လာမယ့္ေႏြတြင္အသင္းကထြက္ခြာေတာ့မယ့္အဂၤလန္ၾကယ္ပြင့္ကို ၿပိဳင္ဘက္ကင္း ေခၚႏိုင္ေတာ့မယ့္ ယူနိက္တဒ္

မန္ခ်က္စတာယူနိက္တဒ္ရဲ႕ နံပါတ္တစ္ေႏြရာသီပစ္မွတ္ကစားသမားျဖစ္တဲ့ ေဂ်ဒန္ဆန္ခ်ိဳ အတြက္ ၿပိဳင္ဘက္ေတြရဲ႕ ဝင္ေရာက္ကစားမႈ႕ကိုေခါင္းရႈတ္ခဲ့ရေပမယ့္ လက္ရွိမွာေတာ့ မန္ယူနိက္တဒ္ က အဂ္လန္ေတာင္ပံလူအတြက္ တစ္ေကာင္ထဲေျပးတဲ့ျမင္းျဖစ္ခဲ့ၿပီလို႔သိရပါတယ္။ ဆန္ခ်ိဳအေနနဲ႔လည္း လာမယ့္ေႏြတြင္ ေဒါ့မြန္အသင္းက ထြက္ခြာမယ္လို႔ သိရၿပီး ၎ကိုေဒ့ါမြန္အသင္းက မျဖစ္မေန ေရာင္းခ်သြားရေတာ့မွာ ျဖစ္ပါတယ္။ ဆန္ခ်ိဳကိုေခၚယူဖို႔ ခ်ဲလ္ဆီး အသင္းက ဝင္ေရာက္လာခဲ့ေပမယ့္ လက္ရွိမွာ ေနရာစုံအားျဖည့္ရမယ့္ ခ်ဲလ္ဆီးအေနနဲ႔ ဆန္ခ်ိဳ ကို ေခၚေဈး ေပါင္သန္း၁၂၀ မေပးႏိုင္လို႔ ေနာက္ဆုတ္သြားခဲ့ၿပီး ယူနိက္တဒ္က သာ အဆိုပါေၾကးကိုေပးေခ်ၿပီး ဆန္ခ်ိဳ ကို အိုးထရဒ့္ဖိုဒ့္ အေရာက္ ေခၚယူဖို႔ျပင္ဆင္ေနပါၿပီ။

ခ်ဲလ္ဆီးအသင္းက ဆန္ခ်ိဳ ကိုေခၚယူဖို႔ေနာက္ဆုတ္ခဲ့ၿပီး အိုင္းယက္စ္ အသင္းရဲ႕ ဟာကင္မ္းဇီယခ္် ကို ေျပာင္းလဲေခၚယူဖို႔ဆုံးျဖတ္ခဲ့တယ္လို႔ နယ္သာလန္ကလာတဲ့အရင္းျမစ္ေတြကဆိုပါတယ္။ ခ်ဲလ္ဆီး က အိုင္းယက္စ္ေတာင္ပံကစားသမားကို ေပါင္သန္း၄၀ ခန႔္နဲ႔ေခၚယူဖို႔ ဆႏၵ ရွိေနၿပီး ေဂ်ဒန္ဆန္ခ်ိဳ ထက္ တန္ ေၾကး သူံးဆ ခန႔္ေလ်ာ့နည္းတာေၾကာင့္လည္း ေႏြရာသီမွာ ဟာကင္မ္း ကိုသာ ေခၚယူဖို႔ ဆုံးျဖတ္ခဲ့ဟန္တူတယ္လို႔သိရပါတယ္။

မန္ယူနိက္တဒ္ က ေတာ့ ညာေတာင္ပံ နဲ႔ ေက်ာနံပတ္ ၇ အတြက္ ဆန္ခ်ိဳ ကို မျဖစ္မေန ေခၚယူခ်င္တာျဖစ္ၿပီး အဂ္လန္တိုက္စစ္အတြဲဖက္ျဖစ္လာမယ့္ မားကပ္စ္၊ေမဆင္ဂရင္းဝုဒ္၊ဆန္ခ်ိဳ အတြဲဖက္ကို အိမ္မက္ျပဇာတ္႐ုံမွာ ေဖ်ာ္ေျဖေစလိုေနတာပါ။ဆန္ခ်ိဳအတြက္တစ္ေကာင္ထဲေျပးေနေပမယ့္ ေဒါ့မြန္အသင္းကညႇိႏႈိင္းရခက္ခဲသလို ေဈးအျမင့္ပိုင္းေတာင္းဆိုမႈ႕ေတြလည္းလုပ္လာႏိုင္တာေၾကာင့္ အေျပာင္းေ႐ႊ႕က ၾကာျမင့္ဖြယ္ေတာ့ရွိေနပါတယ္။

သို႔ေသာ္လည္း ကာဂါဝါ၊မစ္ကီတာယန္း အေျပာင္းေ႐ႊ႕ေတြမွာ ေဒါ့မြန္ နဲ႔ မန္ယူနိက္တဒ္ က ဆက္ဆံေရးေကာင္းေတြရွိခဲ့ဖူးသလို ဆန္ခ်ိဳ ကိုယ္တိုင္ကလည္း အသင္းေျပာင္းဖို႔ကိုတာဆူ ေနလို႔ မိုက္ကယ္ေဇာ့ တစ္ေယာက္ ေပါင္သန္း၁၂၀ (ယူ႐ိုသန္း၁၄၀) ဝန္းက်င္မွာပဲ ေရာင္းခ်လိမ့္မယ္လို႔ ဂ်ာမဏီက လာတဲ့သတင္းေတြကဆိုပါတယ္။

Unicode

မန်ချက်စတာယူနိက်တဒ်ရဲ့ နံပါတ်တစ်နွေရာသီပစ်မှတ်ကစားသမားဖြစ်တဲ့ ဂျေဒန်ဆန်ချို အတွက် ပြိုင်ဘက်တွေရဲ့ ဝင်ရောက်ကစားမှု့ကိုခေါင်းရှုတ်ခဲ့ရပေမယ့် လက်ရှိမှာတော့ မန်ယူနိက်တဒ် က အဂ်လန်တောင်ပံလူအတွက် တစ်ကောင်ထဲပြေးတဲ့မြင်းဖြစ်ခဲ့ပြီလို့သိရပါတယ်။ ဆန်ချိုအနေနဲ့လည်း လာမယ့်နွေတွင် ဒေါ့မွန်အသင်းက ထွက်ခွာမယ်လို့ သိရပြီး ၎င်းကိုဒေ့ါမွန်အသင်းက မဖြစ်မနေ ရောင်းချသွားရတော့မှာ ဖြစ်ပါတယ်။ ဆန်ချိုကိုခေါ်ယူဖို့ ချဲလ်ဆီး အသင်းက ဝင်ရောက်လာခဲ့ပေမယ့် လက်ရှိမှာ နေရာစုံအားဖြည့်ရမယ့် ချဲလ်ဆီးအနေနဲ့ ဆန်ချို ကို ခေါ်ဈေး ပေါင်သန်း၁၂၀ မပေးနိုင်လို့ နောက်ဆုတ်သွားခဲ့ပြီး ယူနိက်တဒ်က သာ အဆိုပါကြေးကိုပေးချေပြီး ဆန်ချို ကို အိုးထရဒ့်ဖိုဒ့် အရောက် ခေါ်ယူဖို့ပြင်ဆင်နေပါပြီ။

ချဲလ်ဆီးအသင်းက ဆန်ချို ကိုခေါ်ယူဖို့နောက်ဆုတ်ခဲ့ပြီး အိုင်းယက်စ် အသင်းရဲ့ ဟာကင်မ်းဇီယခ်ျ ကို ပြောင်းလဲခေါ်ယူဖို့ဆုံးဖြတ်ခဲ့တယ်လို့ နယ်သာလန်ကလာတဲ့အရင်းမြစ်တွေကဆိုပါတယ်။ ချဲလ်ဆီး က အိုင်းယက်စ်တောင်ပံကစားသမားကို ပေါင်သန်း၄၀ ခန့်နဲ့ခေါ်ယူဖို့ ဆန္ဒ ရှိနေပြီး ဂျေဒန်ဆန်ချို ထက် တန် ကြေး သူံးဆ ခန့်လျော့နည်းတာကြောင့်လည်း နွေရာသီမှာ ဟာကင်မ်း ကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ဟန်တူတယ်လို့သိရပါတယ်။

မန်ယူနိက်တဒ် က တော့ ညာတောင်ပံ နဲ့ ကျောနံပတ် ၇ အတွက် ဆန်ချို ကို မဖြစ်မနေ ခေါ်ယူချင်တာဖြစ်ပြီး အဂ်လန်တိုက်စစ်အတွဲဖက်ဖြစ်လာမယ့် မားကပ်စ်၊မေဆင်ဂရင်းဝုဒ်၊ဆန်ချို အတွဲဖက်ကို အိမ်မက်ပြဇာတ်ရုံမှာ ဖျော်ဖြေစေလိုနေတာပါ။ဆန်ချိုအတွက်တစ်ကောင်ထဲပြေးနေပေမယ့် ဒေါ့မွန်အသင်းကညှိနှိုင်းရခက်ခဲသလို ဈေးအမြင့်ပိုင်းတောင်းဆိုမှု့တွေလည်းလုပ်လာနိုင်တာကြောင့် အပြောင်းရွှေ့က ကြာမြင့်ဖွယ်တော့ရှိနေပါတယ်။

သို့သော်လည်း ကာဂါဝါ၊မစ်ကီတာယန်း အပြောင်းရွှေ့တွေမှာ ဒေါ့မွန် နဲ့ မန်ယူနိက်တဒ် က ဆက်ဆံရေးကောင်းတွေရှိခဲ့ဖူးသလို ဆန်ချို ကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ကိုတာဆူ နေလို့ မိုက်ကယ်ဇော့ တစ်ယောက် ပေါင်သန်း၁၂၀ (ယူရိုသန်း၁၄၀) ဝန်းကျင်မှာပဲ ရောင်းချလိမ့်မယ်လို့ ဂျာမဏီက လာတဲ့သတင်းတွေကဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *