အရင်က လိုခပ်စွာစွာလေး မဟုတ်တော့ပါဘူး ဆို တဲ့ ကလေး သရုပ်ဆောင် အိန္ဒြာမိုးမြင့်

အငိုသန်တဲ့ကလေးသရုပ်ဆောင်လေးကနေ ဆယ်ကျော်သက်ကာရိုက်တာအဖြစ် နှလုံးသားဒိုင်ယာရီ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် အိန္ဒြာမိုးမြင့်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

နှလုံးသားဒိုင်ယာရီ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးဒီဇာတ်လမ်းတွဲထဲမှာ ညီမက မစိုးပြည့်ရဲ့ညီမသက်နှင်းအိမ်ဆိုတဲ့ကာရိုက်တာနေရာမှာ ပါဝင်ထားပါ တယ်။ ဆယ်ကျော်သက်ကာရိုက်တာဖြစ်ပြီးတော့ ကိုကြီးသားငယ်(ဟိန်းဝေယံ) ၊မစိုးပြည့်တို့နဲ့ မဆုံတာလည်း ကြာနေပြီ။ မစိုးပြည့်ရဲ့အဖေကလည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်စေချင်တဲ့အတွက် သရုပ်ဆောင်ဖြစ်သွား တာပါ။

ကြိုတင်ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီးဇာတ်ညွှန်းကြိုတင်ပေးထားတဲ့အတွက် အမြဲတမ်းဖတ်ဖြစ်ခဲ့တယ်။ ဆယ်ကျော်သက်ကာရိုက်တာနေ ရာမှာ သရုပ်ဆောင်ရမှာဆိုတော့ အဝတ်အစားပိုင်းနဲ့အိုက်တင်ပိုင်းတွေကို ကြိုတင်ပြင်ဆင်ခဲ့ရပါ တယ်။ အရင်တုန်းကလို ခပ်စွာစွာမဟုတ်တော့ဘူး။ အများကြီးကြိုးစားပြင်ဆင်ထားပါတယ်။

တချို့ ပရိသတ်တွေက ဘေးကကြည့်ရင် ငယ်ရုပ်မပျောက်ဘူးလို့ပြောကြသလို၊ ရှေ့ကနေကြည့်ရင် ငယ်ရုပ် ပျောက်တယ်ဆိုပြီးပြောကြတယ်။ တချို့ကတော့ ပိုပြီးလှလာတယ်လို့ပြောတယ်(ရယ်လျက်)။ ညီမ ဆယ်တန်းပြီးကတည်းက ဇာတ်ကားရိုက်ကူးမှုနားထားတာပါ။ အသက် ၁ဝနှစ် ၁၂နှစ်အရွယ်လောက် ထိပဲ ကိုကြီးသားငယ်၊ မစိုးပြည့်တို့နဲ့ ရိုက်ကူးခဲ့တာပါ။

အခုနောက်ပိုင်း ကိုကို၊မမတို့နဲ့ မတွေ့ဖြစ်ဘူး။ ဒီဇာတ်လမ်းတွဲကျမှ ပြန်ဆုံကြတာပါ။ သရုပ်ဆောင်တစ်ယောက်ဆိုတာ ကာရိုက်တာပိုင်းကို ရွေးချယ် ခွင့်မရှိပါဘူး။ ဘယ်လိုကာရိုက်တာမျိုးပဲဖြစ်ဖြစ် သရုပ်ဆောင်ရမယ်။ ဇာတ်လမ်းတိုပဲဖြစ်ဖြစ် စီးရီးတွေ ပဲဖြစ်ဖြစ် ကိုယ့်ကိုလာကမ်းလှမ်းတဲ့အရာကို အကောင်းဆုံးတာဝန်ကျေအောင်လုပ်ရပါမယ်။ မိဘတွေ ကလည်း ဘာကိုရိုက်ပါဆိုပြီး ချုပ်ခြယ်တာမျိုးတွေမရှိပါဘူး။ ကမ်းလှမ်းလာတဲ့ဇာတ်ရုပ်ကို တာဝန်ကျေ အောင်လုပ်ရမှာပါ။ ဒီဟာမှရိုက်မယ်။ ဟိုဟာမှရိုက်မယ်ဆိုတာမျိုး မရှိပါဘူး။

ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးအခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ညီမကိုကျတော့ ကလေးလို့ပဲမြင်နေကြတယ်။ ငယ်ငယ် လေးပဲရှိသေးတယ်လို့ထင်နေကြတယ်။ ညီမရဲ့အသက်က ၁ရနှစ်ကျော်သွားပါပြီ။ တကယ်လို့ ရိုက်ကူး ရမယ်ဆိုရင် ဆယ်ကျော်သက်ကာရိုက်တာတွေကို ပိုပြီးဦးစားပေးရိုက်ကူးရမယ်လို့ထင်တယ်။

ပရိ သတ်တွေလည်း အမြင်တစ်မျိုးမဖြစ်အောင်၊ ညီမကိုအခုချိန်ထိစောင့်ကြည့်အားပေးနေကြတဲ့ ပရိသတ် တွေအတွက်လည်း အဆန်းလေးဖြစ်အောင် လုပ်ပြချင်တယ်။ ကလေးကာရိုက်တာချည်းပဲ မရိုက်ကူး ချင်ဘူး။ အဲဒါကြောင့် ဆယ်ကျော်သက်ကာရိုက်တာလေးကို ချပြချင်တာပါ အဲဒီအတွက်လည်း အများ ကြီးကြိုးစားထားပါတယ်။ ဒရာမာဇာတ်ကားတွေကို ပိုပြီးအားသာတဲ့အတွက် ရိုက်ကူးချင်ပါတယ်။ လာ ကမ်းလှမ်းတဲ့အပေါ်မှာ ဒရာမာဇာတ်လမ်းတွေကို ပိုပြီးရိုက်ကူးချင်ပါတယ်။

ရှေ့ဆက်လှုပ်ရှားမယ့်အနုပညာအလုပ်တွေကိုတော့အခုရိုက်နေတဲ့ဇာတ်လမ်းတွဲက နောက်နှစ်အထိဆက်သွားဖို့ရှိပါတယ်။ ဒီလထဲမှာ ရိုက်ကူးမယ့်ဇာတ် လမ်းတိုထဲမှာ ပါဝင်သွားပါမယ်။ ကမ်းလှမ်းတာတွေရှိပေမယ့် မသေချာသေးတဲ့အတွက် ပရိသတ်တွေ ကို နောက်မှပြောပြပါမယ်။

ပရိသတ်အတွက်စကားလက်ဆောင်ကိုတော့ငယ်ငယ်လေးကတည်းကနေ အခုအချိန်ထိ ညီမကိုသိတဲ့ပရိသတ်တွေရော မသိသေးတဲ့ပရိသတ်တွေ ပါ ဆက်ပြီးအားပေးကြပါ။ ဇာတ်လမ်းတိုနဲ့ဇာတ်လမ်းတွဲတွေ အများကြီးရိုက်ကူးသွားမှာပါ။ အကောင်း ဆုံးကြိုးစားသွားမှာပါ။ ပရိသတ်တွေကို အရမ်းချစ်ပါတယ်။

Sunday Journal

Add a Comment

Your email address will not be published. Required fields are marked *