ေမာ္ရင္ဟိုမွားတာကိုက်ေနာ္သက္ေသျပခ်င္ခဲ့တာပါဆိုတဲ့ ယူနိက္တဒ္ကစားသမား

မန္ယူႏိုက္တဒ္ တိုက္စစ္ က စား သ မား အန္သိုနီမာစီရယ္ က သူ႔အေနနဲ႔ ဟိုေဆးေမာ္ရင္ဟို ရဲ႕ သူ႔အေပၚေဝဖန္မႈ႕က မွားယြင္းခဲ့ေၾကာင္းကို သက္ေသျပခဲ့ခ်င္ၿပီး အဆိုပါကာလမွာ ပိုမို႐ုန္းကန္ခဲ့ရတယ္လို႔ဆိုပါတယ္။ ဗန္ဂါလ္း ရဲ႕သန္း၆၀ တန္ တိုက္စစ္မႈးကပထမရာသီမွာပဲ ၁၇ဂိုးနဲ႔အတူ ေျခစြမ္းျပခဲ့ၿပီး အေကာင္းဆုံးရာသီပိုင္ဆိုင္ခဲ့ေပမယ့္ ေမာ္ရင္ဟို လက္ထက္မွာေတာ့ ခံစစ္ပိုင္းအားနည္းတယ္ဆိုတဲ့မွတ္ခ်က္နဲ႔အတူ အရံခုံမွာသာ ေနခဲ့ရပါတယ္။စတုတ္နဲ႔ပြဲ မိနစ္၆၀ မွသာ လူစားဝင္ခဲ့ရၿပီး အဆိုပါပြဲမွာပဲ ေမာ္ရင္ဟိုအတြက္ ပထမဆုံးဂိုးကိုစတင္သြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။

“က်ေနာ့္ကိုလူေတြေရွ႕မွာဆူပူတာမ်ိဳးထက္ တစ္ဦးခ်င္းေျပာဆိုတာမ်ိဳးကိုပဲက်ေနာ္ႀကိဳက္ႏွစ္သက္တယ္။ဒါေပါ့က်ေနာ္ကသူ(ေမာ္ရင္ဟို) မွားတယ္ဆိုတာကိုသက္ေသျပခ်င္တာေလ။ပထမရာသီရဲ႕အစပိုင္းေတြမွာက်ေနာ္ကဝင္မကစားရဘူးေလ၊ဝင္ရရင္လည္း မိနစ္အနည္းငယ္ပဲ မ်ားေသာအားျဖင့္က အရံခုံေပၚထိုင္ေနရတာမဟုတ္လား ၊ ၿပီးေတာ့ က်ေနာ္အရံခုံကေနထလာၿပီး ဂိုးစသြင္းလိုက္တယ္။ ပြဲၿပီးေတာ့သူ(ေမာ္ရင္ဟို) က အခုမင္းျမင္လား၊ငါမင္းဆီကဘာလိုခ်င္လည္းမင္းသိၿပီလား လို႔လာေျပာတယ္။”

” သူကဆက္ၿပီးေတာ့ ဒါကမင္းကိုစိတ္ဆိုးေစမွာငါသိတယ္၊ဒါကပဲမင္းကိုကြင္းထဲမွာပိုၿပီး႐ုန္းကန္ေစတာမဟုတ္လား လို႔ထပ္ေျပာခဲ့ပါေသးတယ္။က်ေနာ္က သူ႔အေနနဲ႔က်ေနာ့္ကိုတိုကိ႐ိုက္ေဝဖန္တာမ်ိဳးပဲလိုခ်င္ခဲ့တာ၊အမ်ားေရွ႕မွာေတာ့မဟုတ္ဘူးေလ။ဒီလိုျဖစ္သြားရင္ေတာ့ဘယ္သူမဆို သူတို႔မွန္ေၾကာင္းကိုသက္ေသျပခ်င္မွာပဲမဟုတ္လား” လို႔ဆိုပါတယ္။

မာစီရယ္က ယူနိက္တဒ္အနဲ႔အတူလက္ရွိမွာ ပြဲေပါင္း၂၀၀ ျပည့္ေျမာက္ခဲ့ၿပီျဖစ္သလို အသင္းရဲ႕ ေက်ာနံပတ္၉ နဲ႔အတူ အဓိကတိုက္စစ္မႈးလည္းျဖစ္ေနပါၿပီ။ ဆိုးလ္ရွားရဲ႕လက္ထဲမွာ ေပ်ာ္႐ႊင္ေနတဲ့ မာစီရယ္ အေနနဲ႔ မားကပ္စ္ရရွ္ဖိုဒ့္ သာျပန္လာခဲ့ရင္ ယခင္ေျခစြမ္းေတြျပန္ရဖို႔ေမွ်ာ္လင့္ႏိုင္ၿပီး လူငယ္တိုက္စစ္အတြဲကအသင္းကို ပိုမိုေကာင္းမြန္တဲ့အနာဂတ္ဆီေခၚေဆာင္သြားႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။

Unicode

မန်ယူနိုက်တဒ် တိုက်စစ် က စား သ မား အန်သိုနီမာစီရယ် က သူ့အနေနဲ့ ဟိုဆေးမော်ရင်ဟို ရဲ့ သူ့အပေါ်ဝေဖန်မှု့က မှားယွင်းခဲ့ကြောင်းကို သက်သေပြခဲ့ချင်ပြီး အဆိုပါကာလမှာ ပိုမိုရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ်။ ဗန်ဂါလ်း ရဲ့သန်း၆၀ တန် တိုက်စစ်မှုးကပထမရာသီမှာပဲ ၁ရဂိုးနဲ့အတူ ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံးရာသီပိုင်ဆိုင်ခဲ့ပေမယ့် မော်ရင်ဟို လက်ထက်မှာတော့ ခံစစ်ပိုင်းအားနည်းတယ်ဆိုတဲ့မှတ်ချက်နဲ့အတူ အရံခုံမှာသာ နေခဲ့ရပါတယ်။စတုတ်နဲ့ပွဲ မိနစ်၆၀ မှသာ လူစားဝင်ခဲ့ရပြီး အဆိုပါပွဲမှာပဲ မော်ရင်ဟိုအတွက် ပထမဆုံးဂိုးကိုစတင်သွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

“ကျနော့်ကိုလူတွေရှေ့မှာဆူပူတာမျိုးထက် တစ်ဦးချင်းပြောဆိုတာမျိုးကိုပဲကျနော်ကြိုက်နှစ်သက်တယ်။ဒါပေါ့ကျနော်ကသူ(မော်ရင်ဟို) မှားတယ်ဆိုတာကိုသက်သေပြချင်တာလေ။ပထမရာသီရဲ့အစပိုင်းတွေမှာကျနော်ကဝင်မကစားရဘူးလေ၊ဝင်ရရင်လည်း မိနစ်အနည်းငယ်ပဲ များသောအားဖြင့်က အရံခုံပေါ်ထိုင်နေရတာမဟုတ်လား ၊ ပြီးတော့ ကျနော်အရံခုံကနေထလာပြီး ဂိုးစသွင်းလိုက်တယ်။ ပွဲပြီးတော့သူ(မော်ရင်ဟို) က အခုမင်းမြင်လား၊ငါမင်းဆီကဘာလိုချင်လည်းမင်းသိပြီလား လို့လာပြောတယ်။”

” သူကဆက်ပြီးတော့ ဒါကမင်းကိုစိတ်ဆိုးစေမှာငါသိတယ်၊ဒါကပဲမင်းကိုကွင်းထဲမှာပိုပြီးရုန်းကန်စေတာမဟုတ်လား လို့ထပ်ပြောခဲ့ပါသေးတယ်။ကျနော်က သူ့အနေနဲ့ကျနော့်ကိုတိုကိရိုက်ဝေဖန်တာမျိုးပဲလိုချင်ခဲ့တာ၊အများရှေ့မှာတော့မဟုတ်ဘူးလေ။ဒီလိုဖြစ်သွားရင်တော့ဘယ်သူမဆို သူတို့မှန်ကြောင်းကိုသက်သေပြချင်မှာပဲမဟုတ်လား” လို့ဆိုပါတယ်။

မာစီရယ်က ယူနိက်တဒ်အနဲ့အတူလက်ရှိမှာ ပွဲပေါင်း၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သလို အသင်းရဲ့ ကျောနံပတ်၉ နဲ့အတူ အဓိကတိုက်စစ်မှုးလည်းဖြစ်နေပါပြီ။ ဆိုးလ်ရှားရဲ့လက်ထဲမှာ ပျော်ရွှင်နေတဲ့ မာစီရယ် အနေနဲ့ မားကပ်စ်ရရှ်ဖိုဒ့် သာပြန်လာခဲ့ရင် ယခင်ခြေစွမ်းတွေပြန်ရဖို့မျှော်လင့်နိုင်ပြီး လူငယ်တိုက်စစ်အတွဲကအသင်းကို ပိုမိုကောင်းမွန်တဲ့အနာဂတ်ဆီခေါ်ဆောင်သွားနိုင်ဖို့မျှော်လင့်နေပါတယ်။

ခ ရက္ ဒစ္ United Myanmar News

Add a Comment

Your email address will not be published. Required fields are marked *