အနားယူမယ့္ အရိပ္အေယာင္ကို ေရာ္နယ္ဒို စေျပာလာၿပီ

ေရာ္နယ္ဒိုက အသက္ ၃၅ ႏွစ္လည္း ျပည့္သြားၿပီဆိုေတာ့ ဒီႏွစ္ေဘာလုံးရာသီၿပီးရင္ အံ့အားသင့္ဖြယ္ သတင္း ေတြကို ခ်ျပေတာ့မလားဆိုတာ စိတ္လႈပ္ရွားဖို႔ ေကာင္းေနပါၿပီ။

အသက္ ၃၅ ႏွစ္ျပည့္သြားခဲ့ၿပီ ျဖစ္တဲ့ ဘလြန္းဒီေအာ ၅ ဆုရွင္ ေရာ္နယ္ဒိုအေနနဲ႔ အနားယူေတာ့မွာ လားလို႔ ထင္ရမယ့္ အေျဖတစ္ခုကို ေျဖသြားခဲ့တယ္လို႔ INDEPENDENT သတင္းဌာနက ေဖာ္ျပလာပါတယ္။

အသက္ ၃၅ႏွစ္ရွိေနၿပီ ျဖစ္ေပမယ့္လည္း မက်ေသးတဲ့ ေျခစြမ္းနဲ႔ ႀကံ့ခိုင္မႈေတြေၾကာင့္ ဥေရာပ ထိပ္တန္းလိဂ္ ၅ ခု ထဲက တစ္ခု ျဖစ္တဲ့ အီတလီစီးရီးေအမွာ ဂ်ဴဗင္တပ္လို အသင္းႀကီးရဲ့ အဓိက ကစားသမားအျဖစ္ ကစားေနနိုင္ဆဲ ပါ။

ဒါေပမယ့္လည္း Canal 11 သတင္းဌာနကို ေျဖသြားတဲ့ အေျဖေၾကာင့္ ဒီႏွစ္ေဘာလုံးရာသီက ေရာ္နယ္ဒိုရဲ့ ေနာက္ဆုံး ရာသီလားလို႔ ထင္ေယာင္လာေစခဲ့ပါတယ္။

“ အခု ၃၅ ႏွစ္ျပည့္ၿပီးရင္ ကၽြန္ေတာ္က ငါးဖမ္းသမားပဲ ျဖစ္ခ်င္ပါေတာ့တယ္။မန္ဒီရာမွာပဲ ငါးဖမ္းရင္း အခ်ိန္ေတြ ကုန္ဆုံးဖို႔ ရည္ရြယ္ထားပါတယ္။ဒါေပမယ့္ အခုထိေတာ့ စိတ္ထဲက ေတြးထားသလို ျဖစ္မလာနိုင္ေသးပါဘူး။”လို႔ ေရာ္နယ္ဒိုက ေျဖသြားတာပါ။

ေရာ္နယ္ဒိုကေတာ့ ဂ်ဴဗင္တပ္အသင္းနဲ႔အတူ လိဂ္ ယခုႏွစ္က ႏွစ္ရာသီ‌ေျမာက္ျဖတ္သန္းေနတာ ျဖစ္ၿပီး အသင္းအတြက္ ၂ ရာသီမျပည့္ခင္မွာပဲ ဂိုး ၅၀ အထိ ၿပိဳင္ပြဲစုံမွာသြင္းယူေပးၿပီးသြားပါၿပီ။

ဒါ့အျပင္ ဂ်ဴဗင္တပ္အသင္းနဲ႔လည္း စံခ်ိန္အခ်ိဳ႕ကို ပိုင္ဆိုင္ထားနိုင္ၿပီ ျဖစ္ၿပီး ဒီႏွစ္မွာလည္း ဂ်ဴဗင္တပ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားဖို႔ ရွိေနပါေသးတယ္။

လာမယ့္ ေဖေဖာ္ဝါရီ ၂၆ မွာ လိုင္ယြန္အသင္းနဲ႔ ၁၆ သင္းအဆင့္ ပထမအေက်ာ့ ကစားရဖို႔ ရွိေနၿပီး ေရာ္နယ္ဒိုက -“ဂ်ဴဗင္တပ္မွာ ကစားခြင့္ရတာက ကၽြန္ေတာ့္ကို ေနာက္ထပ္ အခြင့္အေရးတစ္ခု ေပးသလိုပါပဲ၊လိုင္ယြန္နဲ႔ပြဲက ခက္မွာပါ၊ဒါေပမယ့္ ကၽြန္ေတာ္တို႔ လုပ္နိုင္မွာပါ၊ကၽြန္ေတာ္တို႔က အသင္းေကာင္းတစ္သင္းပဲေလ။”လို႔ ဆက္လက္ ေျပာပါေသးတယ္။

အသက္ ၃၅ ႏွစ္ေက်ာ္ရင္ ငါးဖမ္းသမား အျဖစ္နဲ႔ပဲ ဘဝကို ကုန္ဆုံးေတာ့မယ္လို႔ ေျပာထားတဲ့ ေရာ္နယ္ဒိုက လက္ရွိမွာလည္း ၃၅ ႏွစ္ျပည့္ေနၿပီမို႔ ဒီႏွစ္‌ေဘာလုံးရာသီၿပီးရင္ တစ္ကမၻာလုံးကိ အံ့အားသင့္ဖြယ္ေတြ ေပးမလားဆိုတာ စိတ္လႈပ္ရွားဖြယ္ ေစာင့္ၾကည့္ရေတာ့မွာပါ။

unicode

ရော်နယ်ဒိုက အသက် ၃၅ နှစ်လည်း ပြည့်သွားပြီဆိုတော့ ဒီနှစ်ဘောလုံးရာသီပြီးရင် အံ့အားသင့်ဖွယ် သတင်း တွေကို ချပြတော့မလားဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ။

အသက် ၃၅ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ ဘလွန်းဒီအော ၅ ဆုရှင် ရော်နယ်ဒိုအနေနဲ့ အနားယူတော့မှာ လားလို့ ထင်ရမယ့် အဖြေတစ်ခုကို ဖြေသွားခဲ့တယ်လို့ INDEPENDENT သတင်းဌာနက ဖော်ပြလာပါတယ်။

အသက် ၃၅နှစ်ရှိနေပြီ ဖြစ်ပေမယ့်လည်း မကျသေးတဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုတွေကြောင့် ဥရောပ ထိပ်တန်းလိဂ် ၅ ခု ထဲက တစ်ခု ဖြစ်တဲ့ အီတလီစီးရီးအေမှာ ဂျူဗင်တပ်လို အသင်းကြီးရဲ့ အဓိက ကစားသမားအဖြစ် ကစားနေနိုင်ဆဲ ပါ။

ဒါပေမယ့်လည်း Canal 11 သတင်းဌာနကို ဖြေသွားတဲ့ အဖြေကြောင့် ဒီနှစ်ဘောလုံးရာသီက ရော်နယ်ဒိုရဲ့ နောက်ဆုံး ရာသီလားလို့ ထင်ယောင်လာစေခဲ့ပါတယ်။

“ အခု ၃၅ နှစ်ပြည့်ပြီးရင် ကျွန်တော်က ငါးဖမ်းသမားပဲ ဖြစ်ချင်ပါတော့တယ်။မန်ဒီရာမှာပဲ ငါးဖမ်းရင်း အချိန်တွေ ကုန်ဆုံးဖို့ ရည်ရွယ်ထားပါတယ်။ဒါပေမယ့် အခုထိတော့ စိတ်ထဲက တွေးထားသလို ဖြစ်မလာနိုင်သေးပါဘူး။”လို့ ရော်နယ်ဒိုက ဖြေသွားတာပါ။

ရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းနဲ့အတူ လိဂ် ယခုနှစ်က နှစ်ရာသီ‌မြောက်ဖြတ်သန်းနေတာ ဖြစ်ပြီး အသင်းအတွက် ၂ ရာသီမပြည့်ခင်မှာပဲ ဂိုး ၅၀ အထိ ပြိုင်ပွဲစုံမှာသွင်းယူပေးပြီးသွားပါပြီ။

ဒါ့အပြင် ဂျူဗင်တပ်အသင်းနဲ့လည်း စံချိန်အချို့ကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပြီး ဒီနှစ်မှာလည်း ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားဖို့ ရှိနေပါသေးတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၆ မှာ လိုင်ယွန်အသင်းနဲ့ ၁၆ သင်းအဆင့် ပထမအကျော့ ကစားရဖို့ ရှိနေပြီး ရော်နယ်ဒိုက -“ဂျူဗင်တပ်မှာ ကစားခွင့်ရတာက ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးသလိုပါပဲ၊လိုင်ယွန်နဲ့ပွဲက ခက်မှာပါ၊ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်မှာပါ၊ကျွန်တော်တို့က အသင်းကောင်းတစ်သင်းပဲလေ။”လို့ ဆက်လက် ပြောပါသေးတယ်။

အသက် ၃၅ နှစ်ကျော်ရင် ငါးဖမ်းသမား အဖြစ်နဲ့ပဲ ဘဝကို ကုန်ဆုံးတော့မယ်လို့ ပြောထားတဲ့ ရော်နယ်ဒိုက လက်ရှိမှာလည်း ၃၅ နှစ်ပြည့်နေပြီမို့ ဒီနှစ်‌ဘောလုံးရာသီပြီးရင် တစ်ကမ္ဘာလုံးကိ အံ့အားသင့်ဖွယ်တွေ ပေးမလားဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရတော့မှာပါ။

Add a Comment

Your email address will not be published. Required fields are marked *