ပရီးမီးယားလိဂ္ကစားသမားေတြက အျခားလိဂ္က ကစားသမားေတြထက္ ဒဏ္ရာျပႆနာ ပိုခံစားရ

၂၀၁၈ ဒီဇင္ဘာနဲ႔ ၂၀၁၉ ဇန္နဝါရီကာလ ပြဲေတြကို အေျခခံတြက္ခ်က္ထားတာ ျဖစ္ၿပီး ဒီကာလအတြင္းမွာ ပရီးမီးယားလိဂ္က ၁၀၉ ပြဲအထိ ကစားၿပီး အမ်ားဆုံးလို႔ သိရပါတယ္။

ပရီးမီးယားလိဂ္က ကစားသမားေတြက အျခားေသာ ဥေရာပ ထိပ္တန္းလိဂ္က ကစားသမားေတြထက္ ဒဏ္ရာၿပ ႆနာကို ပိုမိ ခံစားရတယ္လို႔ INDEPENDENT သတင္းဌာနက ေဖာ္ျပလာပါတယ္။

အခုစစ္တမ္းကိုေတာ့ Podiatry ေကာလိပ္က သုေတသန ပညာရွင္ေတြက စစ္တမ္းေကာက္ယူ ေဖာ္ျပလာတာ ျဖစ္ၿပီး အခုလို ေဆာင္းရာသီ အားလပ္ရပ္မွာ အျခားလိဂ္ေတြ နားခ်ိန္ ပရီးမီးယားလိဂ္က ကစားေနရျခင္းက ဒဏ္ရာရဖို႔ ပိုမို အေလးသာသလို ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ေကာလိပ္ရဲ့ အတိုင္ပင္ခံႏွင့္ခြဲစိတ္အထူးကု ဆရာဝန္ႀကီး ထရီဗာက – “ စစ္တမ္းေတြအရ ပရီးမီးယားလိဂ္ ကစားသမားေတြက အျခားလိဂ္က ကစားသမားေတြထက္ ဒဏ္ရာရေၿခ ပိုမ်ားေနတာပါ။ဒါေတြကေတ့ အရိုး၊အေၾကာနဲ႔ႂကြက္သားေတြအတြက္ ျပန္လည္ႀကံ့ခိုင္ သန္စြမ္းဖို႔ အခ်ိန္ပိုလိုတယ္ဆိုတာ ျပေနပါတယ္။”လို႔ ဆိုပါတယ္။

ပရီးမီးယားလိဂ္နည္းတူ ဘြန္ဒက္စ္လီဂါက ကစားသမားေတြကလည္း လာလီဂါနဲ႔ျပင္သစ္လီဂူးဝမ္းတို႔ထက္ ဒဏ္ရာ ရရွိမႈ ပိုမ်ားတယ္လို႔ ဆိုပါေသးတယ္။

အခု စစ္တမ္းကေတာ့ ၂၀၁၈ ဒီဇင္ဘာနဲ႔ ၂၀၁၉ ဇန္နဝါရီ ကာလေတြက ပ်မ္းမၽွ ၂.၄ ပြဲကို အေျခခံၿပီး တြက္ခ်က္ရာ မွာေတာ့ ၄၀ ရာခိုင္ႏႈန္းေလာက္က ဒဏ္ရာကိုယ္စီ ရွိေနၾကတာလို႔ သိရပါတယ္။

ဒီကာလအတြင္းမွာ ပရီးမီးယားက ၁၀၉ ပြဲအထိ ကစားထားၿပီး အျခားလိဂ္ေတြမွာေတာ့ လာလီဂါမွာ ပြဲ၈၀ ျပင္သစ္မ်ာ ၇၆ပြဲ၊ဂ်ာမနီမွာေတာ့ ၆၂ ပြဲပဲ ရွိေနတယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ ဥေရာပရဲ့ ထိပ္တန္းလိဂ္ ၅ ခုမွာ နားရက္ အနည္းဆုံးလိဂ္ျဖစ္ၿပီး ၿပိဳင္ဆိုင္မႈနဲ႔ ပရိသတ္ စိတ္ဝင္စားမႈ အမ်ားဆုံးလည္း ျဖစ္ပါတယ္။

ခရစၥမတ္ကာလေတြမွာ အျခားေသာ လိဂ္ေတြ နားရက္ရေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ မရွိပါဘူး။အလားတူ ေဆာင္းရာသီ အားလပ္ရက္ကိုလည္းဒီႏွစ္မွ စတင္ၿပီး ၂ ပတ္ေပးေပမယ့္ အသင္းတိုင္း ၂ ပတ္အျပည့္ မရၾကပါဘူး။

unicode

၂၀၁၈ ဒီဇင်ဘာနဲ့ ၂၀၁၉ ဇန်နဝါရီကာလ ပွဲတွေကို အခြေခံတွက်ချက်ထားတာ ဖြစ်ပြီး ဒီကာလအတွင်းမှာ ပရီးမီးယားလိဂ်က ၁၀၉ ပွဲအထိ ကစားပြီး အများဆုံးလို့ သိရပါတယ်။

ပရီးမီးယားလိဂ်က ကစားသမားတွေက အခြားသော ဥရောပ ထိပ်တန်းလိဂ်က ကစားသမားတွေထက် ဒဏ်ရာပြ ဿနာကို ပိုမိ ခံစားရတယ်လို့ INDEPENDENT သတင်းဌာနက ဖော်ပြလာပါတယ်။

အခုစစ်တမ်းကိုတော့ Podiatry ကောလိပ်က သုတေသန ပညာရှင်တွေက စစ်တမ်းကောက်ယူ ဖော်ပြလာတာ ဖြစ်ပြီး အခုလို ဆောင်းရာသီ အားလပ်ရပ်မှာ အခြားလိဂ်တွေ နားချိန် ပရီးမီးယားလိဂ်က ကစားနေရခြင်းက ဒဏ်ရာရဖို့ ပိုမို အလေးသာသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကောလိပ်ရဲ့ အတိုင်ပင်ခံနှင့်ခွဲစိတ်အထူးကု ဆရာဝန်ကြီး ထရီဗာက – “ စစ်တမ်းတွေအရ ပရီးမီးယားလိဂ် ကစားသမားတွေက အခြားလိဂ်က ကစားသမားတွေထက် ဒဏ်ရာရခြေ ပိုများနေတာပါ။ဒါတွေကတေ့ အရိုး၊အကြောနဲ့ကြွက်သားတွေအတွက် ပြန်လည်ကြံ့ခိုင် သန်စွမ်းဖို့ အချိန်ပိုလိုတယ်ဆိုတာ ပြနေပါတယ်။”လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်နည်းတူ ဘွန်ဒက်စ်လီဂါက ကစားသမားတွေကလည်း လာလီဂါနဲ့ပြင်သစ်လီဂူးဝမ်းတို့ထက် ဒဏ်ရာ ရရှိမှု ပိုများတယ်လို့ ဆိုပါသေးတယ်။

အခု စစ်တမ်းကတော့ ၂၀၁၈ ဒီဇင်ဘာနဲ့ ၂၀၁၉ ဇန်နဝါရီ ကာလတွေက ပျမ်းမျှ ၂.၄ ပွဲကို အခြေခံပြီး တွက်ချက်ရာ မှာတော့ ၄၀ ရာခိုင်နှုန်းလောက်က ဒဏ်ရာကိုယ်စီ ရှိနေကြတာလို့ သိရပါတယ်။

ဒီကာလအတွင်းမှာ ပရီးမီးယားက ၁၀၉ ပွဲအထိ ကစားထားပြီး အခြားလိဂ်တွေမှာတော့ လာလီဂါမှာ ပွဲ၈၀ ပြင်သစ်မျာ ၇၆ပွဲ၊ဂျာမနီမှာတော့ ၆၂ ပွဲပဲ ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ကတော့ ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ နားရက် အနည်းဆုံးလိဂ်ဖြစ်ပြီး ပြိုင်ဆိုင်မှုနဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံးလည်း ဖြစ်ပါတယ်။

ခရစ္စမတ်ကာလတွေမှာ အခြားသော လိဂ်တွေ နားရက်ရပေမယ့် ပရီးမီးယားလိဂ်မှာတော့ မရှိပါဘူး။အလားတူ ဆောင်းရာသီ အားလပ်ရက်ကိုလည်းဒီနှစ်မှ စတင်ပြီး ၂ ပတ်ပေးပေမယ့် အသင်းတိုင်း ၂ ပတ်အပြည့် မရကြပါဘူး။

Add a Comment

Your email address will not be published. Required fields are marked *