ပရီးမီးယားလိဂ္မွာ ဆန္ခ်ိဳေအာင္ျမင္မႈရႏိုင္ျခင္း ရွိ/မရွိ ခန္႔မွန္းလိုက္တဲ့ လီဗာပူးလ္ဂႏၲ၀င္

ခုရက္ပိုင္းမွာေတာ့ အေျပာင္းအေရႊ႕သတင္းရဲ႕စာမ်က္ႏွာေတာ္ေတာ္မ်ားမ်ားကို ေနရာယူထားတာကေတာ့ အဂၤလန္ၾကယ္ပြင့္ဆန္ခ်ိဳပဲျဖစ္ပါတယ္။ ေတာင္ပံကစားသမားဟာ လာမယ့္ေႏြတြင္ ေဒ့ါမြန္အသင္းကေန ထြက္ခြာဖို႔ ေသခ်ာေနၿပီး ၎ကို အသင္းႀကီးေတြေတာ္ေတာ္မ်ားမ်ားက ေစာင့္ၾကည္လ်က္ရွိေနပါတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ အထူးေျခစြမ္းျပေနတဲ့ ဆန္ခ်ိဳကို အဂၤလန္ထိပ္သီးအသင္းေတြအျပင္ ဥေရာပအသင္းႀကီးေတြကပါ လိုခ်င္လ်က္ရွိေနတာျဖစ္ပါတယ္။ အဆိုပါအထဲမွာေတာ့ ယူႏိုက္တက္က ေခၚယူႏိုင္ဖို႔ ေရပမ္းအစာဆုံး ျဖစ္ေနခဲ့ပါတယ္။

အဆိုပါသတင္းေတြနဲ႔ပတ္သက္ၿပီး လီဗာပူးလ္ ဂႏၲ၀င္ကစားသမားေဟာင္း ကာရာဂါက ဆန္ခ်ဳိအေနနဲ႔ ပရီမီးယားလိဂ္မွာ ေအာင္ျမင္ႏိုင္မႈအေပၚ မွတ္ခ်က္ေပးေျပာသြားခဲ့ပါတယ္။ ကာရာဂါက ေဒ့ါမြန္မွာ အထူးေျခစြမ္းျပေနတဲ့ ဆန္ခ်ိဳအေနနဲ႔ ပရီးမီးယား လိဂ္မွာလည္း ေအာင္ျမင္မႈရလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ကာရာဂါက ” ဆန္ခ်ိဳက လက္ရွိမွာ ကမ႓ၻာ့အေကာင္ဆုံး လူငယ္ကစားသမားတေယာက္ျဖစ္ပါတယ္။ အထူးသျဖင့္ ေဒ့ါမြန္မွာ ေတြ႕ရတဲ့ အခ်က္အလက္ေတြအရေပါ့။ သူက အဂၤလန္ကစားသမားတေယာက္လည္းျဖစ္တယ္။ ပရီးမီးယားလိဂ္ကိုမၾကာမီ ျပန္လာမယ္လို႔လည္း က်ေနာ္ ထင္ပါတယ္။သူလည္း ႏွစ္သက္တဲ့အရာပါပဲ။ ပရီးမီးလိဂ္က လူတိုင္းကို မိုေကာင္းမြန္ေအာင္ သယ္ေဆာင္ႏိုင္တာပဲေလ။ သူဟာ ထိပ္သီးလိဂ္မွာရွိတဲ့ ဖိအားေတြေအာက္က ထိပ္သီးကလပ္မွာ ေကာင္းေကာင္းကစားႏိုင္ခဲ့တာပဲ။ သူအပတ္စဥ္တိုင္းကစားေနတဲ့ အခ်က္အလက္နဲ႔ သူ႔ရဲ႕အသက္အရြယ္က လုံးဝၿပီးျပည့္စုံေနပါတယ္။ ”

” ၿပီးေတာ့ ပရီးမီးယားလိဂ္ထဲက ထိပ္သီးကလပ္ေတြကိုပဲ သူေရြးခ်ယ္မယ္လို႔ က်ေနာ္ထင္ပါတယ္။ အခေၾကးေငြကလည္း မ်က္စိ က်စရာပဲေလ။သူ႔အေနနဲ႔ ကလပ္အသင္းေကာင္းေကာင္းမွာ သာ ထိန္းသိမ္းကစားႏိုင္ရင္ ေနာက္ဆယ္ႏွစ္ေလာက္အထိ ေကာင္းမြန္တဲ့ ကစားသမားျဖစ္ေနဦးမွာ ျဖစ္ပါတယ္။ မင္းအေနနဲ မန္စီးတီးမွာ စတာလင္ ရဲ႕တိုးတက္တဲ့အေၾကာင္းကို ေတြးမိရင္ေတာ့ ဆန္ခ်ိဳကလည္း သူ႔လိုပဲျဖစ္လာမယ္လို႔ ခံစားရပါမယ္။ သြင္းဂိုးေတြ ဂိုးဖန္တီးမႈေတြအရ သူက စတာလင္ လက္သစ္ျဖစ္လာပါလိမ့္မယ္။ ” ဟု ကာရာဂါက မွတ္ခ်က္ေပးေျပာၾကားသြားခဲ့လိုက္ပါတယ္။

Unicode

ခုရက်ပိုင်းမှာတော့ အပြောင်းအရွှေ့သတင်းရဲ့စာမျက်နှာတော်တော်များများကို နေရာယူထားတာကတော့ အင်္ဂလန်ကြယ်ပွင့်ဆန်ချိုပဲဖြစ်ပါတယ်။ တောင်ပံကစားသမားဟာ လာမယ့်နွေတွင် ဒေ့ါမွန်အသင်းကနေ ထွက်ခွာဖို့ သေချာနေပြီး ၎င်းကို အသင်းကြီးတွေတော်တော်များများက စောင့်ကြည်လျက်ရှိနေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အထူးခြေစွမ်းပြနေတဲ့ ဆန်ချိုကို အင်္ဂလန်ထိပ်သီးအသင်းတွေအပြင် ဥရောပအသင်းကြီးတွေကပါ လိုချင်လျက်ရှိနေတာဖြစ်ပါတယ်။ အဆိုပါအထဲမှာတော့ ယူနိုက်တက်က ခေါ်ယူနိုင်ဖို့ ရေပမ်းအစာဆုံး ဖြစ်နေခဲ့ပါတယ်။

အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး လီဗာပူးလ် ဂန္တဝင်ကစားသမားဟောင်း ကာရာဂါက ဆန်ချိုအနေနဲ့ ပရီမီးယားလိဂ်မှာ အောင်မြင်နိုင်မှုအပေါ် မှတ်ချက်ပေးပြောသွားခဲ့ပါတယ်။ ကာရာဂါက ဒေ့ါမွန်မှာ အထူးခြေစွမ်းပြနေတဲ့ ဆန်ချိုအနေနဲ့ ပရီးမီးယား လိဂ်မှာလည်း အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ကာရာဂါက ” ဆန်ချိုက လက်ရှိမှာ ကမ႓္ဘာ့အကောင်ဆုံး လူငယ်ကစားသမားတယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ဒေ့ါမွန်မှာ တွေ့ရတဲ့ အချက်အလက်တွေအရပေါ့။ သူက အင်္ဂလန်ကစားသမားတယောက်လည်းဖြစ်တယ်။ ပရီးမီးယားလိဂ်ကိုမကြာမီ ပြန်လာမယ်လို့လည်း ကျနော် ထင်ပါတယ်။သူလည်း နှစ်သက်တဲ့အရာပါပဲ။ ပရီးမီးလိဂ်က လူတိုင်းကို မိုကောင်းမွန်အောင် သယ်ဆောင်နိုင်တာပဲလေ။ သူဟာ ထိပ်သီးလိဂ်မှာရှိတဲ့ ဖိအားတွေအောက်က ထိပ်သီးကလပ်မှာ ကောင်းကောင်းကစားနိုင်ခဲ့တာပဲ။ သူအပတ်စဉ်တိုင်းကစားနေတဲ့ အချက်အလက်နဲ့ သူ့ရဲ့အသက်အရွယ်က လုံးဝပြီးပြည့်စုံနေပါတယ်။ ”

” ပြီးတော့ ပရီးမီးယားလိဂ်ထဲက ထိပ်သီးကလပ်တွေကိုပဲ သူရွေးချယ်မယ်လို့ ကျနော်ထင်ပါတယ်။ အခကြေးငွေကလည်း မျက်စိ ကျစရာပဲလေ။သူ့အနေနဲ့ ကလပ်အသင်းကောင်းကောင်းမှာ သာ ထိန်းသိမ်းကစားနိုင်ရင် နောက်ဆယ်နှစ်လောက်အထိ ကောင်းမွန်တဲ့ ကစားသမားဖြစ်နေဦးမှာ ဖြစ်ပါတယ်။ မင်းအနေနဲ မန်စီးတီးမှာ စတာလင် ရဲ့တိုးတက်တဲ့အကြောင်းကို တွေးမိရင်တော့ ဆန်ချိုကလည်း သူ့လိုပဲဖြစ်လာမယ်လို့ ခံစားရပါမယ်။ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေအရ သူက စတာလင် လက်သစ်ဖြစ်လာပါလိမ့်မယ်။ ” ဟု ကာရာဂါက မှတ်ချက်ပေးပြောကြားသွားခဲ့လိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *