PSG အတြက္ ၂၈ ပြဲမွာ ၃၈ ဂိုးသြင္းေပးထားတဲ့ လိပ္ကေလးအမ္ဘာေပ

PSG ရဲ့ ျပင္သစ္လူငယ္တိုက္စစ္းေလးအမ္ဘာေပဟာ ဒီႏွစ္ေဘာလုံးရာသီမွာလည္း အသင္းအတြက္ အထူးေျခစြမ္းျပၿပီး ဂိုးေတြေတာက္ေလၽွာက္သြင္းယူေနခဲ့တာေတြ႕ရပါတယ္။ အမ္ဘာေပဟာ ဒဏ္ရာျပႆနာေၾကာင့္ တစ္လေလာက္အနားယူခဲ့ရေပမယ့္လည္း ဒီႏွစ္ေဘာလုံးရာသီ PSG အသင္းရဲ့ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနခဲ့ၿပီး ၿပိဳင္ပြဲစုံ ၂၈ ပြဲပါဝင္ကစားထားရာမွာေတာ့ သြင္းဂိုး ၃၈ ဂိုးမွာ တိုက္ရိုက္ပါဝင္ပတ္သက္ေနခဲ့ပါတယ္။ ကိုယ္တိုင္ ၂၄ ဂိုးသြင္းယူထားခဲ့ၿပီး အသင္းေဖာ္ေတြကိုေတာ့ ၁၄ ဂိုးဖန္တီးေပးထားခဲ့တာပါ။

အသက္ ၂၁ ႏွစ္အရြယ္သာရွိေသးတဲ့ လူငယ္တိုက္စစ္းေလးအမ္ဘာေပဟာ သူ႔အသက္အရြယ္တန္းမွာေတာ့ ခၽြင္းခ်က္မရွိအေကာင္းဆုံးကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္ေနခဲ့ပါတယ္။ သူဟာ ၂၀၁၈ ခုႏွစ္၊ ကမၻာ့ဖလားခ်န္ပီယံျပင္သစ္အသင္းရဲ့ အဓိကတိုက္စစ္ကစားသမားတစ္ေယာက္ျဖစ္ခဲ့သလို ကမၻာ့အေကာင္းဆုံးလူငယ္ကစားသမားဆု(Golden Boy)နဲ႔ ကမၻာ့ဖလားရဲ့ အေကာင္းဆုံးလူငယ္ကစားသမားဆုတို႔ကို ဆြတ္ခူးနိုင္ခဲ့ပါတယ္။ ကလပ္အသင္းကစားသမားဘဝမွာလည္း အထူးေျခစြမ္းျပကစားေနခဲ့ၿပီး မိုနာကိုအသင္းကို ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကို ပို႔ေဆာင္ေပးနိုင္ခဲ့သလို လက္ရွိ PSG မွာလည္း ဂိုးေတြေတာက္ေလၽွာက္သြင္းယူေနခဲ့ပါတယ္။

PSG အတြက္ ၁၁၅ ပြဲပါဝင္ကစားေပးထားၿပီး ၈၄ဂိုးထိသြင္းယူနိုင္ခဲ့သူအမ္ဘာေပဟာ ပေရာ္ဖက္ရွင္နယ္(ကလပ္အသင္း)ကစားသမားဘဝ ပြဲေပါင္း ၁၇၅ ပြဲတိတိကစားခဲ့ၿပီးျဖစ္သလို ၁၁၁ ဂိုးထိ သြင္းယူခဲ့ၿပီးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ေဘာလုံးရာသီမွာ ျပင္သစ္လီဂူးရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု၊ တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုနဲ႔ ဂိုးသြင္းအမ်ားဆုံးကစားသမားဆုတို႔ကို သိမ္းက်ဳံးဆြတ္ခူးနိုင္ခဲ့သူအမ္ဘာေပဟာ ဒီရာသီမွာလည္း ေရႊဖိနပ္ဆုအတြက္ မိုနာကိုရဲ့ဘင္ယက္ဒါကို ဖိအားေပးလ်က္ရွိေနပါတယ္။

ဘင္ယက္ဒါက ျပင္သစ္လီဂူးမွာ သြင္းဂိုး၁၆ဂိုးရရွိထားၿပီး အမ္ဘာေပကေတာ့ ၁၅ ဂိုး သြင္းယူထားခဲ့တာပါ။ လူငယ္ကစားသမားဘဝမွာပဲ တစ္ဦးခ်င္းနဲ႔ အသင္းလိုက္ေအာင္ျမင္မႈေတြ ဆက္တိုက္ရယူေနတဲ့ အမ္ဘာေပအေနနဲ႔ မက္ဆီ၊ ေရာ္နယ္ဒိုတို႔လို အေကာင္းဆုံးေျခစြမ္းကို အခ်ိန္အၾကာႀကီးဆက္ထိန္းထားနိုင္မလားဆိုတာကိုေတာ့ ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

unicode

PSG ရဲ့ ပြင်သစ်လူငယ်တိုက်စစ်းလေးအမ်ဘာပေဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် အထူးခြေစွမ်းပြပြီး ဂိုးတွေတောက်လျှောက်သွင်းယူနေခဲ့တာတွေ့ရပါတယ်။ အမ်ဘာပေဟာ ဒဏ်ရာပြဿနာကြောင့် တစ်လလောက်အနားယူခဲ့ရပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီ PSG အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေခဲ့ပြီး ပြိုင်ပွဲစုံ ၂၈ ပွဲပါဝင်ကစားထားရာမှာတော့ သွင်းဂိုး ၃၈ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၂၄ ဂိုးသွင်းယူထားခဲ့ပြီး အသင်းဖော်တွေကိုတော့ ၁၄ ဂိုးဖန်တီးပေးထားခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်းလေးအမ်ဘာပေဟာ သူ့အသက်အရွယ်တန်းမှာတော့ ချွင်းချက်မရှိအကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့သလို ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားဆု(Golden Boy)နဲ့ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကလပ်အသင်းကစားသမားဘဝမှာလည်း အထူးခြေစွမ်းပြကစားနေခဲ့ပြီး မိုနာကိုအသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့သလို လက်ရှိ PSG မှာလည်း ဂိုးတွေတောက်လျှောက်သွင်းယူနေခဲ့ပါတယ်။

PSG အတွက် ၁၁၅ ပွဲပါဝင်ကစားပေးထားပြီး ၈၄ဂိုးထိသွင်းယူနိုင်ခဲ့သူအမ်ဘာပေဟာ ပရော်ဖက်ရှင်နယ်(ကလပ်အသင်း)ကစားသမားဘဝ ပွဲပေါင်း ၁၇၅ ပွဲတိတိကစားခဲ့ပြီးဖြစ်သလို ၁၁၁ ဂိုးထိ သွင်းယူခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ပြင်သစ်လီဂူးရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုတို့ကို သိမ်းကျုံးဆွတ်ခူးနိုင်ခဲ့သူအမ်ဘာပေဟာ ဒီရာသီမှာလည်း ရွှေဖိနပ်ဆုအတွက် မိုနာကိုရဲ့ဘင်ယက်ဒါကို ဖိအားပေးလျက်ရှိနေပါတယ်။

ဘင်ယက်ဒါက ပြင်သစ်လီဂူးမှာ သွင်းဂိုး၁၆ဂိုးရရှိထားပြီး အမ်ဘာပေကတော့ ၁၅ ဂိုး သွင်းယူထားခဲ့တာပါ။ လူငယ်ကစားသမားဘဝမှာပဲ တစ်ဦးချင်းနဲ့ အသင်းလိုက်အောင်မြင်မှုတွေ ဆက်တိုက်ရယူနေတဲ့ အမ်ဘာပေအနေနဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့လို အကောင်းဆုံးခြေစွမ်းကို အချိန်အကြာကြီးဆက်ထိန်းထားနိုင်မလားဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *