ဆာလာ အိုလံပစ္ ၿပိဳင္ပြဲကို မကစားပဲ ျငင္းပယ္မွာ စိုးရိမ္ေနတဲ့ အီဂ်စ္နည္းျပ

ဆာလာက အသက္ေက်ာ္ ကစားသမားအျဖစ္ အီဂ်စ္အသင္းရဲ့ အိုလံပစ္ လူစာရင္းမွာ ထည့္သြင္းျခင္းခံထားရတာ ျဖစ္ပါတယ္။

၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲအတြက္ အီဂ်စ္အသင္းက ပဏာမ ကစားသမား ၅၀ ဦးစာရင္းမွာ လီဗာပူး တိုက္စစ္ က စား သ မား ဆာလာကိုလည္း ထည့္သြင္းထားပါတယ္။

အသက္ ၂၃ ႏွစ္ေအာက္ၿပိဳင္ပြဲျဖစ္ေပမယ့္ စည္းမ်ဥ္းအရ အသက္ေက်ာ္ ကစားသမား၃ ဦးပါဝင္ခြင့္ရွိတာေၾကာင့္ အခုလို ဆာလာကို ထည့္သြင္းထားတာလည္း ျဖစ္ပါတယ္။

ဆာလာအေနနဲ႔ နိုင္ငံအသင္းရဲ့ ပဏာမစာရင္းမွာ ထည့္သြင္းျခင္းခံထားရေပမယ့္လည္း သူ႔ဖက္က ကစားခ်င္မွ သာ ျဖစ္မွာလို႔ အီဂ်စ္နည္းၿပ ေရွာ္ကီဂါရစ္ဘ္က Reuters သတင္းဌာနကိုေျပာသြားပါတယ္။

“ဆာလာ ကစားမယ္ မကစားဘူးဆိုတာ သူနဲ႔ သူ႔နည္းျပ၊သူ႔အသင္းပဲ ဆုံးျဖတ္ေပးနိုင္မွာပါ။ကၽြန္ေတာ္တို႔ဖက္က သူ႔ကို လုံးဝ ဖိအားေပးလို႔ မရပါဘူး။ကၽြန္ေတာ္ကေတာ့ အီဂ်စ္အသင္းအတြက္ အသင့္ေတာ္ဆုံး တိုက္စစ္မႉး ျဖစ္လို႔ထည့္သြင္းထားတာပါ။”လို႔ ေရွာ္ကီဂါရစ္ဘ္က ေျပာပါတယ္။

ဖီဖာရဲ့စည္းမ်ဥ္းအရ အိုလံပစ္ၿပိဳင္ပြဲအတြက္ နိုင္ငံအသင္းေတြကို ကလပ္အသင္းေတြက မျဖစ္မေန ကစားသမား ျပန္လည္ေစလႊတ္‌ေပးစရာမလိုပဲ ရွိေနတာပါ။

ဇူလိုင္ ၂၂ ကေန ဩဂုတ္ ၈ ရက္ေန႔အထိ ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕မွာ အိမ္ရွင္ က်င္းပျပဳလုပ္မယ့္ ၂၀၂၀ အိုလံပစ္ ၿပိဳင္ပြဲကို ဆာလာဝင္ၿပိဳင္လိုက္မယ္ဆိုရင္ ဩဂုတ္လမွာ ျပန္လည္စတင္မယ့္၂၀၂၀-၂၁ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ အစကို လီဗာပူးနဲ႔ ကစားခြင့္လြဲေခ်ာ္ရမွာပါ။

အီဂ်စ္အသင္းမွာ ဆာလာ ပါဝင္လာမလားမလာဘူးလားဆိုတာကိုေတာ့ အၿပီးသတ္ စာရင္းထုတ္ျပန္မယ့္ ဇြန္လမွ သာ သိနိုင္မွာပါ။

unicode

ဆာလာက အသက်ကျော် ကစားသမားအဖြစ် အီဂျစ်အသင်းရဲ့ အိုလံပစ် လူစာရင်းမှာ ထည့်သွင်းခြင်းခံထားရတာ ဖြစ်ပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် အီဂျစ်အသင်းက ပဏာမ ကစားသမား ၅၀ ဦးစာရင်းမှာ လီဗာပူး တိုက်စစ်မှူး ဆာလာကိုလည်း ထည့်သွင်းထားပါတယ်။

အသက် ၂၃ နှစ်အောက်ပြိုင်ပွဲဖြစ်ပေမယ့် စည်းမျဉ်းအရ အသက်ကျော် ကစားသမား၃ ဦးပါဝင်ခွင့်ရှိတာကြောင့် အခုလို ဆာလာကို ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

ဆာလာအနေနဲ့ နိုင်ငံအသင်းရဲ့ ပဏာမစာရင်းမှာ ထည့်သွင်းခြင်းခံထားရပေမယ့်လည်း သူ့ဖက်က ကစားချင်မှ သာ ဖြစ်မှာလို့ အီဂျစ်နည်းပြ ရှော်ကီဂါရစ်ဘ်က Reuters သတင်းဌာနကိုပြောသွားပါတယ်။

“ဆာလာ ကစားမယ် မကစားဘူးဆိုတာ သူနဲ့ သူ့နည်းပြ၊သူ့အသင်းပဲ ဆုံးဖြတ်ပေးနိုင်မှာပါ။ကျွန်တော်တို့ဖက်က သူ့ကို လုံးဝ ဖိအားပေးလို့ မရပါဘူး။ကျွန်တော်ကတော့ အီဂျစ်အသင်းအတွက် အသင့်တော်ဆုံး တိုက်စစ်မှူး ဖြစ်လို့ထည့်သွင်းထားတာပါ။”လို့ ရှော်ကီဂါရစ်ဘ်က ပြောပါတယ်။

ဖီဖာရဲ့စည်းမျဉ်းအရ အိုလံပစ်ပြိုင်ပွဲအတွက် နိုင်ငံအသင်းတွေကို ကလပ်အသင်းတွေက မဖြစ်မနေ ကစားသမား ပြန်လည်စေလွှတ်‌ပေးစရာမလိုပဲ ရှိနေတာပါ။

ဇူလိုင် ၂၂ ကနေ ဩဂုတ် ၈ ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အိမ်ရှင် ကျင်းပပြုလုပ်မယ့် ၂၀၂၀ အိုလံပစ် ပြိုင်ပွဲကို ဆာလာဝင်ပြိုင်လိုက်မယ်ဆိုရင် ဩဂုတ်လမှာ ပြန်လည်စတင်မယ့်၂၀၂၀-၂၁ ပရီးမီးယားလိဂ် ပြိုင်ပွဲ အစကို လီဗာပူးနဲ့ ကစားခွင့်လွဲချော်ရမှာပါ။

အီဂျစ်အသင်းမှာ ဆာလာ ပါဝင်လာမလားမလာဘူးလားဆိုတာကိုတော့ အပြီးသတ် စာရင်းထုတ်ပြန်မယ့် ဇွန်လမှ သာ သိနိုင်မှာပါ။

Add a Comment

Your email address will not be published. Required fields are marked *