(၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ မှာ အ နုပညာရှင်(၁၀)ယောက်ကိုမွေးထုတ်ပေးမယ့် နေထူးနိုင်

ဗီဒီ ယိုလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးတဲ့ မင်းသား နေထူးနိုင်ကို အားလုံးသိပြီးသား ဖြစ်ကြမှာပါ။ နေထူးနိုင်က သဘာဝလွန်အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးရင်း နယ်ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သူ ဖြစ်ပါတယ်။ နေထူးနိုင်က ပြီးခဲ့တဲ့ လပိုင်းက ရုံတင်ပြသခဲ့တဲ့ “ရပ်ကျော်ရွာကျော်” ရုပ်ရှင်ဇာတ်ကားမှာလည်း လွှမ်းပိုင်နဲ့အတူတူ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

နေထူးနိုင်က အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေရင်း ချစ်ရတဲ့ ဇနီး၊ သားနှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၇) ရက်နေ့ကတော့ နေထူးနိုင်တို့ ဇနီးမောင်နှံရဲ့ (၁၀) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ နေထူးနိုင်က အမှတ်တရဖြစ်အောင် ထူးထူးခြားခြား အစီအစဉ်လေးတွေလုပ်မယ့်အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ဒီနေ့ကျရောက်တဲ့ (၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ အမှတ်တရအနေဖြင့် အနုပညာရှင်(၁၀)ယောက်ကိုမွေးထုတ်ပြီ သင်တန်းကြေးလဲမယူ၊ ဘာအကြောင်းနဲ့မှ ငွေကြေးမပေးရပဲ ၂၀၂ဝနှစ်ထဲ ဗွီဒီယိုဇာတ်ကားများကို ရိုက်ကူးပေးသွားပါမည် (မကြာမီဘယ်လိုခေါ်ယူမလဲဆိုတာ ကြော်ငြာပေးသွားပါမည်)” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

နေထူးနိုင်က (၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ သံဃာတော်များကို ဆွမ်းကပ်ပြီး ကုသိုလ်ယူခဲ့ပါသေးတယ်။ နေထူးနိုင်တို့ ဇနီးမောင်နှံလည်း (၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှသည် နောက်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မိုမိုလေး

Add a Comment

Your email address will not be published. Required fields are marked *