်တာလည်းမရှိဘူး၊ သူဟိုဟာလုပ်လို့၊ နင်ဒီဟာလုပ်လို့လည်းမရှိဘူး၊ စိတ်ရင်းနဲ့ခင်တာမလို့ ဂုဏ်ပြုတဲ့အခါတွေမှာလည်း congratulation ဆိုပြီး နှစ်နှစ်ကာကာ ရင်ထဲကပဲ တစ်ယောက်ကို တစ်ယောက် ဂုဏ်ပြုအားပေးဖြစ်ပါတယ်”ဆိုပြီး နှစ်ယောက်သားအချင်းချင်း ခင်မင်ရင်းနှီးမှုတွေ၊ ကူညီရိုင်းပင်းမှုတွေ၊ အကြီးနဲ့အငယ် ရိုသေလေးစားမှုတွေကို အခုလိုပဲ ပွင့်လင်းရင်းနှီးစွာ ပြောသွားခဲ့တာဖြစ်ပါတယ်။ ခေးနဲ့နန်းရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုခံစားရအောင် မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *