အီဂါလိုကို ကာရင္တန္ေလ့က်င့္ေရးကြင္းဆီမလာဖို႔ ယူနိုက္တက္ပိတ္ပင္ထား

အီဂါလိုအေနနဲ႔ ဝူဟန္ၿမိဳ႕ကို သြားေရာက္ထားျခင္းမရွိေပမယ့္လည္း ဗိုင္းရပ္စ္ပ်ံ႕ႏွံ့မႈအႏၲရာယ္အေပၚ စိုးရိမ္မႈေတြက ရွိေနဆဲျဖစ္တာေၾကာင့္ ေစာင့္ၾကည့္ကာလျပည့္တဲ့အထိ အသင္းနဲ႔ပူးေပါင္းခြင့္မရရွိေသးတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ သူတို႔အသင္းရဲ့ တိုက္စစ္မႉးသစ္အီဂါလိုကို အသင္းေလ့က်င့္ေရးကြင္းကို မလာေရာက္ဖို႔ တားျမစ္ထားတယ္လို႔ သိရပါတယ္။ ကိုရိုနာဗိုင္းရပ္စ္အႏၲရာယ္ စိုးရိမ္ရမႈအေျခအေနျမင့္တက္ေနဆဲျဖစ္တာေၾကာင့္ တ႐ုတ္ကေန ေရာက္ရွိလာခဲ့တဲ့ အီဂါလိုရဲ့ အေျခအေနကို ဆက္လက္ေစာင့္ၾကည့္ေနရတာျဖစ္တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

အီဂါလိုကို တ႐ုတ္ကလပ္ရွန္ဟိုင္းရွန္ဟြာကေန ယူနိုက္တက္က ေျခာက္လအငွားစာခ်ဳပ္နဲ႔ ေခၚယူထားခဲ့တာျဖစ္ပါတယ္။ အီဂါလိုအေနနဲ႔ ဝူဟန္ၿမိဳ႕ကို သြားေရာက္ထားျခင္းမရွိေပမယ့္လည္း ဗိုင္းရပ္စ္ပ်ံ႕ႏွံ့မႈအႏၲရာယ္အေပၚ စိုးရိမ္မႈေတြက ရွိေနဆဲျဖစ္တာေၾကာင့္ ေစာင့္ၾကည့္ကာလျပည့္တဲ့အထိ အသင္းနဲ႔ပူးေပါင္းခြင့္မရရွိေသးတာျဖစ္ပါတယ္။

နိုင္ဂ်ီးရီးယားတိုက္စစ္ က စား သ မား ဟာ စပိန္ကိုထြက္ခြာသြားခဲ့တဲ့ အသင္းေလ့က်င့္ခန္းခရီးစဥ္မွာလည္း မပါဝင္ခဲ့သူျဖစ္ပါတယ္။ လက္ရွိမွာ မန္ခ်က္စတာမွာရွိတဲ့ တိုက္ကြမ္ဒိုကလပ္တစ္ခုမွာ သူ႔ရဲ့ေလ့က်င့္ေရးမႉးဝိန္းရစ္ခ်ာဆန္နဲ႔အတူ ႀကံ့ခိုင္မႈပိုင္းေလ့က်င့္မႈေတြကို ျပဳလုပ္ေနၿပီးေတာ့ အသင္းေဖာ္သစ္ေတြနဲ႔လည္း အတူတကြေလ့က်င့္မႈမျပဳလုပ္ရေသးတာျဖစ္ပါတယ္။

“အီဂါလိုက မန္ခ်က္စတာမွာပဲ ေနရဦးမွာပါ၊ ဘာလို႔လဲဆိုေတာ့ သူ တ႐ုတ္ကေန ေရာက္လာခဲ့ၿပီးေနာက္ ၁၄ ရက္တာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္၊ တကယ္လို႔ သူ စပိန္ကို လိုက္လာခဲ့မယ္ဆိုရင္ အဂၤလန္ကို ဝင္ခြင့္ရမွာလားဆိုတာ ကၽြန္ေတာ္တို႔ဘက္က မေသမခ်ာျဖစ္ေနပါတယ္၊ ဒီအတြက္ သူ႔ရဲ့ ကိုယ္ပိုင္နည္းျပနဲ႔အတူ တစ္ဦးတည္းေလ့က်င့္ခန္းေတြကို သူျပဳလုပ္ေနရမွာပါ” လို႔ ယူနိုက္တက္နည္းျပဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။

unicode

အီဂါလိုအနေနဲ့ ဝူဟန်မြို့ကို သွားရောက်ထားခြင်းမရှိပေမယ့်လည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုအန္တရာယ်အပေါ် စိုးရိမ်မှုတွေက ရှိနေဆဲဖြစ်တာကြောင့် စောင့်ကြည့်ကာလပြည့်တဲ့အထိ အသင်းနဲ့ပူးပေါင်းခွင့်မရရှိသေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူးသစ်အီဂါလိုကို အသင်းလေ့ကျင့်ရေးကွင်းကို မလာရောက်ဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် စိုးရိမ်ရမှုအခြေအနေမြင့်တက်နေဆဲဖြစ်တာကြောင့် တရုတ်ကနေ ရောက်ရှိလာခဲ့တဲ့ အီဂါလိုရဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေရတာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

အီဂါလိုကို တရုတ်ကလပ်ရှန်ဟိုင်းရှန်ဟွာကနေ ယူနိုက်တက်က ခြောက်လအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ အီဂါလိုအနေနဲ့ ဝူဟန်မြို့ကို သွားရောက်ထားခြင်းမရှိပေမယ့်လည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုအန္တရာယ်အပေါ် စိုးရိမ်မှုတွေက ရှိနေဆဲဖြစ်တာကြောင့် စောင့်ကြည့်ကာလပြည့်တဲ့အထိ အသင်းနဲ့ပူးပေါင်းခွင့်မရရှိသေးတာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားတိုက်စစ် က စား သ မား ဟာ စပိန်ကိုထွက်ခွာသွားခဲ့တဲ့ အသင်းလေ့ကျင့်ခန်းခရီးစဉ်မှာလည်း မပါဝင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ မန်ချက်စတာမှာရှိတဲ့ တိုက်ကွမ်ဒိုကလပ်တစ်ခုမှာ သူ့ရဲ့လေ့ကျင့်ရေးမှူးဝိန်းရစ်ချာဆန်နဲ့အတူ ကြံ့ခိုင်မှုပိုင်းလေ့ကျင့်မှုတွေကို ပြုလုပ်နေပြီးတော့ အသင်းဖော်သစ်တွေနဲ့လည်း အတူတကွလေ့ကျင့်မှုမပြုလုပ်ရသေးတာဖြစ်ပါတယ်။

“အီဂါလိုက မန်ချက်စတာမှာပဲ နေရဦးမှာပါ၊ ဘာလို့လဲဆိုတော့ သူ တရုတ်ကနေ ရောက်လာခဲ့ပြီးနောက် ၁၄ ရက်တာ စောင့်ကြည့်ရမှာဖြစ်ပါတယ်၊ တကယ်လို့ သူ စပိန်ကို လိုက်လာခဲ့မယ်ဆိုရင် အင်္ဂလန်ကို ဝင်ခွင့်ရမှာလားဆိုတာ ကျွန်တော်တို့ဘက်က မသေမချာဖြစ်နေပါတယ်၊ ဒီအတွက် သူ့ရဲ့ ကိုယ်ပိုင်နည်းပြနဲ့အတူ တစ်ဦးတည်းလေ့ကျင့်ခန်းတွေကို သူပြုလုပ်နေရမှာပါ” လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *