“အရွယ် နဲ့မလိုက်အောင် နုပျိုနေရ တဲ့အကြောင်းအရင်း ကို ဖွင့်ဟပြောပြလာတဲ့ မင်းမော်ကွန်း “

Posted on

ပ ရိသတ်ကြီးရေ မင်းမော်ကွန်းကတော့ ဆယ်စုနှစ်တစ်ခုအကြာ အနုပညာလောကမှာ အောင်မြင်နေတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။အကယ်ဒမီရုပ်ရှင်မင်းသားကြီး ဇင်အောင်ရဲ့ သားဖြစ်ပြီး အဖေရဲ့ အနုပညာအမွေကို ဆက်ခံထားကာ အနုပညာလောကထဲကို ကလေးဘဝထဲက စတင်ရင်းနှီးခဲ့တယ်လို့ဆိုရမှာပါ။

သ ရုပ်ဆောင်ဘက်မှာတင် အကယ်ဒမီရရှိခဲ့တာတင်မဟုတ်ဘဲ ဂီတဘက်မှာလည်း မြေပဲယိုအဖွဲ့ဆိုပြီး အောင်မြင်ခဲ့သူတစ်ဦးပါ။ လက်ရှိမှာလည်း မင်းမော်ကွန်းပါဝင်ထားတဲ့ ” ရည်းစားတစ်ခုလပ် ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ လူလတ်ပိုင်းအရွယ်ကို ရောက်ရှိပြီး သားသမီး(၃)ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

သမီးဖြစ်သူလေပြေသွေးကတော့ အနုပညာလောကနဲ့မစိမ်းတဲ့အပြင် သား ဖြစ်သူကိုလည်း ပရိသတ်တွေက သတိထားမိတယ်လို့ဆိုရမှာပါ။ မင်းမော်ကွန်းကတော့ အခုချိန်ထိ သားဖြစ်သူနဲ့ယှဉ်ရင်တောင်ရွယ်တူတွေလို့ထင်ရတဲ့ထိ နုပျိုနေတဲ့အကြောင်းအရင်းကိုပရိသတ်တွေကသိချင်နေကြတာပဲ ဖြစ်ပါတယ်။ အခုချိန်မှာ သားနဲ့အတူ ကျန်းမာရေးလိုက်စားတဲ့အနေနဲ့ သားအဖနှစ်ယောက် Gym တူတူဆော့ဖြစ်တယ်လို့သိရပါတယ်။စိတ်ပျိုကိုယ်နုနေတာလို့တင်စားရတဲ့ မင်းမော်ကွန်းကတော့ စိတ်ညစ်စရာတွေဆို ကြာကြာစိတ်ထဲမထားဘဲ ပော့ပေါ့ပါးပါးနေတာကြောင့် နုပျိုနေတာဖြစ်မယ်လို့ ဖွင့်ဟခဲ့ပါတယ်။ပရိသတ်ကြီး အတွက် အရွယ်တင်နုပျိုစေမယ့် နည်းလမ်းလေးကို အသိပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *