မန်စီးတီးရဲ့အမှားတစ်ခုကြောင့် ဆန်ချိုကို ခေါ်ယူဖို့ပိုမိုလွယ်ကူနေတဲ့ မန်ယူနိက်တဒ်




ဆန္ခိုအတြက်ျေပာင်းရွှေ့ကြေးက ပေါင်သန်း၁၂၀ ဝန်းက်င္က်သင့်နိုင်ပြီး လုပ္ခလစာအေနနဲ့ တစ္ပတ္လုပ္ခ ပေါင်၂သိန်း ပေးခ်ေဖို့သေဘာတူထားတယ္လို့သိရပါတယ်။ ဆန္ခို ကို ခေါ်ယူခ်င္တဲ့ လီဗာပူလ်း က ပြဲထြက္ခြင့်အာမခံခ်က္မရွိသလို၊ခ်ဲလ္ဆီးအသင်းကလည်းျေပာင်းရွှေ့ကြေး မ်ာျးပားတာကြောင့္လက်လွော့်ခဲ့လို့ လက်ရွိမွာ မန်ယူနိက္တဒ် တစ်သင်းတည်းကသာ ဆန္ခို အတြက် ပြိုင္ဘက္မရွိ ကြိုးစားနေတျာဖစ္ပါတယ်။

Unicode

လာမယ့်နွေရာသီမှာ အသင်းရဲ့နံပါ တ်တစ်ပစ်မှတ်ဖြစ်ပြီး အဓိကခေါ်ယူမယ့်ကစားသမားဖြစ်တဲ့ဂျေဒန်ဆန်ချို အတွက် တစ်သင်းတည်းပြေးနေတဲ့ ယူနိက်တဒ် က မြို့ခံပြိုင်ဘက် မန်စီးတီး ရဲ့ အမှားယွင်းကြောင့် ယခုလို ပိုမိုသာလွန်တဲ့အခြေနေကိုရောက်ရှိနေတာလို့သိရပါတယ်။အစောပိုင်းကာလတွေမှာ ဆန်ချို ကို လီဗာပူလ်း၊ချဲလ်ဆီး တို့ကလည်း လိုက်လံခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် ဒေါ့မွန်အသင်းရဲ့ခေါ်ဈေးအပြင် ကစားသမားကိုယ်တိုင်က ယူနိက်တဒ်ကိုသာပြောင်းရွှေ့ချင်တာကြောင့် အသင်းတိုင်းကလက်လျှော့ခဲ့ရတာလို့သိရပါတယ်။

မန်စီးတီးအသင်းက ရီးရဲမက်ဒရစ်ကိုရောင်းချခဲ့တဲ့ ဒီးယဇ် အပြောင်းရွှေ့မှာ မန်ချက်စတာမြို့ခံပြိုင်ဘက် ကို ရောင်းချခဲ့ရင် အပြောင်းရွှေ့ရဲ့ ၄၀% အထိ ပြန်ပေးရမယ်လို့ သတ်မှတ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်က ဒေါ့မွန်ကိုပြောင်းရွှေ့သွားတဲ့ဆန်ချို အပြောင်းရွှေ့မှာတော့ စာချုပ်လျော်ကြေး ထည့်မသွင်းမိခဲ့တာဖြစ်ပါတယ်။မန်ယူနိက်တဒ်ကို ရောင်းချခွင့်တားဆီးထားခြင်းမရှိတာကြောင့် ဒေါ့မွန်အနေနဲ့ ဆန်ချို အပြောင်းရွှေ့မှာ စိတ်တိုင်းကျကစားခွင့်ရသလို မန်ယူနိက်တဒ်နဲ့လည်း လွပ်လပ်စွာညှိနှိုင်းခွင့်ရခဲ့တာကြောင့် ယခုလို တစ်သင်းတည်းပြေးတဲ့အသင်းအဖြစ်ရပါတည်ခွင့်ရတာခဲ့တာလည်းဖြစ်ပါတယ်။

ဆန်ချိုကိုပြီးခဲ့‌တဲ့နွေရာသီထဲက ကြီးမားတဲ့ကမ်းလှမ်းချက်တွေနဲ့ ယူနိက်တဒ် ဖက်ကကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်အသင်း ဖက်က တစ်ရာသီဆက်ထိန်းထားလိုတာကြောင့် လက်လွှတ်ခဲ့ရပါတယ်။ယခုရာသီမှာတော့ ဆန်ချို ကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ကိုသာဖိအားပေးနေပြီး မန်ယူနိက်တဒ် တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံပြီးဖြစ်တာကြောင့် လာမယ့်ရာသီမှာ အဂ်လန်ကိုပြန်လည်ပြောင်းရွှေ့တော့မယ်လို့ ဆိုပါတယ်။

ဆန္ခ်ိုအတြက်ေျပာင်းရွှေ့ကြေးက ပေါင်သန်း၁၂၀ ဝန်းက်င္က်သင့်နိုင်ပြီး လုပ္ခလစာအေနနဲ့ တစ္ပတ္လုပ္ခ ပေါင်၂သိန်း ပေးခေ်ဖို့သေဘာတူထားတယ္လို့သိရပါတယ်။ ဆန္ခ်ို ကို ခေါ်ယူခ်င္တဲ့ လီဗာပူလ်း က ပြဲထြက္ခြင့်အာမခံခ်က္မရွိသလို၊ခ်ဲလ္ဆီးအသင်းကလည်း ေျပာင်းရွှေ့ကြေး မ်ားျပားတာကြောင့္လက်လွေ်ာ့ခဲ့လို့ လက်ရွိမွာ မန်ယူနိက္တဒ် တစ်သင်းတည်းကသာ ဆန္ခ်ို အတြက် ပြိုင္ဘက္မရွိ ကြိူးစားနေတာျဖစ္ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *