ဂ်ဴဗင္တပ္ရဲ့ မက္ဆီ ျဖစ္လာနိုင္တဲ့ ဒိုင္ဘာလာ

ဒိုင္ဘာလာကို အသင္းမွာဆက္ရွိေနမယ္ဆိုရင္ တခ်ိန္မွာ ဂ်ဴဗင္တပ္အသင္းရဲ့ မက္ဆီ ျဖစ္လာဖို႔ ေမၽွာ္လင့္ ေၾကာင္း အားကစားအမႈေဆာင္အရာရွိခ်ဳပ္ ေဖဘီယိုပါရာတီစီက ေျပာလာတာပါ။

ဂ်ဴဗင္တပ္အသင္းရဲ့ အားကစားအမႈေဆာင္အရာရွိခ်ဳပ္ ေဖဘီယိုပါရာတီစီက ဒိုင္ဘာလာအေနနဲ႔ တူရင္မွာ ဆက္ရွိေနမယ္ဆိုရင္ တစ္ခ်ိန္မွာ ဂ်ဴဗင္တပ္ရဲ့ မက္ဆီ ျဖစ္လာနိုင္တယ္လို႔ မွတ္ခ်က္ျပဳ ေျပာလာတဲ့အေၾကာင္း Goal.com သတင္းဌာနက ေဖာ္ျပလာပါတယ္။

ဒိုင္ဘာလာကေတာ့ ဂ်ဴဗင္တပ္အသင္းရဲ့ ေအာင္ျမင္ခဲ့တဲ့ ကာလေတြမွာ အဓိကက်တဲ့ ကစားသမားအျဖစ္ ပါဝင္ လာသူ ျဖစ္သလို ၂၀၁၅ ကစတင္ၿပီး ႏွစ္တိုင္း လိဂ္ ခ်န္ပီယံ ျဖစ္ဖို႔ ကူညီေပးခဲ့သူလည္း ျဖစ္ပါတယ္။

ဒီေျခစြမ္းေတြေၾကာင့္လည္း ၃ႏွစ္ဆက္ စီးရီးေအ အေကာင္းဆုံးအသင္းမွာ ေရြးခ်ယ္ခံခဲ့ရသလို ၿပိဳင္ပြဲစုံမွာလည္း အသင္းအတြက္ ဂိုး၁၀၀ ျပည့္ေျမာက္ထားၿပီ ျဖစ္ပါတယ္။

“ အသင္းရဲ့ နံပါတ္ ၁၀ ဂ်ာစီဝတ္ဆင္ထားတဲ့ ဒိုင္ဘာလာနဲ႔ ပတ္သက္ၿပီး စိတ္ေက်နပ္ရပါတယ္။သူ႔အေပၚ ႀကီးမားတဲ့ ရင္းႏွီးမႈ လုပ္ထားသလို တစ္ခ်ိန္မွာ ဂ်ဴဗင္တပ္ရဲ့ မက္ဆီျဖစ္လာဖို႔လည္း ေမၽွာ္လင့္ပါတယ္။”လို႔ ေဖဘီယိုက Rio Sport သတင္းဌာနကို ေျပာခဲ့တာပါ။

ဒိုင္ဘာလာကေတာ့ဒီႏွစ္ ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၁ ပြဲမွာ ၅ ဂိုးသြင္း ၈ ဂိုး ဖန္တီးေပးထားနိုင္ပါၿပီ။

တဆက္တည္းမွာပဲ ေဖဘီယိုက အသင္းရဲ့ ယူနိုက္တက္နဲ႔ရီးရဲ ကစားသမားေဟာင္း ေရာ္နယ္ဒို အသင္းက ထြက္ခြာမယ့္ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဘာမွ ျဖစ္လာစရာ မရွိဘူးလို႔ အတည္ျပဳခဲ့ပါေသးတယ္။

နည္းၿပ ဆာရီရဲ့ ဂ်ဴဗင္တပ္အသင္းကေတာ့ လက္ရွိ စီးရီးေအမွာ အနီးကပ္ဆုံး ၿပိဳင္ဖက္ အင္တာနဲ႔ ရင္ဆိုင္ေနရၿပီး ခ်န္ပီယံလိဂ္မွာလည္း ၁၆ သင္းအဆင့္ကို ေရာက္ရွိထားပါၿပီ။

unicode

ဒိုင်ဘာလာကို အသင်းမှာဆက်ရှိနေမယ်ဆိုရင် တချိန်မှာ ဂျူဗင်တပ်အသင်းရဲ့ မက်ဆီ ဖြစ်လာဖို့ မျှော်လင့် ကြောင်း အားကစားအမှုဆောင်အရာရှိချုပ် ဖေဘီယိုပါရာတီစီက ပြောလာတာပါ။

ဂျူဗင်တပ်အသင်းရဲ့ အားကစားအမှုဆောင်အရာရှိချုပ် ဖေဘီယိုပါရာတီစီက ဒိုင်ဘာလာအနေနဲ့ တူရင်မှာ ဆက်ရှိနေမယ်ဆိုရင် တစ်ချိန်မှာ ဂျူဗင်တပ်ရဲ့ မက်ဆီ ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြု ပြောလာတဲ့အကြောင်း Goal.com သတင်းဌာနက ဖော်ပြလာပါတယ်။

ဒိုင်ဘာလာကတော့ ဂျူဗင်တပ်အသင်းရဲ့ အောင်မြင်ခဲ့တဲ့ ကာလတွေမှာ အဓိကကျတဲ့ ကစားသမားအဖြစ် ပါဝင် လာသူ ဖြစ်သလို ၂၀၁၅ ကစတင်ပြီး နှစ်တိုင်း လိဂ် ချန်ပီယံ ဖြစ်ဖို့ ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒီခြေစွမ်းတွေကြောင့်လည်း ၃နှစ်ဆက် စီးရီးအေ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရသလို ပြိုင်ပွဲစုံမှာလည်း အသင်းအတွက် ဂိုး၁၀၀ ပြည့်မြောက်ထားပြီ ဖြစ်ပါတယ်။

“ အသင်းရဲ့ နံပါတ် ၁၀ ဂျာစီဝတ်ဆင်ထားတဲ့ ဒိုင်ဘာလာနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်ရပါတယ်။သူ့အပေါ် ကြီးမားတဲ့ ရင်းနှီးမှု လုပ်ထားသလို တစ်ချိန်မှာ ဂျူဗင်တပ်ရဲ့ မက်ဆီဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။”လို့ ဖေဘီယိုက Rio Sport သတင်းဌာနကို ပြောခဲ့တာပါ။

ဒိုင်ဘာလာကတော့ဒီနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၅ ဂိုးသွင်း ၈ ဂိုး ဖန်တီးပေးထားနိုင်ပါပြီ။

တဆက်တည်းမှာပဲ ဖေဘီယိုက အသင်းရဲ့ ယူနိုက်တက်နဲ့ရီးရဲ ကစားသမားဟောင်း ရော်နယ်ဒို အသင်းက ထွက်ခွာမယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ ဖြစ်လာစရာ မရှိဘူးလို့ အတည်ပြုခဲ့ပါသေးတယ်။

နည်းပြ ဆာရီရဲ့ ဂျူဗင်တပ်အသင်းကတော့ လက်ရှိ စီးရီးအေမှာ အနီးကပ်ဆုံး ပြိုင်ဖက် အင်တာနဲ့ ရင်ဆိုင်နေရပြီး ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို ရောက်ရှိထားပါပြီ။

Add a Comment

Your email address will not be published. Required fields are marked *