ကိုယ္ကိုင္တြယ္ေနတဲ့ အသင္းနာမည္ကို ေမ့ေနခဲ့တဲ့ ဆိုးလ္ကမ္းဘဲ

ကမ္းဘဲအေနနဲ႔ အရင္ကတည္း ဒီလိုအမွားမ်ိဳးျဖစ္ဖူးခဲ့ၿပီး ၿပီးခဲ့တဲ့ကမၻာ့ဖလားကာလအတြင္းမွာ ဘယ္လ္ဂ်ီယံနဲ႔ ဘရာဇီးလ္ပြဲမွာ ဘယ္သူအနိုင္ရမလဲ ေမးျမန္းခဲ့မႈကို ျပင္သစ္အနိုင္ရမယ္ထင္တယ္လို႔ ျပန္လည္ေျဖဆိုခဲ့ဖူးပါတယ္။

ေဖေဖာ္ဝါရီလ ၁၂ရက္ေန႔က ကစားခဲ့တဲ့ အဂၤလန္လိဂ္ဝမ္းပြဲစဥ္ ၃၂ မွာ အာဆင္နယ္အသင္းေနာက္ခံလူေဟာင္းဆိုးလ္ကမ္းဘဲရဲ့ ေဆာက္အန႔္အသင္းဟာ ပီတာဘေရာ့အသင္းကို အေဝးကြင္းမွာ ၄-၀ နဲ႔ အေရးနိမ့္ခဲ့ပါတယ္။ အဆိုပါပြဲစဥ္အၿပီး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာေတာ့ ဆိုးလ္ကမ္းဘဲက သူကိုင္တြယ္တဲ့အသင္းနာမည္ကို ေမ့ေလ်ာ့ေနခဲ့ပါတယ္။

ေဆာက္အန႔္ နဲ႔ ေဆာက္သမ္တန္ကို ဆိုးလ္ကမ္းဘဲက မွားယြင္းေျပာဆိုခဲ့ၿပီးေတာ့ ဒီလိုမျဖစ္သင့္တဲ့အမွားမ်ိဳးအတြက္လည္း ေဝဖန္ခံေနရၿပီျဖစ္ပါတယ္။ ေဆာက္အန႔္အသင္းကေတာ့ လိဂ္ဝမ္းမွာ ပြဲ ၃၀ ကစားထားၿပီး ၅ ပြဲသာအနိုင္ရရွိထားကာ အသင္းေပါင္း ၂၃သင္းရွိတဲ့ လိဂ္မွာ အဆင့္ ၂၂ေနရာရပ္တည္ေနရၿပီး လိဂ္ (၂) ကို တန္းဆင္းရဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။

အသင္းရဲ့စြမ္းေဆာင္ရည္ပိုင္းနဲ႔ပတ္သက္ၿပီး ဆိုးလ္ကမ္းဘဲကို ေမးျမန္းခဲ့ရာမွာ “ကၽြန္ေတာ္ထင္ပါတယ္၊ ခင္ဗ်ားလည္းသိမွာပါ၊ လူငယ္ေလးေတြကို ေျပာၾကလိမ့္မယ္၊ သူတို႔ထဲက အနည္းငယ္က ေဆာက္သမ္တန္မွာ ကစားေနတာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။ ကမ္းဘဲရဲ့ေျပာဆိုမႈမၿပီးဆုံးခင္မွာပဲ သတင္းေထာက္က ေနာက္တစ္ႀကိမ္ထပ္ေျပာဖို႔ ေတာင္းဆိုခဲ့ရာမွာ ဘာေၾကာင့္လဲလို႔ ကမ္းဘဲက ေမးျမန္းခဲ့ပါတယ္။

ဒီအခ်ိန္မွာ သတင္းေထာက္က “ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားအသင္းက ေဆာက္အန႔္ပါ” လို႔ ျပန္လည္ေျပာဆိုခဲ့ရပါတယ္။ တြစ္တာေပၚမွာကေတာ့ ဒီ႐ုပ္သံဗီဒီယိုက ေရပန္းစားေနၿပီး ကမ္းဘဲရဲ့မွားယြင္းမႈအေပၚမွာ ဟာသလုပ္ေျပာဆိုေနခဲ့ၾကပါတယ္။ ကမ္းဘဲအေနနဲ႔ အရင္ကတည္း ဒီလိုအမွားမ်ိဳးျဖစ္ဖူးခဲ့ၿပီး ၿပီးခဲ့တဲ့ကမၻာ့ဖလားကာလအတြင္းမွာ ဘယ္လ္ဂ်ီယံနဲ႔ ဘရာဇီးလ္ပြဲမွာ ဘယ္သူအနိုင္ရမလဲ ေမးျမန္းခဲ့မႈကို ျပင္သစ္အနိုင္ရမယ္ထင္တယ္လို႔ ျပန္လည္ေျဖဆိုခဲ့ဖူးပါတယ္။

unicode

ကမ်းဘဲအနေနဲ့ အရင်ကတည်း ဒီလိုအမှားမျိုးဖြစ်ဖူးခဲ့ပြီး ပြီးခဲ့တဲ့ကမ္ဘာ့ဖလားကာလအတွင်းမှာ ဘယ်လ်ဂျီယံနဲ့ ဘရာဇီးလ်ပွဲမှာ ဘယ်သူအနိုင်ရမလဲ မေးမြန်းခဲ့မှုကို ပြင်သစ်အနိုင်ရမယ်ထင်တယ်လို့ ပြန်လည်ဖြေဆိုခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီလ ၁၂ရက်နေ့က ကစားခဲ့တဲ့ အင်္ဂလန်လိဂ်ဝမ်းပွဲစဉ် ၃၂ မှာ အာဆင်နယ်အသင်းနောက်ခံလူဟောင်းဆိုးလ်ကမ်းဘဲရဲ့ ဆောက်အန့်အသင်းဟာ ပီတာဘရော့အသင်းကို အဝေးကွင်းမှာ ၄-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာတော့ ဆိုးလ်ကမ်းဘဲက သူကိုင်တွယ်တဲ့အသင်းနာမည်ကို မေ့လျော့နေခဲ့ပါတယ်။

ဆောက်အန့် နဲ့ ဆောက်သမ်တန်ကို ဆိုးလ်ကမ်းဘဲက မှားယွင်းပြောဆိုခဲ့ပြီးတော့ ဒီလိုမဖြစ်သင့်တဲ့အမှားမျိုးအတွက်လည်း ဝေဖန်ခံနေရပြီဖြစ်ပါတယ်။ ဆောက်အန့်အသင်းကတော့ လိဂ်ဝမ်းမှာ ပွဲ ၃၀ ကစားထားပြီး ၅ ပွဲသာအနိုင်ရရှိထားကာ အသင်းပေါင်း ၂၃သင်းရှိတဲ့ လိဂ်မှာ အဆင့် ၂၂နေရာရပ်တည်နေရပြီး လိဂ် (၂) ကို တန်းဆင်းရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီး ဆိုးလ်ကမ်းဘဲကို မေးမြန်းခဲ့ရာမှာ “ကျွန်တော်ထင်ပါတယ်၊ ခင်ဗျားလည်းသိမှာပါ၊ လူငယ်လေးတွေကို ပြောကြလိမ့်မယ်၊ သူတို့ထဲက အနည်းငယ်က ဆောက်သမ်တန်မှာ ကစားနေတာပါ” လို့ ပြောဆိုခဲ့ပါတယ်။ ကမ်းဘဲရဲ့ပြောဆိုမှုမပြီးဆုံးခင်မှာပဲ သတင်းထောက်က နောက်တစ်ကြိမ်ထပ်ပြောဖို့ တောင်းဆိုခဲ့ရာမှာ ဘာကြောင့်လဲလို့ ကမ်းဘဲက မေးမြန်းခဲ့ပါတယ်။

ဒီအချိန်မှာ သတင်းထောက်က “ဘာလို့လဲဆိုတော့ ခင်ဗျားအသင်းက ဆောက်အန့်ပါ” လို့ ပြန်လည်ပြောဆိုခဲ့ရပါတယ်။ တွစ်တာပေါ်မှာကတော့ ဒီရုပ်သံဗီဒီယိုက ရေပန်းစားနေပြီး ကမ်းဘဲရဲ့မှားယွင်းမှုအပေါ်မှာ ဟာသလုပ်ပြောဆိုနေခဲ့ကြပါတယ်။ ကမ်းဘဲအနေနဲ့ အရင်ကတည်း ဒီလိုအမှားမျိုးဖြစ်ဖူးခဲ့ပြီး ပြီးခဲ့တဲ့ကမ္ဘာ့ဖလားကာလအတွင်းမှာ ဘယ်လ်ဂျီယံနဲ့ ဘရာဇီးလ်ပွဲမှာ ဘယ်သူအနိုင်ရမလဲ မေးမြန်းခဲ့မှုကို ပြင်သစ်အနိုင်ရမယ်ထင်တယ်လို့ ပြန်လည်ဖြေဆိုခဲ့ဖူးပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *