Asian Creative Academy Award က အမှတ်တရ လေးတွေကို ဝတ်မှုံရွှေရည် ဝေမျှ

Posted on

ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Asian Creative Academy Award ပွဲလေးကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ လိပ်ပြာစံအိမ် ဇာတ်ကားထဲက မင်းသမီးချောလေး ပြည့်ပြည့် လေးက တခြားနိုင်ငံက တကယ့်ဝါရင့် အနုပညာရှင်တွေ ကို ကျော်တတ်ပြီး အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆုကို ရခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဝတ်မှုံရွှေရည်နဲ့ ပြည့်ပြည့်လေးက သားအမိ အဖြစ် သရုပ်ဆောင်ခဲ့တာပါ ။ ပြည့်ပြည့်လေးရတဲ့ ဆုကိုလည်း ဝတ်မှုံရွှေရည်ကပဲ ဖွင့် ဖောက် ကြေငြာ ပေးတာမို့ ဒီပွဲလေး က တော့ ကစ် အတွက် အမှတ်ရ ပွဲလေးပါ။

ပွဲလေးက သူမ အတွက် ဘယ်လို အမှတ်တရ လေးတွေရှိခဲ့လဲ ဆိုတာကိုတော့ ဝတ်မှုံရွှေရည်က fB မှာ အခုလို ဝေမျှ ခဲ့ပါတယ်။ “Asian Creative Academy Award Gala Night လေးကိုတက်ရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်အခုလို နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီး မြန်မာနိုင်ငံက ရုပ်ရှင်ကား နဲ့ အနုပညာရှင်တွေကို ‌ဆုရွေးချယ်ပေးအပ်ခဲ့တဲ့အတွက်လည်း အရမ်းပျော်မိပါတယ်။ဒီပွဲမှာ ကစ်တို့ ရဲ့ လိပ်ပြာစံအိမ် The Only Mom ကားက Regional အဆင့်မှာ ဆု 6 ဆု ရရှိခဲ့တယ်။ Gala Night မှာ သမီးလေးပြည့်ပြည့် ကတော့ Best Supporting Actress Role ကို ထပ်မံရရှိခဲ့ပါတယ်။

အမှတ်တရကတော့ ဒီဇာတ်ကား မှာ သမီးရင်းခြားလို သရုပ်ဆောင်ခဲ့တဲ့ ပြည့်ပြည့်လေးအတွက် ဆုကို ကစ်က Stage ပေါ်ကနေ ဖွင့်ဖောက်‌ကြော်ငြာပေးခဲ့ရ ခြင်းပါပဲCongratulation again ပါ သမီးလေးပြည့်ပြည့် ရေ ၊ ပွဲရဲ့အဆုံးသတ်လေးမှာတော့ ကစ်တို့ Asian တဝှမ်းက အနုပညာရှင် တွေအ ချင်းချင်းရင်းနှီး စွာနဲ့ After Party ‌လေးနဲ့အ‌ဆုံးသတ်ခဲ့ ကြပါတယ်…” ဝတ်မှုံရွှေရည်ကတော့ ဒီပွဲကို တက်ရောက်ရင်းနဲ့ တခြား နိုင်ငံတကာက အနုပညာရှင်တွေနဲ့လည်း တရင်းတနှီး တွေ့ ဆုံ ပြီး အတွေ့ အကြုံ တွေကို ဖလှယ်ဖြစ်ခဲ့ပါတယ်။ Emily Chan၊ Denkhun Ngamnet၊ James Jirayu ..အစရှိတဲ့ နာမည်ကြီး ဆယ်လီတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *