စပို႔တင္းပရိသတ္ေတြကို အလြမ္းပိုေစမယ့္ ဖာနန္ဒက္စ္ရရွိခဲ့တဲ့ ေနာက္ဆုံးဆု

မန္ယူနိက္တဒ္ သန္း၆၀ တန္ကြင္းလယ္လူသစ္ ဘ႐ူႏိုဖာနန္ဒက္စ္ က ေပၚတူဂီကေန ထြက္ခြာလာၿပီးျဖစ္ေပမယ့္ ဇန္နဝါရီလအတြက္ ေပၚတူဂီလိဂ္ရဲ႕အေကာင္းဆုံးကြင္းလယ္ကစားသမားဆုကိုရရွိခဲ့ပါတယ္။ မန္ယူနိက္တဒ္ ရဲ႕ ဒုတိယရာသီဝက္အတြက္ ေမွ်ာ္လင့္ခ်က္ကစားသမားျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ အတြက္ ယခုလို လိဂ္ရဲ႕ အေကာင္းဆုံးဆုထပ္ရခဲ့တာက ယူနိက္တဒ္ပရိတ္သတ္ေတြရဲ႕အထင္ႀကီးမႈ႕ကိုပိုမိုရရွိေစတာလည္းျဖစ္ပါတယ္။ ဘ႐ူႏို က ဇန္နဝါရီအတြင္း ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ သြင္းဂိုးနဲ႔ဖန္တီးမႈ႕ေတြ ဆက္တိုက္လုပ္ႏိုင္ခဲ့တာေၾကာင့္လည္း ဒီဆုကိုရရွိခဲ့တာလို႔သိရပါတယ္။

ဘ႐ူႏို က ၂၀၁၉-၂၀၂၀ ရဲ႕ ပထမရာသီဝက္အတြင္း စပို႔တင္းအတြက္ လီဂါေပၚတူဂီ မွာ ၁၇ ပြဲကစား ရာမွာ ၈ဂိုးသြင္းယူၿပီး ၇ႀကိမ္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ေပၚတူဂီလိဂ္ဖလားပြဲစဥ္မွာေတာ့ ၄ပြဲမွာ ၂ဂိုး သြင္းယူခဲ့ပါတယ္။ မန္ယူနိက္တဒ္လည္း ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ယူ႐ိုပါလိဂ္မွာေတာ့ အထူးေျခစြမ္းျပထားၿပီး ၅ပြဲမွာ ၅ဂိုးသြင္းယူကာ ၃ႀကိမ္ထိဖန္တီးမႈ႕ေပးထားႏိုင္ပါတယ္။

ယခုရာသီ ပထမရာသီဝက္အတြင္း ဘ႐ူႏိုက ၿပိဳင္ပြဲစုံ ၂၆ပြဲကစားထားၿပီး ၁၅ဂိုးသြင္းယူကာ ၁၁ ႀကိမ္ဖန္တီးထားႏိုင္တာေၾကာင့္ သြင္းဂိုးနဲ႔ဖန္တီးမႈ႕ ၂၆ႀကိမ္ထိရွိၿပီး ပါဝင္တဲ့ပြဲတစ္ပြဲစီတိုင္းမွာ သြင္းဂိုး ဒါမွမဟုတ္ ဖန္တီးမႈ႕ရယူထားႏိုင္တာျဖစ္ပါတယ္။မန္ယူနိက္တဒ္ အတြက္ ပထမဆုံးပြဲထြက္ခြင့္ရတဲ့ပြဲမွာလည္း ကန္ခ်က္ ၅ႀကိမ္(အမ်ားဆုံး) ဂိုးေပါက္တည့္မတ္မႈ႕၃ႀကိမ္(အမ်ားဆုံး) ထိခ်က္ ၈၉ႀကိမ္(အမ်ားဆုံး)တို႔နဲ႔အတူ အဆိုပါပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုလည္းရရွိခဲ့ပါေသးတယ္။

အသင္းကို ေရာက္ရွိတာ ရက္ပိုင္းသာရွိေသးေပမယ့္ ဘ႐ူႏို အတြက္ ဆုတံဆိပ္ေတြက ဆက္တိုက္ဆိုသလို ရရွိေနၿပီျဖစ္ၿပီး လာျခင္းေကာင္းတဲ့စပို႔တင္း အသင္းရဲ႕ အစဥ္အလာအတိုင္းပဲ မန္ယူနိက္တဒ္မွာ ေနာက္ထပ္ ေပၚတူဂီနတ္ဘုရားတစ္ပါးပြင့္ဖို႔ တာဆူေနၿပီလို႔ ထင္မိပါတယ္။

Unicode

မန်ယူနိက်တဒ် သန်း၆၀ တန်ကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ် က ပေါ်တူဂီကနေ ထွက်ခွာလာပြီးဖြစ်ပေမယ့် ဇန်နဝါရီလအတွက် ပေါ်တူဂီလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားဆုကိုရရှိခဲ့ပါတယ်။ မန်ယူနိက်တဒ် ရဲ့ ဒုတိယရာသီဝက်အတွက် မျှော်လင့်ချက်ကစားသမားဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် အတွက် ယခုလို လိဂ်ရဲ့ အကောင်းဆုံးဆုထပ်ရခဲ့တာက ယူနိက်တဒ်ပရိတ်သတ်တွေရဲ့အထင်ကြီးမှု့ကိုပိုမိုရရှိစေတာလည်းဖြစ်ပါတယ်။ ဘရူနို က ဇန်နဝါရီအတွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ သွင်းဂိုးနဲ့ဖန်တီးမှု့တွေ ဆက်တိုက်လုပ်နိုင်ခဲ့တာကြောင့်လည်း ဒီဆုကိုရရှိခဲ့တာလို့သိရပါတယ်။

ဘရူနို က ၂၀၁၉-၂၀၂၀ ရဲ့ ပထမရာသီဝက်အတွင်း စပို့တင်းအတွက် လီဂါပေါ်တူဂီ မှာ ၁၇ ပွဲကစား ရာမှာ ၈ဂိုးသွင်းယူပြီး ရကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ပေါ်တူဂီလိဂ်ဖလားပွဲစဉ်မှာတော့ ၄ပွဲမှာ ၂ဂိုး သွင်းယူခဲ့ပါတယ်။ မန်ယူနိက်တဒ်လည်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ယူရိုပါလိဂ်မှာတော့ အထူးခြေစွမ်းပြထားပြီး ၅ပွဲမှာ ၅ဂိုးသွင်းယူကာ ၃ကြိမ်ထိဖန်တီးမှု့ပေးထားနိုင်ပါတယ်။

ယခုရာသီ ပထမရာသီဝက်အတွင်း ဘရူနိုက ပြိုင်ပွဲစုံ ၂၆ပွဲကစားထားပြီး ၁၅ဂိုးသွင်းယူကာ ၁၁ ကြိမ်ဖန်တီးထားနိုင်တာကြောင့် သွင်းဂိုးနဲ့ဖန်တီးမှု့ ၂၆ကြိမ်ထိရှိပြီး ပါဝင်တဲ့ပွဲတစ်ပွဲစီတိုင်းမှာ သွင်းဂိုး ဒါမှမဟုတ် ဖန်တီးမှု့ရယူထားနိုင်တာဖြစ်ပါတယ်။မန်ယူနိက်တဒ် အတွက် ပထမဆုံးပွဲထွက်ခွင့်ရတဲ့ပွဲမှာလည်း ကန်ချက် ၅ကြိမ်(အများဆုံး) ဂိုးပေါက်တည့်မတ်မှု့၃ကြိမ်(အများဆုံး) ထိချက် ၈၉ကြိမ်(အများဆုံး)တို့နဲ့အတူ အဆိုပါပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါသေးတယ်။

အသင်းကို ရောက်ရှိတာ ရက်ပိုင်းသာရှိသေးပေမယ့် ဘရူနို အတွက် ဆုတံဆိပ်တွေက ဆက်တိုက်ဆိုသလို ရရှိနေပြီဖြစ်ပြီး လာခြင်းကောင်းတဲ့စပို့တင်း အသင်းရဲ့ အစဉ်အလာအတိုင်းပဲ မန်ယူနိက်တဒ်မှာ နောက်ထပ် ပေါ်တူဂီနတ်ဘုရားတစ်ပါးပွင့်ဖို့ တာဆူနေပြီလို့ ထင်မိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *