ယူနိုက်တက်နဲ့ပွဲအတွက် ပွဲထွက်ဂိုးသမားရွေးချယ်မှုပိုင်း အခက်တွေ့နေတဲ့ ချဲလ်ဆီးနည်းပြလမ်းပတ်


ခံစစ်ပိုင်းလိုအပ်ချက်မြင့်မားနေခြင်းနဲ့အတူ ဂိုးသမားကီပါရဲ့အမှားများနေမှုများကြောင့်အခက်တွေ့နေတဲ့ချဲလ်ဆီး အသင်းရဲ့နည်းပြလမ်းပတ်အနေနဲ့ ယူနိုက်တက်ကိုရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲထွက်ဂိုးသမား ရွေးချယ်ဖို့ အခက်အခဲအချိှု့ရှိနေခဲ့တယ်လို့ thesun က ဖော်ပြလာပါတယ်။





unicode

ချဲလ်ဆီးအနေနဲ့ အမှားများနေတဲ့ ဂိုးသမားကီပါကို အသင်းကနေထွက်ခွာခွင့်ပေးဖို့အထိရှိနေခဲ့တယ်လို့ သတင်း ဖော်ပြမှုတွေရှိနေခဲ့တာပါ။

ခံစစ်ပိုင်းလိုအပ်ချက်မြင့်မားနေခြင်းနဲ့အတူ ဂိုးသမားကီပါရဲ့အမှားများနေမှုများကြောင့်အခက်တွေ့နေတဲ့ချဲလ်ဆီး အသင်းရဲ့နည်းပြလမ်းပတ်အနေနဲ့ ယူနိုက်တက်ကိုရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲထွက်ဂိုးသမား ရွေးချယ်ဖို့ အခက်အခဲအချို့ှရှိိနေခဲ့တယ်လို့ thesun က ဖော်ပြလာပါတယ်။

အဓိကပွဲထွက်ဂိုးသမားဖြစ်သူ ကီပါအနေနဲ့ လက်ရှိဘောလုံးရာသီမှာ ပုံမှန်လက်စွမ်းဆောင်ကျဆင်းနေခဲ့ပြီး ပရီး မီးယားလိဂ်ဂိုးသမား ၂ဝဦးတွင် စွမ်းဆောင်ရည်အညံ့ဆုံးဂိုးသမားဖြစ်နေခဲ့တဲ့အတွက် ချဲလ်ဆီးအသင်းရဲ့နောက် ဆုံးပွဲစဉ် ၂ပွဲကို အရံကစားသမားအဖြစ်သာ ပါဝင်ခွင့်ရထားခဲ့တာပါ။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး နည်းပြလမ်းပတ်နဲ့ဂိုးသမားကီပါတို့ သီးသန့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ်များတွင်လည်း ပိုမိုစွမ်းဆောင်နိုင်ရန်ပြင်ဆင်မှုများရှိနေခဲ့ပေမယ့်နည်းပြအတွက်ကတော့ ပွဲထွက်ဂိုးသမားရွေးချယ်ဖို့ အခက်အခဲတွေရှိနေဆဲဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးပွဲစဉ် ၂ပွဲဖြစ်တဲ့ ဟားလ်စီးတီးနဲ့အက်ဖ်အေဖလားပွဲစဉ်၊ လက်စတာနဲ့ပရီးမီးယားလိ ဂ်ပွဲစဉ်တွေကို ၀ါရင့်ဂိုးသမားကာဘယ်လီယိုက ပွဲထွက်ကစားခွင့်ရရှိထားတဲ့အတွက် အဓိကဂိုးသမားဖြစ်သူကီပါ အနေနဲ့ နည်းပြနဲ့အကြား ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့တာပါ။

အဆင်မပြေမှုအချို့ရှိနေခဲ့ပေမယ့် ဗြိတိန်မီဒီယာတစ်ခုဖြစ်တဲ့ mirror.co.uk ရဲ့ဖော်ပြချက်မှာတော့ ချဲလ်ဆီးန ည်းပြလမ်းပတ်အနေနဲ့ ယူနိုက်တက်ကိုရင်ဆိုင်ရမယ့် ပွဲအတွက် အဓိကပွဲထွက်ဂိုးသမားဖြစ်သူ ကီပါကိုပဲအသုံး ပြုသွားဖို့ရှိနေတယ်လို့ အခိုင်အမာသတင်းဖော်ပြမှုအချို့ ပြုလုပ်ထားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *