မာလာဂါကို ေရာက္ဖို႔ နီးစပ္ခဲ့ဖူးတဲ့ ေရာ္နယ္ဒို

မာလာဂါအသင္းက ေရာ္နယ္ဒိုကိုသတ္မွတ္ခဲ့တဲ့ ယူရို ၃.၅ သန္းကို မေပးေခ်နိုင္လို႔ ကစားသမားေကာင္းကို လက္လႊတ္ခဲ့ရတယ္လို႔ေဘာလုံးကင္းေထာက္ ရီကြန္က ဆိုပါတယ္။

ေရာ္နယ္ဒို ယူနိုက္တက္ကို မေရာက္ခင္တုန္းက စပိန္ကလပ္ မာလာဂါအသင္းကို ယူရို ၂ သန္းတည္းနဲ႔ ေျပာင္းေရႊ႕ ဖို႔ အေျခအေနတစ္ခု ျဖစ္ခဲ့ေသးတယ္လို႔ အဲ့ဒီအခ်ိန္တုန္းက ေဘာလုံးကင္းေထာက္ ကားလို႔စ္ရီကြန္က ေျပာလာခဲ့ တယ္လို႔ Goal.com က ေဖာ္ျပလာပါတယ္။

၂၀၀၂ ခုႏွစ္တုန္းက ဒိန္းမတ္မွာလုပ္တဲ့ ဥေရာပ ယူ-၁၇ ၿပိဳင္ပြဲကို မာလာဂါ ေဘာလုံးကင္းေထာက္အဖြဲ႕ သြားၾကည့္စဥ္မွာ ေရာ္နယ္ဒိုကို ေတြ႕ခဲ့တာလို႔ ရီကြန္က ဆိုပါတယ္။

“ အဲ့တုန္းက ခရစၥတီယာနိုက တကယ္ကို ငယ္ရြယ္ႀကံ့ခိုင္ၿပီး ေဘာလုံးကို ပိုင္ပိုင္နိုင္နိုင္ ထိန္းသိမ္း ကစားနိုင္စြမ္းရွိတာ ျမင္ခဲ့ရပါတယ္။တကယ္ပါ အသင္းဥကၠဌနဲ႔အတူ ကၽြန္ေတာ္တို႔ ေခၚယူနိုင္မယ္လို႔ထိ ယုံၾကည္ ခဲ့ဖူးပါတယ္။ေရာ္နယ္ဒိုအတြက္ သူ႔ေအးဂ်င့္ ေဂ်ာ့စ္မန္ဒက္စ္နဲ႔ ေတြ႕ခဲ့ပါတယ္။သူ႔အတြက္ ယူရို ၁.၅ သန္းေပးေပမယ့္ သူ႔တန္ေၾကးကို ၃.၅သန္း သတ္မွတ္ထားခဲ့တာပါ။ကၽြန္ေတာ္တို႔ ဒီပမာဏကို မမီနိုင္ေတာ့လို႔ ကစားသမားေကာင္းကို ဆုံးရႈံးခဲ့ရတာပါ။”လို႔ ရီကြန္က ေျပာခဲ့တာပါ။

ရီကြန္က ေရာ္နယ္ဒိုအေနနဲ႔ယူနိုက္တက္ကို ေရာက္သြားခ်ိန္မွာ ဖာဂူဆန္က သူ႔အတြက္ ေဘာလုံး ဖခင္ႀကီး ျဖစ္ခဲ့ၿပီး သူ႔အတြက္လည္း ယူနိုက္တက္က အေကာင္းဆုံး အသင္း ျဖစ္ခဲ့တယ္လို႔ သုံးသပ္ခဲ့ပါေသးတယ္။

အလားတူ ေရာ္နယ္ဒို အခုခ်ိန္မွာ ‌ေအာင္ျမင္ေနတာကို ၾကည့္ၿပီး မအံ့ဩပဲ ဒါဟာ အရင္ခ်ိန္တုန္းကတည္းက ကစားသမားတစ္ေယာက္ဟာ ႀကံ့ခိုင္မႈ ဘယ္ေလာက္အေရးပါလဲဆိုတာ ျပသခဲ့ဖူးတာေၾကာင့္လို႔လည္း ဆိုပါတယ္။

ေရာ္နယ္ဒိုဟာ ယူနိုက္တက္မွာ ၆ ရီးရဲမက္ဒရစ္မွာ ၉ ႏွစ္ကစားခဲ့အၿပီးလက္ရွိမွာေတာ့ ဂ်ဴဗင္တပ္အသင္းနဲ႔ အတူ ၂ ရာသီေျမာက္ ျဖတ္သန္းေနပါတယ္။

ကစားသမားဘဝတစ္ေလၽွာက္မွာေတာ့ ဘလြန္းဒီေအာဆု ၅ ႀကိမ္အပါအဝင္ အသင္းလိုက္ေရာ တစ္ဦးခ်င္းပါ ဆုတံဆိပ္ေပါင္းမ်ားစြာ ရရွိထားသူပါ။

unicode

မာလာဂါအသင်းက ရော်နယ်ဒိုကိုသတ်မှတ်ခဲ့တဲ့ ယူရို ၃.၅ သန်းကို မပေးချေနိုင်လို့ ကစားသမားကောင်းကို လက်လွှတ်ခဲ့ရတယ်လို့ဘောလုံးကင်းထောက် ရီကွန်က ဆိုပါတယ်။

ရော်နယ်ဒို ယူနိုက်တက်ကို မရောက်ခင်တုန်းက စပိန်ကလပ် မာလာဂါအသင်းကို ယူရို ၂ သန်းတည်းနဲ့ ပြောင်းရွှေ့ ဖို့ အခြေအနေတစ်ခု ဖြစ်ခဲ့သေးတယ်လို့ အဲ့ဒီအချိန်တုန်းက ဘောလုံးကင်းထောက် ကားလို့စ်ရီကွန်က ပြောလာခဲ့ တယ်လို့ Goal.com က ဖော်ပြလာပါတယ်။

၂၀၀၂ ခုနှစ်တုန်းက ဒိန်းမတ်မှာလုပ်တဲ့ ဥရောပ ယူ-၁၇ ပြိုင်ပွဲကို မာလာဂါ ဘောလုံးကင်းထောက်အဖွဲ့ သွားကြည့်စဉ်မှာ ရော်နယ်ဒိုကို တွေ့ခဲ့တာလို့ ရီကွန်က ဆိုပါတယ်။

“ အဲ့တုန်းက ခရစ္စတီယာနိုက တကယ်ကို ငယ်ရွယ်ကြံ့ခိုင်ပြီး ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်း ကစားနိုင်စွမ်းရှိတာ မြင်ခဲ့ရပါတယ်။တကယ်ပါ အသင်းဥက္ကဌနဲ့အတူ ကျွန်တော်တို့ ခေါ်ယူနိုင်မယ်လို့ထိ ယုံကြည် ခဲ့ဖူးပါတယ်။ရော်နယ်ဒိုအတွက် သူ့အေးဂျင့် ဂျော့စ်မန်ဒက်စ်နဲ့ တွေ့ခဲ့ပါတယ်။သူ့အတွက် ယူရို ၁.၅ သန်းပေးပေမယ့် သူ့တန်ကြေးကို ၃.၅သန်း သတ်မှတ်ထားခဲ့တာပါ။ကျွန်တော်တို့ ဒီပမာဏကို မမီနိုင်တော့လို့ ကစားသမားကောင်းကို ဆုံးရှုံးခဲ့ရတာပါ။”လို့ ရီကွန်က ပြောခဲ့တာပါ။

ရီကွန်က ရော်နယ်ဒိုအနေနဲ့ယူနိုက်တက်ကို ရောက်သွားချိန်မှာ ဖာဂူဆန်က သူ့အတွက် ဘောလုံး ဖခင်ကြီး ဖြစ်ခဲ့ပြီး သူ့အတွက်လည်း ယူနိုက်တက်က အကောင်းဆုံး အသင်း ဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါသေးတယ်။

အလားတူ ရော်နယ်ဒို အခုချိန်မှာ ‌အောင်မြင်နေတာကို ကြည့်ပြီး မအံ့ဩပဲ ဒါဟာ အရင်ချိန်တုန်းကတည်းက ကစားသမားတစ်ယောက်ဟာ ကြံ့ခိုင်မှု ဘယ်လောက်အရေးပါလဲဆိုတာ ပြသခဲ့ဖူးတာကြောင့်လို့လည်း ဆိုပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ၆ ရီးရဲမက်ဒရစ်မှာ ၉ နှစ်ကစားခဲ့အပြီးလက်ရှိမှာတော့ ဂျူဗင်တပ်အသင်းနဲ့ အတူ ၂ ရာသီမြောက် ဖြတ်သန်းနေပါတယ်။

ကစားသမားဘဝတစ်လျှောက်မှာတော့ ဘလွန်းဒီအောဆု ၅ ကြိမ်အပါအဝင် အသင်းလိုက်ရော တစ်ဦးချင်းပါ ဆုတံဆိပ်ပေါင်းများစွာ ရရှိထားသူပါ။

Add a Comment

Your email address will not be published. Required fields are marked *