ဒဏ်ရာအခြေအနေတွေနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်ဖွင့်ဟလာတဲ့ ပေါ့ဘာ
unicode
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားပေါ့ဘာက ၎င်းရဲ့ဒဏ်ရာအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ပထမဆူံးအကြိမ်ဝန်ခံစကားဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီရာသီမှာပေါ့ဘာဟာ ယူနိုက်တက်အတွက်(၅)ပွဲသာ ပွဲထွက်ပါဝင်ကစားထားရသေးတာဖြစ်ပြီးတော့၊ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ပေါ့ဘာက၎င်းရဲ့ အင်စတာဂရမ်စာမျက်နှာထက်မှာ ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာပေါ့ဘာက ကျွန်တော့်ရဲ့ဒဏ်ရာကိုခွဲစိတ်ပြီး (၄)ပတ်လောက်အကြာမှာတော့ ကျွန်တော်ကောင်းမွန်တဲ့ ခံစားချက်တွေကိုခံစားနေရပါပြီ ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းတွေပြုလုပ်နေတဲ့ ပုံကိုလည်းတင်ထားခဲ့ပါတယ်။
ပုံမှာလည်း ” ယူနိုက်တက်အတွက်ပြန်ကစားပေးနိုင်ဖို့မစောင့်နိုင်တော့ပါဘူး ” လို့ရေးသားထားခဲ့တာပါ။ ပေါ့ဘာဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်ဒီရာသီမှာ ယူနို်က်တက်ရဲ့ ပွဲစဉ်တော်တော်များများကို လွဲချော်နေခဲ့တာဖြစ်ပါတယ်။ အခုခါမှာတော့ ပေါ့ဘာဟာလေ့ကျင့်ခန်းတွေပြန်လည်ပြီးတော့ ပြုလုပ်နေပြီးတော့ ဒီလထဲမှာပဲ ယူနိုက်တက်အတွက်ပြန်လည်ပြီးတော့ ကစားနိုင်ဖွယ်ရှိနေတာပဲဖြစ်ပါတယ်။
ဂျုဗင်တပ်ကနေပြာင်းရွှေ့ကြေးပေါင် (၈၉)သန်းနဲ့ပြန်လည်ဝယ်ယူထားခဲ့တဲ့ ပေါ့ဘာဟာ ယူနိုက်တက်ကိုပြန်လည်ရောက်ရှိလာကတည်းက ယူနိုက်တက်အတွက်ကောင်းမွန်စွာခြေစွမ်းပြသနိုင်ခြင်းမရှိပဲ၊ ၎င်းရဲ့အပြုအမူတစ်ချို့ကြောင့် ယူနိုက်တက်ကိုဖျက်ဆီးနေတယ်လို့ ဝေဖန်မှုတွေရှိနေခဲ့ပြီးတော့ ပရိသတ်တွေအချို့ရဲငြိုငြင်မှုကိုခံနေရတဲ့ သူတစ်ယောက်လည်းပဲဖြစ်ပါတယ်။
ခ ရက် ဒစ် မန် ယူ နေ့ စဉ်
Add a Comment
Your email address will not be published. Required fields are marked *