ဖီဖာအရည္အခ်င္းစစ္သင္တန္းကို က်ရႈံးခဲ့တဲ့ ပရီးမီးယားလိဂ္ဒိုင္လူႀကီးမ်ား

ယူရို ၂၀၂၀ ၿပိဳင္ပြဲအတြက္ ျပင္ဆင္မႈအခ်ိဳ႕ျပဳလုပ္ေနခဲ့တာပါ။

ပရီးမီးယားလိဂ္ကြင္းလယ္ဒိုင္မ်ားရဲ့ မွားယြင္းစြာဆုံးျဖတ္မႈမ်ားေၾကာင့္ ေဝဖန္မႈမ်ားရွိေနခဲ့တဲ့တိုင္ ကြင္းလယ္ဒိုင္ အခ်ိဳ႕အေနနဲ႔ ဖီဖာရဲ့အရည္အခ်င္းစစ္သင္တန္းကို က်ရႈံးခဲ့ၿပီး အရည္အခ်င္းမမီခဲ့တဲ့အတြက္ေဝဖန္မႈမ်ားကိုပိုၿပီး ရင္ဆိုင္ေနရတယ္လို႔ skysports ရဲ့ေဖာ္ျပခ်က္အရ သိရပါတယ္။

အက္ဖ္ေအလက္ေအာက္ရွိ ပရီးမီးယားလိ္ဂ္ဒိုင္လူႀကီးေကာ္မတီရဲ့ အေထြေထြမန္ေနဂ်ာရာထူးကို ရယူထားတဲ့ မိုက္ခ္ရီေလးအေနနဲ႔ လက္ရွိပရီးမီးယားလိဂ္ကြင္းလယ္ဒိုင္မ်ားအေပၚ ဖီဖာကခ်မွတ္ထားတဲ့ အရည္အခ်င္းစစ္တ မ္းမ်ားနဲ႔အတူ စစ္ေဆးခဲ့ၿပီးေနာက္ အခုလို,လိုအပ္ခ်က္ေတြရွိလာခဲ့တာလည္းျဖစ္ပါတယ္။

သတင္းေဖာ္ျပမႈေတြအရ ပရီးမီးယားလိဂ္ကြင္းလယ္ဒိုင္လူႀကီးေတြျဖစ္တဲ့ ေဒးဗစ္ကူတီ၊ အန္ဒီမက္ဒ္ေလတို႔ေအ နနဲ႔ ႀကံ့ခိုင္မႈပိုင္းလိုအပ္ခ်က္ရွိေနခဲ့ၿပီး ဖီဖာကသတ္မွတ္ထားတဲ့ စံခ်ိန္ကို လိုက္မမီတဲ့အတြက္ အခုလိုမ်ိဳးေဝဖန္ ခံေနရတာလည္းျဖစ္ပါတယ္။

Dailymail ရဲ့ေဖာ္ျပခ်က္အရ ဖီဖာရဲ့ ဒိုင္လူႀကီးစံခ်ိန္စံညႊန္းကို လို္က္မမီခဲ့တဲ့ ေဒးဗစ္ကူတီ၊ အန္ဒီမက္ဒ္ေလတို႔ အေနနဲ႔ ပရီးမီးယားလိဂ္ဒိုင္လူႀကီးရာထူးကို ႐ုတ္သိမ္းခံရနိုင္ၿပီး ဖီဖာအသိအမွတ္ျပဳကြင္းလယ္ဒိုင္အျဖစ္မွလည္း ႐ုတ္သိမ္းခံရဖြယ္ရွိေနခဲ့တယ္လို႔ အခို္င္အမာသတင္းေဖာ္ျပမႈမ်ားရွိေနခဲ့ပါတယ္။

VAR စနစ္ကိုအသုံးျပဳေနၿပီျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ဒိုင္လူႀကီးအခ်ိဳ႕ရဲ့ လူသားဆန္တဲ့ဆုံးျဖတ္ခ်က္အမွားအ ယြင္းမ်ားကို ပရိသတ္အမ်ားစုက ေဝဖန္ေနၾကဆဲျဖစ္ၿပီး အရည္အခ်င္းမမီတဲ့ ကြင္းလယ္ဒိုင္ေတြေၾကာင့္ ၂၀၁၈ ကမၻာ့ဖလားမွာ အဂၤလန္ကြင္းလယ္ဒိုင္ေတြမပါဝင္နိုင္ခဲ့ျခင္းျဖစ္တယ္လို႔ သုံးသတ္မွတ္ခ်က္ျပဳမႈမ်ားလည္းထြက္ ေပၚလာခဲ့ပါတယ္။

unicode

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ပြင်ဆင်မှုအချို့ပြုလုပ်နေခဲ့တာပါ။

ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်များရဲ့ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် ဝေဖန်မှုများရှိနေခဲ့တဲ့တိုင် ကွင်းလယ်ဒိုင် အချို့အနေနဲ့ ဖီဖာရဲ့အရည်အချင်းစစ်သင်တန်းကို ကျရှုံးခဲ့ပြီး အရည်အချင်းမမီခဲ့တဲ့အတွက်ဝေဖန်မှုများကိုပိုပြီး ရင်ဆိုင်နေရတယ်လို့ skysports ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အက်ဖ်အေလက်အောက်ရှိ ပရီးမီးယားလိ်ဂ်ဒိုင်လူကြီးကော်မတီရဲ့ အထွေထွေမန်နေဂျာရာထူးကို ရယူထားတဲ့ မိုက်ခ်ရီလေးအနေနဲ့ လက်ရှိပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်များအပေါ် ဖီဖာကချမှတ်ထားတဲ့ အရည်အချင်းစစ်တ မ်းများနဲ့အတူ စစ်ဆေးခဲ့ပြီးနောက် အခုလို,လိုအပ်ချက်တွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုတွေအရ ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်လူကြီးတွေဖြစ်တဲ့ ဒေးဗစ်ကူတီ၊ အန်ဒီမက်ဒ်လေတို့အေ နနဲ့ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိနေခဲ့ပြီး ဖီဖာကသတ်မှတ်ထားတဲ့ စံချိန်ကို လိုက်မမီတဲ့အတွက် အခုလိုမျိုးဝေဖန် ခံနေရတာလည်းဖြစ်ပါတယ်။

Dailymail ရဲ့ဖော်ပြချက်အရ ဖီဖာရဲ့ ဒိုင်လူကြီးစံချိန်စံညွှန်းကို လို်က်မမီခဲ့တဲ့ ဒေးဗစ်ကူတီ၊ အန်ဒီမက်ဒ်လေတို့ အနေနဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီးရာထူးကို ရုတ်သိမ်းခံရနိုင်ပြီး ဖီဖာအသိအမှတ်ပြုကွင်းလယ်ဒိုင်အဖြစ်မှလည်း ရုတ်သိမ်းခံရဖွယ်ရှိနေခဲ့တယ်လို့ အခို်င်အမာသတင်းဖော်ပြမှုများရှိနေခဲ့ပါတယ်။

VAR စနစ်ကိုအသုံးပြုနေပြီဖြစ်ပေမယ့် ပရီးမီးယားလိဂ်ဒိုင်လူကြီးအချို့ရဲ့ လူသားဆန်တဲ့ဆုံးဖြတ်ချက်အမှားအ ယွင်းများကို ပရိသတ်အများစုက ဝေဖန်နေကြဆဲဖြစ်ပြီး အရည်အချင်းမမီတဲ့ ကွင်းလယ်ဒိုင်တွေကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကွင်းလယ်ဒိုင်တွေမပါဝင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သုံးသတ်မှတ်ချက်ပြုမှုများလည်းထွက် ပေါ်လာခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *