ဧၿပီလတြင္ ေပါင္(၅၁)သန္းျဖင့္ ရရွိမည့္ တီမိုဗာနာကို လီဗာပူးလ္အသင္း ေခၚယူရန္ စီစဥ္ေန

လီဗာပူးလ္အသင္းသည္ ဧၿပီလတြင္ စာခ်ဳပ္ပါသေဘာတူညီမႈအရ ေလ်ာ္ေၾကး ေပါင္(၅၁)သန္းျဖင့္ ရရွိမည့္ တီမိုဗာနာကို ေခၚယူရန္ စီစဥ္ေနေၾကာင္း သိရွိရသည္။
ဂ်ာမနီတိုက္စစ္ က စား သ မား တီမိုဗာနာသည္ လာမည့္မတ္လတြင္ အသက္(၂၄)ႏွစ္ျပည့္မည္ျဖစ္ၿပီး ပရီးမီးယားလိဂ္၌ ကစားလိုေၾကာင္း ဝန္ခံထားသူျဖစ္သည္။
တီမိုဗာနာသည္ လိုက္ပ္ဇစ္အသင္းႏွင့္ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားေသာ္လည္း လာမည့္ဧၿပီလ၌ ၎၏ ေလ်ာ္ေၾကးတန္ဖိုးမွာ ေပါင္(၅၁)သန္းသို႔ က်ဆင္းသြားမည္ဟု သိရွိရသည္။

ထို႔ေၾကာင့္ လီဗာပူးလ္အသင္းသည္ နည္းၿပ ယာဂန္ကေလာ့ပ္ သေဘာက်ေနသည့္ တီမိုဗာနာကို လာမည့္ေႏြရာသီမွ ကမ္းလွမ္းသြားရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္းလည္း သိရွိရသည္။
တီမိုဗာနာသည္ လိုက္ပ္ဇစ္အသင္းအတြက္ (၁၄၃)ပြဲကစားကာ (၈၆)ဂိုး သြင္းယူထားသလို၊ ဂ်ာမနီလက္ေရြးစင္အသင္းအတြက္ (၂၉)ပြဲကစားကာ (၁၁)ဂိုး သြင္းယူထားသူျဖစ္သည္။
တီမိုဗာနာကို ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္ ခ်ယ္လ္ဆီးအသင္းတို႔ကလည္း ကမ္းလွမ္းရန္ စီစဥ္ေနေသာေၾကာင့္ လီဗာပူးလ္အသင္းအေနျဖင့္ ခက္ခက္ခဲခဲႀကိဳးပမ္းရဖြယ္ရွိေနေၾကာင္းလည္း သိရွိရသည္။

unicode

လီဗာပူးလ်အသင်းသည် ဧပြီလတွင် စာချုပ်ပါသဘောတူညီမှုအရ လျော်ကြေး ပေါင်(၅၁)သန်းဖြင့် ရရှိမည့် တီမိုဗာနာကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
ဂျာမနီတိုက်စစ် က စား သ မား တီမိုဗာနာသည် လာမည့်မတ်လတွင် အသက်(၂၄)နှစ်ပြည့်မည်ဖြစ်ပြီး ပရီးမီးယားလိဂ်၌ ကစားလိုကြောင်း ဝန်ခံထားသူဖြစ်သည်။
တီမိုဗာနာသည် လိုက်ပ်ဇစ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း လာမည့်ဧပြီလ၌ ၎င်း၏ လျော်ကြေးတန်ဖိုးမှာ ပေါင်(၅၁)သန်းသို့ ကျဆင်းသွားမည်ဟု သိရှိရသည်။

ထို့ကြောင့် လီဗာပူးလ်အသင်းသည် နည်းပြ ယာဂန်ကလော့ပ် သဘောကျနေသည့် တီမိုဗာနာကို လာမည့်နွေရာသီမှ ကမ်းလှမ်းသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
တီမိုဗာနာသည် လိုက်ပ်ဇစ်အသင်းအတွက် (၁၄၃)ပွဲကစားကာ (၈၆)ဂိုး သွင်းယူထားသလို၊ ဂျာမနီလက်ရွေးစင်အသင်းအတွက် (၂၉)ပွဲကစားကာ (၁၁)ဂိုး သွင်းယူထားသူဖြစ်သည်။
တီမိုဗာနာကို ဘိုင်ယန်မြူးနစ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ကလည်း ကမ်းလှမ်းရန် စီစဉ်နေသောကြောင့် လီဗာပူးလ်အသင်းအနေဖြင့် ခက်ခက်ခဲခဲကြိုးပမ်းရဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။

ခ ရက္ ဒစ္ Eleven Sports

Add a Comment

Your email address will not be published. Required fields are marked *