EPL ဖလားကိုင္ေျမႇာက္ေစဖို႔ ဂ်ရတ္ကိုအငွားေခၚမွာမဟုတ္ဘူးလို႔ လီဗာပူးလ္တုံ႔ျပန္

လီဗာပူးလ္အသင္းရဲ့ အသည္းႏွလုံးကစားသမားလည္းျဖစ္ခဲ့ၿပီး အမွတ္ေပးဖလားကို ကစားသမားဘဝမွာ လုံးဝကိုင္ေျမႇာက္ဖူးခဲ့သူမဟုတ္ဘဲ ကစားသမားဘဝကအနားယူခဲ့ရတာလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ့ အမႈေဆာင္အရာရွိခ်ဳပ္ပီတာမိုးက ပရီးမီးယားလိဂ္ဖလားကို စတီဗင္ဂ်ရတ္ကိုင္ေျမႇာက္ခြင့္ရရွိဖို႔အတြက္ ကာလတိုအငွားနဲ႔ေခၚယူသြားမယ္ဆိုတဲ့ သတင္းေတြအေပၚကို ျငင္းဆန္သြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္အနည္းငယ္အတြင္းက ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ပီတာမိုးက ေျပာဆိုခဲ့တာလည္းျဖစ္ၿပီး ေကာလာဟလသတင္းေတြသာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

စတီဗင္ဂ်ရတ္ကေတာ့ လီဗာပူးလ္အသင္းရဲ့အသင္းေခါင္းေဆာင္အျဖစ္နဲ႔ အန္ဖီးလ္မွာ ကစားခဲ့သူျဖစ္ပါတယ္။ နာမည္ေက်ာ္ကစားသမားတစ္ဦးျဖစ္ကာ လီဗာပူးလ္အသင္းရဲ့ အသည္းႏွလုံးကစားသမားလည္းျဖစ္ခဲ့ၿပီး အမွတ္ေပးဖလားကို ကစားသမားဘဝမွာ လုံးဝကိုင္ေျမႇာက္ဖူးခဲ့သူမဟုတ္ဘဲ ကစားသမားဘဝကအနားယူခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီရာသီမွာ လီဗာပူးလ္က အမွတ္ေပးဖလားကို ဆြတ္ခူးနိုင္ဖို႔အတြက္ ၉၉%အထိ ေသခ်ာသြားခဲ့ၿပီးေနာက္မွာ အသင္းပရိသတ္ေတြက သူတို႔ရဲ့ဂႏၴဝင္အသင္းေခါင္းေဆာင္ေဟာင္းကို ပရီးမီးယားလိဂ္ဖလားကိုင္ေျမႇာက္ေစခ်င္တဲ့ ဆႏၵေတြရွိခဲ့ပါတယ္။ ဒီအတြက္ တြစ္တာေပၚမွာ ဂ်ရတ္ကို ငါးပြဲကစားေစဖို႔ အငွားစာခ်ဳပ္နဲ႔ ေခၚယူမယ္ဆိုတဲ့ သတင္းေတြထြက္ေပၚလာေအာင္ လႈံ႔ေဆာင္ခဲ့ၾကပါတယ္။

လက္ရွိမွာ ဂ်ရတ္က စေကာ့တလန္ရိန္းဂ်ားအသင္းနည္းျပအျဖစ္ တာဝန္ယူေနတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ဖလားနဲ႔ လက္တစ္ကမ္းအကြာကို ေရာက္ရွိခဲ့ၿပီးမွ လြဲေခ်ာ္ခဲ့ရတဲ့အျဖစ္ဆိုးနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဂ်ရတ္ကို ပရိသတ္ေတြဘက္က ဆုဖလားနဲ႔အတူျမင္ေတြ႕ခ်င္ခဲ့ေပမယ့္ ပီတာမိုးရဲ့ ေျပာဆိုမႈေတြက သူတို႔ေမၽွာ္လင့္ခ်က္ကို ကုန္ဆုံးေစခဲ့ၿပီျဖစ္ပါတယ္။

“ဘာေတြျဖစ္ေနလဲဆိုတာကၽြန္ေတာ့္ကို ရွင္းျပခြင့္ျပဳပါ၊ ဂ်ရတ္ကို ပရီးမီးယားလိဂ္ဖလားကိုင္ေျမႇာက္ေစဖို႔ ျပန္ေခၚမွာလားဆိုတဲ့ေမးခြန္းနဲ႔ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္ျပန္ေမးခ်င္ပါတယ္၊ ဒီလိုလုပ္ဖို႔အတြက္ ဘယ္ကစားသမားကို အသင္းလူစာရင္းကေန ထုတ္ပယ္သြားရမွာလဲ ဆိုတာပါ၊ သူက အခု အျခားအသင္းတစ္ခုမွာ တာဝန္ယူေနတာပါ၊ သူ႔ရဲ့နည္းျပဘဝအတြက္ ကၽြန္ေတာ္တို႔ဂုဏ္ယူမိပါတယ္၊ ဒါေပမယ့္ သူ႔ကို ျပန္ေခၚယူဖို႔က မျဖစ္နိုင္ပါဘူး” လို႔ Soccer Laduma ကတဆင့္ ပီတာမိုးက ေျပာဆိုခဲ့ပါတယ္။

unicode

လီဗာပူးလ်အသင်းရဲ့ အသည်းနှလုံးကစားသမားလည်းဖြစ်ခဲ့ပြီး အမှတ်ပေးဖလားကို ကစားသမားဘဝမှာ လုံးဝကိုင်မြှောက်ဖူးခဲ့သူမဟုတ်ဘဲ ကစားသမားဘဝကအနားယူခဲ့ရတာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ပီတာမိုးက ပရီးမီးယားလိဂ်ဖလားကို စတီဗင်ဂျရတ်ကိုင်မြှောက်ခွင့်ရရှိဖို့အတွက် ကာလတိုအငှားနဲ့ခေါ်ယူသွားမယ်ဆိုတဲ့ သတင်းတွေအပေါ်ကို ငြင်းဆန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပီတာမိုးက ပြောဆိုခဲ့တာလည်းဖြစ်ပြီး ကောလာဟလသတင်းတွေသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

စတီဗင်ဂျရတ်ကတော့ လီဗာပူးလ်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်နဲ့ အန်ဖီးလ်မှာ ကစားခဲ့သူဖြစ်ပါတယ်။ နာမည်ကျော်ကစားသမားတစ်ဦးဖြစ်ကာ လီဗာပူးလ်အသင်းရဲ့ အသည်းနှလုံးကစားသမားလည်းဖြစ်ခဲ့ပြီး အမှတ်ပေးဖလားကို ကစားသမားဘဝမှာ လုံးဝကိုင်မြှောက်ဖူးခဲ့သူမဟုတ်ဘဲ ကစားသမားဘဝကအနားယူခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးလ်က အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် ၉၉%အထိ သေချာသွားခဲ့ပြီးနောက်မှာ အသင်းပရိသတ်တွေက သူတို့ရဲ့ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်းကို ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်စေချင်တဲ့ ဆန္ဒတွေရှိခဲ့ပါတယ်။ ဒီအတွက် တွစ်တာပေါ်မှာ ဂျရတ်ကို ငါးပွဲကစားစေဖို့ အငှားစာချုပ်နဲ့ ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာအောင် လှုံ့ဆောင်ခဲ့ကြပါတယ်။

လက်ရှိမှာ ဂျရတ်က စကော့တလန်ရိန်းဂျားအသင်းနည်းပြအဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားနဲ့ လက်တစ်ကမ်းအကွာကို ရောက်ရှိခဲ့ပြီးမှ လွဲချော်ခဲ့ရတဲ့အဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂျရတ်ကို ပရိသတ်တွေဘက်က ဆုဖလားနဲ့အတူမြင်တွေ့ချင်ခဲ့ပေမယ့် ပီတာမိုးရဲ့ ပြောဆိုမှုတွေက သူတို့မျှော်လင့်ချက်ကို ကုန်ဆုံးစေခဲ့ပြီဖြစ်ပါတယ်။

“ဘာတွေဖြစ်နေလဲဆိုတာကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ၊ ဂျရတ်ကို ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်စေဖို့ ပြန်ခေါ်မှာလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြန်မေးချင်ပါတယ်၊ ဒီလိုလုပ်ဖို့အတွက် ဘယ်ကစားသမားကို အသင်းလူစာရင်းကနေ ထုတ်ပယ်သွားရမှာလဲ ဆိုတာပါ၊ သူက အခု အခြားအသင်းတစ်ခုမှာ တာဝန်ယူနေတာပါ၊ သူ့ရဲ့နည်းပြဘဝအတွက် ကျွန်တော်တို့ဂုဏ်ယူမိပါတယ်၊ ဒါပေမယ့် သူ့ကို ပြန်ခေါ်ယူဖို့က မဖြစ်နိုင်ပါဘူး” လို့ Soccer Laduma ကတဆင့် ပီတာမိုးက ပြောဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *