စိတ်ဝင်စားဖို့ ကောင်းလာတဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုတိုက်ပွဲ
၁။ ဂျေမီဗာဒီ (လက်စတာ) ၁၇ဂိုး
၂။ အူဘာမီယန်း (အာဆင်နယ်)၊ ဒန်နီအင့်စ် (ဆောက်သမ်တန်)၊ ဆာလက်၊ ရပ်ခ်ျဖိုဒ့် ၁၄ ဂိုး
unicode
လက်ရှိမှာတော့ ပရီးမီးယားလိဂ်ဟာ ပွဲစဉ် ၂၆ ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Winter Beeak ကြောင့် အသင်းတွေကို ခွဲကန်စေခဲ့ပြီး နားရက်တွေလည်း ရရှိခဲ့ကြပါတယ်။ ဒီနှစ်မှာ ချန်ပီယံဆုအတွက် အဖြေထွက်ပြီးသလောက်ဖြစ်ပေမယ့် ရွှေဖိနပ်ဆုကတော့ ပြိုင်ဆိုင်မှုပြင်းထန်ဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးအရနည်းလာပေမယ့် လက်စတာတိုက်စစ် က စား သ မား ဂျေမီဗာဒီဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် တန်းစီဇယားမှာတော့ ၁၇ ဂိုးနဲ့ ထိပ်ဆုံးကနေဦးဆောင်နေဆဲဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ ပြက္ခဒိန်တစ်နှစ်အတွင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၉ ဂိုးထိရခဲ့ပြီး အများဆုံးဖြစ်ခဲ့သူဗာဒီဟာ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးရရှိထားပြီး ရွှေဖိနပ်ဆုအတွက် ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဗာဒီကို အနီးစပ်ဆုံးလိုက်လံဖိအားပေးနေသူတွေကတော့ စံချိန်ကောင်းတွေအများကြီးချိုးဖျက်ထားတဲ့ မန်စီးတီးတိုက်စစ် က စား သ မား အဂူရိုဖြစ်ပါတယ်။ သူကတော့ ၁၆ ဂိုးအထိသွင်းပေးထားတာပဲဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဒန်နီအင့်စ်၊ ဆာလက်၊ အူဘာမီယန်းနဲ့ ရပ်ချ်ဖိုဒ့်တို့က ၁၄ ဂိုးစီသွင်းကာ ဖိအားပေးနေကြပါတယ်။ ဒီထဲကမှ ဆာလက်နဲ့ အူဘာမီယန်းဟာ ရွှေဖိနပ်ဆုကို စိန်ခေါ်ဖို့ အခွင့်အလမ်းများနေသူပါ။ ရပ်ချ်ဖိုဒ့်ကတော့ ဒဏ်ရာပြဿနာကြောင့် ထွက်ခွါရပြီဖြစ်ပါတယ်။ သူတို့ရဲ့နောက်မှာတော့ အေဗရာဟမ်က ၁၃ ဂိုးနဲ့ရှိနေပါတယ်။ အဲ့ဒီနောက်မှာတော့ အဲဗာတန်က ကော်လ်ဗက်လီဝင်၊ မန်စီးတီးရဲ့စတာလင်၊ စပါးတိုက်စစ်မှူးဟာရီကိန်းနဲ့ လီဗာပူးတောင်ပံကစားသမားမာနေးတို့က ၁၁ဂိုးစီနဲ့ လိုက်လံဖိအားပေးလျက်ရှိနေတာပံဖြစ်ပါတယ်။ ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းကိုတော့ အခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်။
၁။ ဂျေမီဗာဒီ (လက်စတာ) ၁ရဂိုး
၂။ အဂူရို (မန်စီးတီး ) ၁၆ ဂိုး
၂။ အူဘာမီယန်း (အာဆင်နယ်)၊ ဒန်နီအင့်စ် (ဆောက်သမ်တန်)၊ ဆာလက်၊ ရပ်ချ်ဖိုဒ့် ၁၄ ဂိုး
၄။ အက်ဘရာဟမ် (ချယ်လ်ဆီး) ၁၃ ဂိုး
၆။ စတာလင် (မန်စီးတီး)၊ မာနေး (လီဗာပူး)၊ ဟာရီကိန်း (စပါး) ကောလ်ဗက်လီဝင် (အဲဗာတန်) ၁၁ ဂိုး
Add a Comment
Your email address will not be published. Required fields are marked *