ကၽြန္ေတာ္သာ ဘာကာတာဝန္ရွိသူတစ္ေယာက္ဆိုရင္ မက္ဆီကို ဖူးဖူးမႈတ္ထားမယ္… (ဆာရီ)

ဘာစီလိုနာအသင္းမွာ မတည္မၿငိမ္ျဖစ္ေနတဲ့ အသင္းေခါင္းေဆာင္လီယြန္နယ္မက္ဆီဟာ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေရႊ႕ျဖစ္နိုင္တယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့ပါတယ္။ လီယြန္နယ္မက္ဆီနဲ႔ အားကစားဒါရိုက္တာအဘီဒယ္လ္တို႔ၾကား ကေတာက္ကဆေတြျဖစ္ပြားခဲ့ၿပီးေနာက္ မက္ဆီနဲ႔ပတ္သက္တဲ့ အေျပာင္းအေရႊ႕သတင္းေတြ ဆက္တိုက္ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ မက္ဆီနဲ႔ဘာစီလိုနာတို႔ရဲ့ စာခ်ဳပ္ပါသေဘာတူညီခ်က္အရ မက္ဆီဟာ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းေျပာင္းခြင့္ရမွာျဖစ္တာေၾကာင့္ သူ႔ကိုေစာင့္ၾကည့္ေနတဲ့အသင္းေတြရွိလာခဲ့ပါတယ္။

အဲဒီထဲက တစ္သင္းကေတာ့ ဂ်ဴဗင္တပ္စ္ပဲျဖစ္ပါတယ္။ ဒါဟာ ေကာလဟလသတင္းအဆင့္မွာပဲ ရွိေနေသးေပမယ့္ အီတလီသတင္းေထာက္ေတြကေတာ့ ဂ်ဴဗင္တပ္စ္နည္းျပဆာရီကို ဆက္သြယ္ေမးျမန္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဆာရီကေတာ့ ဒီကိစၥနဲ႔ပတ္သက္လို႔ မွတ္ခ်က္တစ္စုံတစ္ရာေပးဖို႔ ျငင္းဆန္သြားခဲ့ပါတယ္။

“လီယြန္နယ္မက္ဆီဟာ ဘာစီလိုနာကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ကၽြန္ေတာ္သာ ဘာစီလိုနာရဲ့ တာဝန္ရွိသူတစ္ေယာက္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ မက္ဆီလိုကစားသမားမ်ိဳးကို ဖူးဖူးမႈတ္ထားမွာပါ။ ဒါေပမယ့္ အခုေတာ့ သူက ကၽြန္ေတာ့္အသင္းကမဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီကိစၥနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္မေဆြးေႏြးခ်င္ပါဘူး”လို႔ ဆာရီက ပြင့္လင္းစြာ ေျပာၾကားခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ ထိပ္တန္းကစားသမားေတြကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူတဲ့ေနရာမွာ အေတာ္ေလးကို နာမည္ရေနတဲ့အသင္းတစ္သင္းျဖစ္တာေၾကာင့္လည္း ဒီအေျပာင္းအေရႊ႕ဟာ ေစာင့္ၾကည့္ခ်င္စရာျဖစ္ရပါတယ္။

တကယ္လို႔သာ ဒီအေျပာင္းအေရႊ႕တကယ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ဒီေန႔ေဘာလုံးကမၻာရဲ့ အေကာင္းဆုံးကစားသမား ၂ ေယာက္ျဖစ္တဲ့ မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ အတူတြဲကစားတာကို ပရိသတ္အားလုံး ေတြ႕ျမင္ခံစားရမွာျဖစ္ပါတယ္။ အခုလိုမ်ိဳး မက္ဆီနဲ႔ ဂ်ဴဗင္တပ္စ္တို႔ သတင္းေတြက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနခဲ့ေပမယ့္လည္း ဒီအေျပာင္းအေရႊ႕ဟာ အေကာင္အထည္ေပၚလာဖို႔ေတာ့ အခြင့္အလမ္းအေတာ္နည္းေနတယ္လို႔ ကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

unicode

ဘာစီလိုနာအသင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ လီယွန်နယ်မက်ဆီနဲ့ အားကစားဒါရိုက်တာအဘီဒယ်လ်တို့ကြား ကတောက်ကဆတွေဖြစ်ပွားခဲ့ပြီးနောက် မက်ဆီနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ဘာစီလိုနာတို့ရဲ့ စာချုပ်ပါသဘောတူညီချက်အရ မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ရမှာဖြစ်တာကြောင့် သူ့ကိုစောင့်ကြည့်နေတဲ့အသင်းတွေရှိလာခဲ့ပါတယ်။

အဲဒီထဲက တစ်သင်းကတော့ ဂျူဗင်တပ်စ်ပဲဖြစ်ပါတယ်။ ဒါဟာ ကောလဟလသတင်းအဆင့်မှာပဲ ရှိနေသေးပေမယ့် အီတလီသတင်းထောက်တွေကတော့ ဂျူဗင်တပ်စ်နည်းပြဆာရီကို ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဆာရီကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

“လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်သာ ဘာစီလိုနာရဲ့ တာဝန်ရှိသူတစ်ယောက်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ မက်ဆီလိုကစားသမားမျိုးကို ဖူးဖူးမှုတ်ထားမှာပါ။ ဒါပေမယ့် အခုတော့ သူက ကျွန်တော့်အသင်းကမဟုတ်ပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်မဆွေးနွေးချင်ပါဘူး”လို့ ဆာရီက ပွင့်လင်းစွာ ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ထိပ်တန်းကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတဲ့နေရာမှာ အတော်လေးကို နာမည်ရနေတဲ့အသင်းတစ်သင်းဖြစ်တာကြောင့်လည်း ဒီအပြောင်းအရွှေ့ဟာ စောင့်ကြည့်ချင်စရာဖြစ်ရပါတယ်။

တကယ်လို့သာ ဒီအပြောင်းအရွှေ့တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီနေ့ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးကစားသမား ၂ ယောက်ဖြစ်တဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့ အတူတွဲကစားတာကို ပရိသတ်အားလုံး တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ အခုလိုမျိုး မက်ဆီနဲ့ ဂျူဗင်တပ်စ်တို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပေမယ့်လည်း ဒီအပြောင်းအရွှေ့ဟာ အကောင်အထည်ပေါ်လာဖို့တော့ အခွင့်အလမ်းအတော်နည်းနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *