အီတလီအသင္းေတြရဲ့ ကမ္းလွမ္းမႈကို ျငင္းဆန္ၿပီး ပရီးမီးယားလိဂ္ကို မ်က္စပစ္လိုက္တဲ့ အယ္လီဂရီ

နည္းျပအယ္လီဂရီအေနနဲ႔ ဂ်ဴဗင္တပ္အသင္းနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ လက္ရွိအခ်ိန္အထိအသင္းလက္မဲ့ျဖစ္ ေနခဲ့သူပါ။

ဂ်ဴဗင္တပ္အသင္းနည္းျပေဟာင္းျဖစ္သူ အယ္လီဂရီအေနနဲ႔ အီတလီထိပ္သီးကလပ္အသင္းရဲ့ကမ္းလွမ္းမႈမ်ား ကို ပယ္ခ်ခဲ့ၿပီး အနာဂတ္မွာ ပရီးမီးယားလိဂ္ကိုေျပာင္းေရႊ႕ဖို႔အတြက္ ျပင္ဆင္မႈအခ်ိဳ႕ျပဳလုပ္ေနတယ္လို႔ Dailym ail ရဲ့ အခိုင္အမာေဖာ္ျပခ်က္အရ သိရပါတယ္။

လက္ရွိမွာအသင္းလက္မဲ့အျဖစ္ရွိေနခဲ့တဲ့ နည္းျပအယ္လီဂရီကို ေခၚယူလိုေနတဲ့အသင္းမ်ားတြင္အသင္းေဟာင္း ဂ်ဴဗင္တပ္အသင္းအျပင္ ေအစီမီလန္အသင္းကပါ ေခၚယူလိုေနတာျဖစ္ၿပီး ကာယကံရွင္ျဖစ္သူက ျငင္းဆန္ပယ္ ခ်ခဲ့တာျဖစ္တယ္လို႔လည္း အီတလီမီဒီယာ footballitalia က ေဖာ္ျပထားခဲ့ပါတယ္။

သတင္းေဖာ္ျပမႈအခ်ိဳ႕အရမွာေတာ့ နည္းျပအယ္လီဂရီအေနနဲ႔ ပရီးမီးယားလိဂ္ကိုေျပာင္းေရႊ႕ဖို႔ျပင္ဆင္ေနတာၿဖ စ္ၿပီး အနာဂတ္ကာလမွာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ နည္းျပျဖစ္လာနို္င္ေျခရွိေနတယ္လို႔လည္း သတ င္းေဖာ္ျပမႈေတြရွိေနခဲ့တာပါ။

နည္းျပအယ္လီဂရီအေနနဲ႔ ရီးရဲလ္၊ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ရဲဲ့ စိတ္ဝင္စားျခင္းကိုခံေနရသူျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ရလဒ္ေကာင္းရဖို႔႐ုန္းကန္ေနရၿပီး ရာထူးကေနထုတ္ပယ္ခံရနိုင္ေခ်ရွိေနတဲ့ ယူနိုက္တက္နည္း ျပဆိုးလ္ရွားရဲ့ ေနရာမွာအစားထိုးခံရနိုင္ေျခအေနအမ်ားဆုံးျဖစ္ေနခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ အသင္းမွာရွိစဥ္အတြင္း စီးရီးေအခ်န္ပီယံ ၅ႀကိမ္၊ ကိုပါအီတာလီယာ ဖလား ၄ႀကိမ္၊ အီတလီစူပါဖလား ၂ႀကိမ္ရယူေပးခဲ့တဲ့ နည္းျပေဟာင္းအယ္လီဂရီကို လက္ရွိနည္းျပဆာရီရဲ့ေန ရာမွာ ျပန္လည္ခန႔္ထားလိုေနၿပီး ေအစီမီလန္အသင္းကလည္း တရားဝင္ကမ္းလွမ္းဖို႔ျပင္ဆင္ေနခဲ့ၿပီျဖစ္တယ္လို႔ Corriere dello Sport ကလည္း ေဖာ္ျပထားျပန္ပါတယ္။

unicode

နည်းပြအယ်လီဂရီအနေနဲ့ ဂျူဗင်တပ်အသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် လက်ရှိအချိန်အထိအသင်းလက်မဲ့ဖြစ် နေခဲ့သူပါ။

ဂျူဗင်တပ်အသင်းနည်းပြဟောင်းဖြစ်သူ အယ်လီဂရီအနေနဲ့ အီတလီထိပ်သီးကလပ်အသင်းရဲ့ကမ်းလှမ်းမှုများ ကို ပယ်ချခဲ့ပြီး အနာဂတ်မှာ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်မှုအချို့ပြုလုပ်နေတယ်လို့ Dailym ail ရဲ့ အခိုင်အမာဖော်ပြချက်အရ သိရပါတယ်။

လက်ရှိမှာအသင်းလက်မဲ့အဖြစ်ရှိနေခဲ့တဲ့ နည်းပြအယ်လီဂရီကို ခေါ်ယူလိုနေတဲ့အသင်းများတွင်အသင်းဟောင်း ဂျူဗင်တပ်အသင်းအပြင် အေစီမီလန်အသင်းကပါ ခေါ်ယူလိုနေတာဖြစ်ပြီး ကာယကံရှင်ဖြစ်သူက ငြင်းဆန်ပယ် ချခဲ့တာဖြစ်တယ်လို့လည်း အီတလီမီဒီယာ footballitalia က ဖော်ပြထားခဲ့ပါတယ်။

သတင်းဖော်ပြမှုအချို့အရမှာတော့ နည်းပြအယ်လီဂရီအနေနဲ့ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေတာဖြ စ်ပြီး အနာဂတ်ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်လာနို်င်ခြေရှိနေတယ်လို့လည်း သတ င်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

နည်းပြအယ်လီဂရီအနေနဲ့ ရီးရဲလ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲဲ့ စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်ပြီး လက်ရှိအချိန်မှာ ရလဒ်ကောင်းရဖို့ရုန်းကန်နေရပြီး ရာထူးကနေထုတ်ပယ်ခံရနိုင်ချေရှိနေတဲ့ ယူနိုက်တက်နည်း ပြဆိုးလ်ရှားရဲ့ နေရာမှာအစားထိုးခံရနိုင်ခြေအနေအများဆုံးဖြစ်နေခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းတာဝန်ရှိသူတွေအနေနဲ့ အသင်းမှာရှိစဉ်အတွင်း စီးရီးအေချန်ပီယံ ၅ကြိမ်၊ ကိုပါအီတာလီယာ ဖလား ၄ကြိမ်၊ အီတလီစူပါဖလား ၂ကြိမ်ရယူပေးခဲ့တဲ့ နည်းပြဟောင်းအယ်လီဂရီကို လက်ရှိနည်းပြဆာရီရဲ့နေ ရာမှာ ပြန်လည်ခန့်ထားလိုနေပြီး အေစီမီလန်အသင်းကလည်း တရားဝင်ကမ်းလှမ်းဖို့ပြင်ဆင်နေခဲ့ပြီဖြစ်တယ်လို့ Corriere dello Sport ကလည်း ဖော်ပြထားပြန်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *