အဖေလိုပဲဖြစ်နေ တဲ့ ဦးကျော်သူ စိတ်ဆိုးရင် အတူတူပဲလိုက်ခံစားရပြီး စိုးရိမ်တဲ့အကြောင်း ပြောပြလာတဲ့ ဒေါင်း

Posted on

သ ဘာဝဇာတ်ရုပ်တွေအပြင် ပီပြင်တဲ့ အမိုက်စား သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် ဆယ်လီအနုပညာရှင်ကတော့ မင်သားချောလေး ဒေါင်းပဲ ဖြစ်ပါတယ်နော်..။ ပရိသတ်တွေသည်းသည်းလှုပ် အားပေးချစ်ခင်နေကြတဲ့ မင်းသားချောဒေါင်းကတော့ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်မှုတွေအပြင် ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ပုံရိပ်လေးတွေအပြင် ရိုးသားပြီး အနေအေးတဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကလည်း အမြဲအချစ်ပိုနေကြတာပါနော်..။

အောင်မြင်တဲ့အနုပညာရှင်အဖြစ် မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားတဲ့ မင်းသားချောလေးဒေါင်းကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “၁၀၁၄” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဦးကျော်သူတို့နဲ့အတူ ပါင်သရုပ်ဆောင်ထားပြီး အဖေတစ်ယောက်လို ချစ်ခင်တဲ့ ဦးကျော်သူနဲ့ ခင်မင်မှုလေးတွေအကြောင်း ပြောပြလာပါတယ်နော်..။ ဒေါင်းကတော့ ဦးမောင်အနားမှာ တစ်ချိန်လုံးကပ်နေတာများသလို ရုပ်ရှင်ထဲမှာသာမက အပြင်မှာလည်း အဖေတစ်ယောက်လိုဖြစ်နေပြီး ဦးမောင်စိတ်ဆိုးရင် အတူတူပဲလိုက်ခံစားရတယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

စိတ်ဆိုးရင် သူ့ကိုယ်သူနှိပ်စက်နေတာများတဲ့ ဦးမောင်က ဆေးလိပ်တွေသောက်လိုက် တစ်ခါတစ်လေကျ ညမအိပ်ဘဲ မနက်ကျအစောကြီးထပြီး ထထွက်သွားတတ်တဲ့ ဦးမောင်အတွက် စိုးရိမ်တဲ့အကြောင်းလေးတွေကိုလည်း ဒေါင်းက ပြောပြထားပါသေးတယ်..။ အနုပညာဆိုတာလည်း စိတ်ခံစားချက်ပဲဖြစ်ပြီး ဦးမောင်ခံစားချက်အတိုင်း လိုက်ခံစားသလို “၁၀၁၄” ရုပ်ရှင်ဇာတ်ကားထဲမှာ ဦးမောင်ကိုအားလုံးက ဝိုင်းကူညီပေးကြပြီး ဇာတ်ကားကိုပြန်ကြည့်တော့ အဲ့အငွေ့အသက်တွေ ပြန်ခံစားရတယ် ဆို

Leave a Reply

Your email address will not be published. Required fields are marked *