မာစီရယ္နဲ႔ပတ္သက္ၿပီး ဆိုးလ္ရွားကိုအၾကံေပးလိုက္တဲ့ အဂၤလန္နည္းျပေဟာင္း

အဂၤလန္နည္းျပေဟာင္းျဖစ္သူ မက္ကလာရင္ကေတာ့ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ မာစီယယ္ၾကဳံေတြေနရတဲ့ ျပသနာနဲ႔ပတ္သက္ၿပီး ဆိုးလ္ရွားကို တိုက္တြန္းအၾကံေပးသြားခဲ့ပါတယ္။ မာစီယယ္ဟာ ရပ္ဖို႔ဒ္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ပြဲစဥ္ေတြတြင္ စြမ္းေဆာင္ရည္က်ဆင္းခဲ့ၿပီး ေ၀ဖန္မႈေတြ အမ်ားအျပားျဖင့္ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ မာစီရယ္ဟာ တိုက္စစ္ လူကာကူအသင္းကေန ထြက္ခြားသြားခဲ့တဲ့ေနာက္ အေထာင္တိုက္စစ္းေနရာမွာ အဓိ ကစားေနရတာျဖစ္ပါတယ္။ မက္ကလာရင္က ဆိုးလ္ရွားအေနျဖင့္ မာစီယယ္ရဲ႕အေကာင္းဆုံး တည္ေနရာကို ရွာေဖြ အသုံးျပဳသြားဖို႔ အၾကံေပးသြားခဲ့တာပါ ။ အေထာင္တိုက္စစ္းေနရာဟာ မာစီရယ္ရဲ႕ေနရာမဟုတ္ပဲ အဲဒိေနရာမွာ မကစားသင့္ဘူးလို႔ မက္ကလာရင္က ယုံၾကည္ေနတာပဲျဖစ္ပါတယ္။

” မာစီရယ္က နံပါတ္ ၉ မဟုတ္ဘူးဗ်။ သူက တိုက္စစ္ က စား သ မား မဟုတ္ဘူးေလ။ သူ႔ရဲ႕ဂိုးေတြအားလုံးရဲ႕အေကာင္းဆုံး အခိုက္အတန္႔ေတြက ဘယ္ျခမ္းက လာတာပါ။သူဟာ ဘယ္ျခမ္းရဲ႕အတြင္းနဲ႔အျပင္မွာ ကစားႏိုင္ပါတယ္။ ဒါေပမယ့္ အေထာင္တိုက္စစ္မႈးအျဖစ္နဲ႔ေတာ့ မကစားႏိုင္ပါဘူး။” ဟု မက္ကလာရင္က မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

မာစီရယ္ဟာ ၂၀၁၅ ခုႏွစ္ကတည္းက အိုးထရက္ဖို႔ဒ္သို႔ေရာက္ရွိခဲ့တာျဖစ္ၿပီး ေမာ္ရင္ဟိုလက္ထက္တုန္းကလည္း နည္းျပနဲ႔အဆင္မေျပမႈေတြေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ရရွိဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ဆိုးလ္ရွားလက္ထက္မွာေတာ့ ပြဲတိုင္း ပါ၀င္ကစားခဲ့ရေပမယ့္ ပရိသတ္ေတြ ေမ်ာ္မွန္းထားသေလာက္ ေျခစြမ္းျပသႏိုင္ျခင္းမရွိေသးပါဘူး။ ဆိုးလ္ရွားကေတာ့ မာစီရယ္ ေျခစြမ္းမျပႏိုင္တာနဲ႔ပတ္သက္ၿပီး ပြဲပန္းေနတာေၾကာင့္လို႔ ကာကြယ္ေျပာသြားခဲ့ပါေသးတယ္။ ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ တိုက္စစ္မႈးအီဂါလိုနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကို ေခၚယူအားျဖည့္ႏိုင္ခဲ့ပါတယ္။ ဆက္လက္ၿပီး မက္ကလာရင္ဟာ ဆိုးလ္ရွားရဲ႕လူစာရင္းက ေတာင္းတင္းမႈရွိေနတယ္လို႔လည္း ယုံၾကည္ေနပါတယ္။

” ပထမဆုံးအလုပ္အေနနဲ႔ ေခါင္းေဆာင္ႏိုင္တဲ့ ကစားသမားေတြကို ရဖို႔ပါ။သူတို႔ေတြက ကြင္းထဲမွာေကာ ေလ့က်င့္ေရးကြင္းမွာပါ ေခါင္းေဆာင္ႏိုင္စြမ္းရွိသူေတြျဖစ္ရပါမယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေလ့က်င့္ကြင္းမွာ ညီညႊတ္မႈ မရွိရင္ ကြင္းထဲက စြမ္းေဆာင္ရည္မွာလည္း မညီမညႊတ္ ျဖစ္ေနမွာပါပဲ။ တနလၤာကေန ေသာၾကာေန႔အထိ ေလ့က်င့္ကြင္းမွာ ညီညႊတ္ေနဖုိ႔ ဆုိရင္ ေခါင္းေဆာင္ေတြရဲ႕ ေအာက္မွာ ခ်ထားတဲ့ စံႏႈန္းေတြအတုိင္း စုစုစည္းစည္း ေလ့က်င့္ေနဖုိ႔ လုိပါတယ္” ဟု မက္ကလာရင္က ေျပာသြားခဲ့ပါတယ္။

Unicode

အင်္ဂလန်နည်းပြဟောင်းဖြစ်သူ မက်ကလာရင်ကတော့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ် မာစီယယ်ကြုံတွေနေရတဲ့ ပြသနာနဲ့ပတ်သက်ပြီး ဆိုးလ်ရှားကို တိုက်တွန်းအကြံပေးသွားခဲ့ပါတယ်။ မာစီယယ်ဟာ ရပ်ဖို့ဒ်ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ပွဲစဉ်တွေတွင် စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး ဝေဖန်မှုတွေ အများအပြားဖြင့် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မာစီရယ်ဟာ တိုက်စစ် လူကာကူအသင်းကနေ ထွက်ခွားသွားခဲ့တဲ့နောက် အထောင်တိုက်စစ်းနေရာမှာ အဓိ ကစားနေရတာဖြစ်ပါတယ်။ မက်ကလာရင်က ဆိုးလ်ရှားအနေဖြင့် မာစီယယ်ရဲ့အကောင်းဆုံး တည်နေရာကို ရှာဖွေ အသုံးပြုသွားဖို့ အကြံပေးသွားခဲ့တာပါ ။ အထောင်တိုက်စစ်းနေရာဟာ မာစီရယ်ရဲ့နေရာမဟုတ်ပဲ အဲဒိနေရာမှာ မကစားသင့်ဘူးလို့ မက်ကလာရင်က ယုံကြည်နေတာပဲဖြစ်ပါတယ်။

” မာစီရယ်က နံပါတ် ၉ မဟုတ်ဘူးဗျ။ သူက တိုက်စစ် က စား သ မား မဟုတ်ဘူးလေ။ သူ့ရဲ့ဂိုးတွေအားလုံးရဲ့အကောင်းဆုံး အခိုက်အတန့်တွေက ဘယ်ခြမ်းက လာတာပါ။သူဟာ ဘယ်ခြမ်းရဲ့အတွင်းနဲ့အပြင်မှာ ကစားနိုင်ပါတယ်။ ဒါပေမယ့် အထောင်တိုက်စစ်မှုးအဖြစ်နဲ့တော့ မကစားနိုင်ပါဘူး။” ဟု မက်ကလာရင်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

မာစီရယ်ဟာ ၂၀၁၅ ခုနှစ်ကတည်းက အိုးထရက်ဖို့ဒ်သို့ရောက်ရှိခဲ့တာဖြစ်ပြီး မော်ရင်ဟိုလက်ထက်တုန်းကလည်း နည်းပြနဲ့အဆင်မပြေမှုတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဆိုးလ်ရှားလက်ထက်မှာတော့ ပွဲတိုင်း ပါဝင်ကစားခဲ့ရပေမယ့် ပရိသတ်တွေ မျော်မှန်းထားသလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိသေးပါဘူး။ ဆိုးလ်ရှားကတော့ မာစီရယ် ခြေစွမ်းမပြနိုင်တာနဲ့ပတ်သက်ပြီး ပွဲပန်းနေတာကြောင့်လို့ ကာကွယ်ပြောသွားခဲ့ပါသေးတယ်။ ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှုးအီဂါလိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး မက်ကလာရင်ဟာ ဆိုးလ်ရှားရဲ့လူစာရင်းက တောင်းတင်းမှုရှိနေတယ်လို့လည်း ယုံကြည်နေပါတယ်။

” ပထမဆုံးအလုပ်အနေနဲ့ ခေါင်းဆောင်နိုင်တဲ့ ကစားသမားတွေကို ရဖို့ပါ။သူတို့တွေက ကွင်းထဲမှာကော လေ့ကျင့်ရေးကွင်းမှာပါ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေဖြစ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ လေ့ကျင့်ကွင်းမှာ ညီညွှတ်မှု မရှိရင် ကွင်းထဲက စွမ်းဆောင်ရည်မှာလည်း မညီမညွှတ် ဖြစ်နေမှာပါပဲ။ တနင်္လာကနေ သောကြာနေ့အထိ လေ့ကျင့်ကွင်းမှာ ညီညွှတ်နေဖို့ ဆိုရင် ခေါင်းဆောင်တွေရဲ့ အောက်မှာ ချထားတဲ့ စံနှုန်းတွေအတိုင်း စုစုစည်းစည်း လေ့ကျင့်နေဖို့ လိုပါတယ်” ဟု မက်ကလာရင်က ပြောသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *