ရီးယဲလ္ကို အနိုင္မရလၽွင္ မိမိ ရာထူးမွ ထုတ္ပယ္ခံရနိုင္သည္ဟု ဂြါဒီယိုလာ ဆို

မန္စီးတီးနည္းၿပ ဂြါဒီယိုလာက လာမည့္ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္တြင္ ရီးယဲလ္အသင္းကို အနိုင္မရခဲ့ပါက မိမိအေနျဖင့္ ရာထူးမွ ထုတ္ပယ္ခံရနိုင္သည္ဟု ေျပာၾကားခဲ့သည္။
မန္စီးတီးအသင္းသည္ ေဖေဖာ္ဝါရီ(၂၆)ရက္ႏွင့္ မတ္(၁၇)ရက္တို႔တြင္ ရီးယဲလ္အသင္းႏွင့္ ခ်န္ပီယံလိဂ္ႏွစ္ေက်ာ့ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ယင္းပြဲမ်ားအတြက္ ယခုကတည္းက စတင္ျပင္ဆင္ေနၿပီျဖစ္ေၾကာင္းလည္း ဂြါဒီယိုလာက ဆိုခဲ့သည္။
ဂြါဒီယိုလာက ”ကၽြန္ေတာ္ ခ်န္ပီယံလိဂ္ဖလားကို ရယူခ်င္ပါတယ္။ ဒါဟာ ကၽြန္ေတာ့္ရဲ့ အိပ္မက္တစ္ခုျဖစ္သလို၊ ရီးယဲလ္နဲ႔ပြဲအတြက္ ျပင္ဆင္ေနရတာလည္း စိတ္လႈပ္ရွားစရာေကာင္းပါတယ္။ အခုလို ျပင္ဆင္ေနတဲ့ (၂)ပတ္တာကာလဟာ ကၽြန္ေတာ့္ရဲ့ နည္းျပဘဝမွာ ေပ်ာ္စရာအေကာင္းဆုံးအခ်ိန္ေတြလည္း ျဖစ္လာပါလိမ့္မယ္။ သူတို႔ကို ကၽြန္ေတာ္တို႔ အနိုင္မယူနိုင္ခဲ့ဘူးဆိုရင္ ဒါ မလုံေလာက္ဘူး။ ငါတို႔ ခ်န္ပီယံလိဂ္ဖလားကို လိုခ်င္တယ္၊ ငါတို႔ မင္းကို ထုတ္ပယ္လိုက္ၿပီလို႔ မန္စီးတီးအသင္းဥကၠ႒ ဒါမွမဟုတ္ အားကစားဒါရိုက္တာက လာေျပာပါလိမ့္မယ္” ဟု ဂြါဒီယိုလာက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဂြါဒီယိုလာသည္ နည္းျပဘဝတြင္ ဘာစီလိုနာအသင္းအတြက္ ခ်န္ပီယံလိဂ္ဖလား(၂)ႀကိမ္ ရယူေပးနိုင္ခဲ့ေသာ္လည္း ဘိုင္ယန္ျမဴးနစ္ႏွင့္ မန္စီးတီးအသင္းတို႔၌ ယင္းေအာင္ပြဲႏွင့္ ေဝးကြာေနခဲ့သည္။
ထို႔ေၾကာင့္ မန္စီးတီးအသင္းႏွင့္ ခ်န္ပီယံလိဂ္ဖလား ရယူနိုင္ရန္ ဆႏၵျပင္းျပေနၿပီး ယခုရာသီတြင္ ခ်န္ပီယံလိဂ္ဖလား မရယူနိုင္ခဲ့ပါက မန္စီးတီးအသင္းအတြက္ က်ရႈံးသည့္ရာသီ ျဖစ္လိမ့္မည္ဟုလည္း ေျပာၾကားထားသည္။

unicode

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တွင် ရီးယဲလ်အသင်းကို အနိုင်မရခဲ့ပါက မိမိအနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဖေဖော်ဝါရီ(၂၆)ရက်နှင့် မတ်(၁၇)ရက်တို့တွင် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲများအတွက် ယခုကတည်းက စတင်ပြင်ဆင်နေပြီဖြစ်ကြောင်းလည်း ဂွါဒီယိုလာက ဆိုခဲ့သည်။
ဂွါဒီယိုလာက ”ကျွန်တော် ချန်ပီယံလိဂ်ဖလားကို ရယူချင်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုဖြစ်သလို၊ ရီးယဲလ်နဲ့ပွဲအတွက် ပြင်ဆင်နေရတာလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အခုလို ပြင်ဆင်နေတဲ့ (၂)ပတ်တာကာလဟာ ကျွန်တော့်ရဲ့ နည်းပြဘဝမှာ ပျော်စရာအကောင်းဆုံးအချိန်တွေလည်း ဖြစ်လာပါလိမ့်မယ်။ သူတို့ကို ကျွန်တော်တို့ အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် ဒါ မလုံလောက်ဘူး။ ငါတို့ ချန်ပီယံလိဂ်ဖလားကို လိုချင်တယ်၊ ငါတို့ မင်းကို ထုတ်ပယ်လိုက်ပြီလို့ မန်စီးတီးအသင်းဥက္ကဋ္ဌ ဒါမှမဟုတ် အားကစားဒါရိုက်တာက လာပြောပါလိမ့်မယ်” ဟု ဂွါဒီယိုလာက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာသည် နည်းပြဘဝတွင် ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်ဖလား(၂)ကြိမ် ရယူပေးနိုင်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးအသင်းတို့၌ ယင်းအောင်ပွဲနှင့် ဝေးကွာနေခဲ့သည်။
ထို့ကြောင့် မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ရန် ဆန္ဒပြင်းပြနေပြီး ယခုရာသီတွင် ချန်ပီယံလိဂ်ဖလား မရယူနိုင်ခဲ့ပါက မန်စီးတီးအသင်းအတွက် ကျရှုံးသည့်ရာသီ ဖြစ်လိမ့်မည်ဟုလည်း ပြောကြားထားသည်။

Add a Comment

Your email address will not be published. Required fields are marked *