အဖေ့ခြေရာ နင်းမယ့် သား လေးအကြောင်း ပြောပြလာ တဲ့ ပိုးအိအိခန့်

ရုပ်ရှင် သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်နဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘောလုံးကစားသမားဖြစ်တဲ့ အောင်သူတို့ကတော့ လက်ရှိမှာပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားပါတယ်။အရွယ်နဲ့ မလိုက်အောင် ချစ်စရာကောင်းလှတဲ့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သားသားလေးကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ မေမေပိုးအိအိခန့်က သားသားလေးက ဘောလုံးအကျႌလေးကို ဝတ်ဆင်ထားတဲ့အခါမှာ အကြီးအကျယ် သဘောတွေကျနေတဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။”သူ့နာမည်နဲ့အကျႌလေး ဝတ်နေရလို့ ပီတိတွေ ဖြာနေတဲ့ ရုပ်ကလေ”ဆိုပြီး သားသားရဲ့ နာမည်လေး ရိုက်ထားတဲ့ ဘောလုံးဝတ်စုံအကျႌလေးနဲ့ ဖေဖေခြေရာနင်းမဲ့ သားသားရဲ့ ပုံလေးတွေကို မျှဝေထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သားသားဟာ ကြီးလာရင် အဖေ့လိုပဲ နိုင်ငံဂုဏ်ဆောင် လက်ရွေးစင် ဘောလုံးသမားလေး ဖြစ်လာမှာလို့ ထင်ကြေးပေးပြောဆိုနေကြပြီး ဘောလုံးအကျႌလေးနဲ့ ချစ်စရာကောင်းနေတဲ့ သားသားလေးကို အချစ်ပိုနေကြပါသေးတယ်။ ပရိသတ်ကြီးရေ ချစ်စရာကောင်းလှတဲ့ သားသားလေးရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *