စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး အသုံးျပဳခြင့္ရၿပီျဖစ္တဲ့ မန္ယူနိက္တဒ္

လာမယ့္ေႏြရာသီအေျပာင္းေ႐ႊ႕မွာအသုံးျပဳဖို႔အတြက္ အသင္းရဲ႕ ရံပုံေငြထဲမွ အေျပာင္းေ႐ႊ႕အသုံးစားရိတ္ ေပါင္သန္း၂၇၄ သန္း ကို မန္ယူနိက္တဒ္ ရဲ႕ အေျပာင္းေ႐ႊ႕အသုံးျပဳတဲ့ ဘဏ္စာရင္းထဲ ေရာက္ရွိေနၿပီလို႔သိရပါတယ္။ ႀကီးမားျပင္းထန္တဲ့ ဖိအားေတြနဲ႔ရင္ဆိုင္ရၿပီးတဲ့ေနာက္ အဒ္ဝုဒ္ဝဒ္ ဟာ သူ႔ရဲ႕ေတာ္လွန္ေရးကို အလွ်င္အျမန္အဆုံးသတ္လိုေနၿပီး ႀကီးမားတဲ့ေငြေၾကးလႈိင္းလုံးနဲ႔အတူ ပရီးမီးယားလိဂ္ဆုဖလားကမ္းစပ္ကို ေငြ လႈိင္းစီးဖို႔ႀကံ႐ြယ္ေနပါၿပီ။

လာမယ့္ေႏြမွာ မာရီစီယိုပိုခ်က္တီႏို ကို နည္းျပအသစ္ အေနနဲ႔ ခန႔္အပ္မယ္ လို႔ သတင္းေတြႀကီးေနခ်ိန္မွာပဲ မန္ယူနိက္တဒ္ရဲ႕ ဘဏ္စာရင္းထဲကို ေပါင္၂၇၄ သန္း ေရာက္ရွိလာတာက တိုက္ဆိုင္မႈ႕ေတာ့မျဖစ္ႏိုင္ပါဘူး။ ယူနိက္တဒ္က လက္ရွိမွာ မက္ဂြိဳင္းယား၊ဘစ္ဆာကာ၊ဒန္ဂ်ိမ္စ္း၊ဖာနန္ဒက္စ္ ေလးေယာက္အတြက္ ေပါင္သန္း၂၀၀ ေက်ာ္ အသုံးျပဳထားၿပီျဖစ္ေပမယ့္ ဆက္လက္ျဖည့္တင္းဖို႔စီမံထားၿပီး လာမယ့္ေႏြမွာ ေနာက္ထပ္ေပါင္သန္း၂၀၀ ဝန္းက်င္အသုံးျပဳျခင္းျဖင့္ ဖလားစိန္ေခၚႏိုင္တဲ့အသင္းကိုတည္ေဆာက္ႏိုင္လိမ့္မယ္လို႔ေမွ်ာလ္လင့္ေနပါတယ္။

ကစားသမားအပိုေတြနဲ႔အသင္းအတြက္ ေပးဆပ္လိုစိတ္မရွိသူေတြကို ဖယ္ခ်န္ၿပီး အသြင္သစ္ နဲ႔ ေခတ္ေဟာင္းမန္ယူနိက္တဒ္ အတိုင္း တည္ေဆာက္ေနတဲ့ အဒ္ဝုဒ္ဝဒ္ ရဲ႕ အသင္းက ယခုလက္ရွိမွာ ႐ုပ္လုံးေပၚစျပဳေနၿပီျဖစ္ပါတယ္။ ေခၚယူထားတဲ့ကစားသမားေတြရဲ႕ေျခစြမ္းတည္ၿငိမ္မႈ႕နဲ႔ ဦးေဆာင္ႏိုင္စြမ္းေတြက အသင္းအတြက္ တိုးတက္ေျပာင္းလဲမႈ႕ျဖစ္ေပၚေစသလို ေနရာအနည္းငယ္ထပ္မံျဖည့္တင္း႐ုံနဲ႔ ၿပီးျပည့္စုံတဲ့ယူနိက္တဒ္ အေနထားကိုျပန္လည္ရရွိႏိုင္မယ္လို႔ ဘုတ္အဖြဲ႕ကယုံၾကည္ထားပါတယ္။

ယူနိက္တဒ္ အတြက္ ေႏြရာသီ အဓိကပစ္မွတ္က ေဒါ့မြန္ ရဲ႕ ေဂ်ဒန္ဆန္ခ်ိဳ ျဖစ္ၿပီး ေပါင္သန္း၁၂၀ ခန႔္အသုံးျပဳရမယ္လို႔ခန႔္မွန္းထားပါတယ္။ ဒီ့အျပင္ မာတခ္် ထြက္ခြာခဲ့ရင္ ကြင္းလယ္ခံစစ္အတြက္ ႐ူဘင္နာဗက္ဇ္ ကို သန္း၈၀ ဝန္းက်င္နဲ႔ ေခၚယူႏိုငိတယ္လို႔လည္းသိရပါတယ္။ ေပါလ္ေပါဂ့္ဘာ ကို ေပါင္သန္း၁၅၀ ရရင္ေရာင္းခ်ႏိုင္ၿပီး အဆိုပါေငြေၾကးကို ဂ်ိမ္စ္းမက္ဒီဆင္ သို႔ ဂ်က္ဂေရးလရွ္ ကိုဝယ္ယူေပးမွာျပန္လည္အစားထိုးသုံးစြဲႏိုင္ပါတယ္။လက္ရွိေငြေၾကးအင္အားနဲ႔ လူစာရင္းအရ မန္ယူနိက္တဒ္အသင္းကမၾကာခင္မွာ ဥေရာပထိပ္သီးအင္အားႀကီးတစ္သင္းျဖစ္လာဖို႔ တာဆူေနၿပီလို႔ ေျပာလို႔ရပါတယ္။

Unicode

လာမယ့်နွေရာသီအပြောင်းရွှေ့မှာအသုံးပြုဖို့အတွက် အသင်းရဲ့ ရံပုံငွေထဲမှ အပြောင်းရွှေ့အသုံးစားရိတ် ပေါင်သန်း၂၇၄ သန်း ကို မန်ယူနိက်တဒ် ရဲ့ အပြောင်းရွှေ့အသုံးပြုတဲ့ ဘဏ်စာရင်းထဲ ရောက်ရှိနေပြီလို့သိရပါတယ်။ ကြီးမားပြင်းထန်တဲ့ ဖိအားတွေနဲ့ရင်ဆိုင်ရပြီးတဲ့နောက် အဒ်ဝုဒ်ဝဒ် ဟာ သူ့ရဲ့တော်လှန်ရေးကို အလျှင်အမြန်အဆုံးသတ်လိုနေပြီး ကြီးမားတဲ့ငွေကြေးလှိုင်းလုံးနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားကမ်းစပ်ကို ငွေ လှိုင်းစီးဖို့ကြံရွယ်နေပါပြီ။

လာမယ့်နွေမှာ မာရီစီယိုပိုချက်တီနို ကို နည်းပြအသစ် အနေနဲ့ ခန့်အပ်မယ် လို့ သတင်းတွေကြီးနေချိန်မှာပဲ မန်ယူနိက်တဒ်ရဲ့ ဘဏ်စာရင်းထဲကို ပေါင်၂၇၄ သန်း ရောက်ရှိလာတာက တိုက်ဆိုင်မှု့တော့မဖြစ်နိုင်ပါဘူး။ ယူနိက်တဒ်က လက်ရှိမှာ မက်ဂွိုင်းယား၊ဘစ်ဆာကာ၊ဒန်ဂျိမ်စ်း၊ဖာနန်ဒက်စ် လေးယောက်အတွက် ပေါင်သန်း၂၀၀ ကျော် အသုံးပြုထားပြီဖြစ်ပေမယ့် ဆက်လက်ဖြည့်တင်းဖို့စီမံထားပြီး လာမယ့်နွေမှာ နောက်ထပ်ပေါင်သန်း၂၀၀ ဝန်းကျင်အသုံးပြုခြင်းဖြင့် ဖလားစိန်ခေါ်နိုင်တဲ့အသင်းကိုတည်ဆောက်နိုင်လိမ့်မယ်လို့မျှောလ်လင့်နေပါတယ်။

ကစားသမားအပိုတွေနဲ့အသင်းအတွက် ပေးဆပ်လိုစိတ်မရှိသူတွေကို ဖယ်ချန်ပြီး အသွင်သစ် နဲ့ ခေတ်ဟောင်းမန်ယူနိက်တဒ် အတိုင်း တည်ဆောက်နေတဲ့ အဒ်ဝုဒ်ဝဒ် ရဲ့ အသင်းက ယခုလက်ရှိမှာ ရုပ်လုံးပေါ်စပြုနေပြီဖြစ်ပါတယ်။ ခေါ်ယူထားတဲ့ကစားသမားတွေရဲ့ခြေစွမ်းတည်ငြိမ်မှု့နဲ့ ဦးဆောင်နိုင်စွမ်းတွေက အသင်းအတွက် တိုးတက်ပြောင်းလဲမှု့ဖြစ်ပေါ်စေသလို နေရာအနည်းငယ်ထပ်မံဖြည့်တင်းရုံနဲ့ ပြီးပြည့်စုံတဲ့ယူနိက်တဒ် အနေထားကိုပြန်လည်ရရှိနိုင်မယ်လို့ ဘုတ်အဖွဲ့ကယုံကြည်ထားပါတယ်။

ယူနိက်တဒ် အတွက် နွေရာသီ အဓိကပစ်မှတ်က ဒေါ့မွန် ရဲ့ ဂျေဒန်ဆန်ချို ဖြစ်ပြီး ပေါင်သန်း၁၂၀ ခန့်အသုံးပြုရမယ်လို့ခန့်မှန်းထားပါတယ်။ ဒီ့အပြင် မာတခ်ျ ထွက်ခွာခဲ့ရင် ကွင်းလယ်ခံစစ်အတွက် ရူဘင်နာဗက်ဇ် ကို သန်း၈၀ ဝန်းကျင်နဲ့ ခေါ်ယူနိုငိတယ်လို့လည်းသိရပါတယ်။ ပေါလ်ပေါဂ့်ဘာ ကို ပေါင်သန်း၁၅၀ ရရင်ရောင်းချနိုင်ပြီး အဆိုပါငွေကြေးကို ဂျိမ်စ်းမက်ဒီဆင် သို့ ဂျက်ဂရေးလရှ် ကိုဝယ်ယူပေးမှာပြန်လည်အစားထိုးသုံးစွဲနိုင်ပါတယ်။လက်ရှိငွေကြေးအင်အားနဲ့ လူစာရင်းအရ မန်ယူနိက်တဒ်အသင်းကမကြာခင်မှာ ဥရောပထိပ်သီးအင်အားကြီးတစ်သင်းဖြစ်လာဖို့ တာဆူနေပြီလို့ ပြောလို့ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *