မက္ဆီကို လိုက္မီဖို႔ အခြင့္အေရးအခ်ိဳ႕ရရွိလာတဲ့ စီေရာ္နယ္ဒို

ေဘာလုံးရာသီတစ္ရာသီသြင္းဂိုးအေရအတြက္အရ အသာရဖို႔အခြင့္အေရးရွိလာခဲ့တာလည္းျဖစ္ပါတယ္။

၂၀၁၉-၂၀ ေဘာလုံးရာသီအတြင္း သြင္းဂိုးအမ်ားစုကို ပိုင္ဆိုင္ထားတဲ့ စီေရာ္နယ္ဒိုအေနနဲ႔ ဘာစီလိုနာတိုက္စစ္ မႉးမက္ဆီရဲ့ ေဘာလုံးရာသီတစ္ရာသီအတြင္းသြင္းဂိုးအေရအတြက္ကို လိုက္မီဖို႔အခြင့္အေရးရရွိလာခဲ့ၿပီျဖစ္တ ယ္လို႔ fctables.com ရဲ့ မွတ္တမ္းနဲ႔တကြ ေဖာ္ျပခ်က္အရ သိရပါတယ္။

စီေရာ္နယ္ဒိုအေနနဲ႔ လက္ရွိေဘာလုံးရာသီအတြင္း ဂ်ဴဗင္တပ္အသင္းအတြက္ပါအျပင္နိုင္ငံ့လက္ေရြးစင္အသင္း ျဖစ္တဲ့ ေပၚတူဂီအသင္းအတြက္ပါ ပြဲေပါင္း ၃၉ပြဲကစားေပးထားၿပီး ၃ရဂိုးအထိသြင္းယူထားနိုင္ခဲ့ျခင္းေၾကာင့္ ရာ သီကုန္အထိ လက္ရွိေျခစြမ္းကို ဆက္ထိန္းထားနိုင္ပါက မက္ဆီရဲ့ တစ္ရာသီအတြင္း သြင္းဂိုးအေရအတြက္ကို ေက်ာ္ျဖတ္နိုင္ဖို႔ရွိေနတာပါ။

လက္ရွိေဘာလုံးရာသီအတြင္း ရလဒ္ေကာင္းရရွိဖို႔ ႐ုန္းကန္ေနရတဲ့ ဘာစီလိုနာအသင္းရဲ့အေျခအေနေၾကာင့္ မ က္ဆီအေနနဲ႔လည္း သြင္းဂိုးအေရအတြက္ က်ဆင္းေနခဲ့ၿပီး လက္ရွိအခ်ိန္အထိ ကလပ္+နိုင္ငံ့အသင္းႏွစ္သင္း အတြက္ တစ္ရာသီအတြင္း ၃ရပြဲကစားထားရာမွာ ၂၃ဂိုးသာရရွိထားျခင္းက ကစားသမားဘဝရဲ့သြင္းဂိုးအေရအ တြက္ အနည္းဆုံးအေျခအေနတစ္ခုလည္းျဖစ္ေနခဲ့ပါတယ္။

fctables.com စစ္တမ္းေဖာ္ျပခ်က္ေတြအရ စီေရာ္နယ္ဒိုအေနနဲ႔ မက္ဆီရဲ့ တစ္ရာသီအတြင္းသြင္းဂိုးအေရအ တြက္ လာလီဂါမွာရွိစဥ္ကတည္းက ေက်ာ္ျဖတ္နိုင္ခဲ့ျခင္းမရွိခဲ့သလို ၿပီးခဲ့တဲ့ရာသီကလည္း ၿပိဳင္ပြဲစုံ ၄၆ပြဲမွာသြင္း ဂိုး ၃ဝသာရရွိခဲ့ျခင္းက ပြဲ၅ဝကစားၿပီး ၅၂ဂိုးရရွိခဲ့တဲ့ မက္ဆီရဲ့ ဂိုးသြင္းႏႈန္းနဲ႔အျပတ္အသတ္ကြာဟေနျခင္းကို မွ တ္တမ္းေတြအရ သိခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေဘာလုံးရာသီကုန္ဆုံးဖို႔ အခ်ိန္ ၃လခန႔္က်န္ရွိေနေသးေပမယ့္ မက္ဆီရဲ့ဂိုးသြင္းႏႈန္းက က်ဆင္းေနခဲ့ၿပီး ၃ရပြဲကစား ၂၃ဂိုးသာရရွိထားျခင္းက ေနာက္ဆုံး ၅ႏွစ္အတြင္း သြင္းဂိုးအနည္းဆုံးအခ်ိန္ကာလ တစ္ခုအျဖစ္ရွိေနခဲ့တဲ့အတြက္ စီေရာ္နယ္ဒိုက ေက်ာ္ျဖတ္နိုင္ေျခအေကာင္းဆုံးရွိေနတဲ့အေျခအေနတစ္ခုျဖစ္တ ယ္လို႔ သုံးသပ္မႈမ်ားရွိေနခဲ့တာလည္းျဖစ္ပါတယ္။

unicode

ဘောလုံးရာသီတစ်ရာသီသွင်းဂိုးအရေအတွက်အရ အသာရဖို့အခွင့်အရေးရှိလာခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီအတွင်း သွင်းဂိုးအများစုကို ပိုင်ဆိုင်ထားတဲ့ စီရော်နယ်ဒိုအနေနဲ့ ဘာစီလိုနာတိုက်စစ် မှူးမက်ဆီရဲ့ ဘောလုံးရာသီတစ်ရာသီအတွင်းသွင်းဂိုးအရေအတွက်ကို လိုက်မီဖို့အခွင့်အရေးရရှိလာခဲ့ပြီဖြစ်တ ယ်လို့ fctables.com ရဲ့ မှတ်တမ်းနဲ့တကွ ဖော်ပြချက်အရ သိရပါတယ်။

စီရော်နယ်ဒိုအနေနဲ့ လက်ရှိဘောလုံးရာသီအတွင်း ဂျူဗင်တပ်အသင်းအတွက်ပါအပြင်နိုင်ငံ့လက်ရွေးစင်အသင်း ဖြစ်တဲ့ ပေါ်တူဂီအသင်းအတွက်ပါ ပွဲပေါင်း ၃၉ပွဲကစားပေးထားပြီး ၃ရဂိုးအထိသွင်းယူထားနိုင်ခဲ့ခြင်းကြောင့် ရာ သီကုန်အထိ လက်ရှိခြေစွမ်းကို ဆက်ထိန်းထားနိုင်ပါက မက်ဆီရဲ့ တစ်ရာသီအတွင်း သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ဖို့ရှိနေတာပါ။

လက်ရှိဘောလုံးရာသီအတွင်း ရလဒ်ကောင်းရရှိဖို့ ရုန်းကန်နေရတဲ့ ဘာစီလိုနာအသင်းရဲ့အခြေအနေကြောင့် မ က်ဆီအနေနဲ့လည်း သွင်းဂိုးအရေအတွက် ကျဆင်းနေခဲ့ပြီး လက်ရှိအချိန်အထိ ကလပ်+နိုင်ငံ့အသင်းနှစ်သင်း အတွက် တစ်ရာသီအတွင်း ၃ရပွဲကစားထားရာမှာ ၂၃ဂိုးသာရရှိထားခြင်းက ကစားသမားဘဝရဲ့သွင်းဂိုးအရေအ တွက် အနည်းဆုံးအခြေအနေတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

fctables.com စစ်တမ်းဖော်ပြချက်တွေအရ စီရော်နယ်ဒိုအနေနဲ့ မက်ဆီရဲ့ တစ်ရာသီအတွင်းသွင်းဂိုးအရေအ တွက် လာလီဂါမှာရှိစဉ်ကတည်းက ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း ပြိုင်ပွဲစုံ ၄၆ပွဲမှာသွင်း ဂိုး ၃ဝသာရရှိခဲ့ခြင်းက ပွဲ၅ဝကစားပြီး ၅၂ဂိုးရရှိခဲ့တဲ့ မက်ဆီရဲ့ ဂိုးသွင်းနှုန်းနဲ့အပြတ်အသတ်ကွာဟနေခြင်းကို မှ တ်တမ်းတွေအရ သိခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ဘောလုံးရာသီကုန်ဆုံးဖို့ အချိန် ၃လခန့်ကျန်ရှိနေသေးပေမယ့် မက်ဆီရဲ့ဂိုးသွင်းနှုန်းက ကျဆင်းနေခဲ့ပြီး ၃ရပွဲကစား ၂၃ဂိုးသာရရှိထားခြင်းက နောက်ဆုံး ၅နှစ်အတွင်း သွင်းဂိုးအနည်းဆုံးအချိန်ကာလ တစ်ခုအဖြစ်ရှိနေခဲ့တဲ့အတွက် စီရော်နယ်ဒိုက ကျော်ဖြတ်နိုင်ခြေအကောင်းဆုံးရှိနေတဲ့အခြေအနေတစ်ခုဖြစ်တ ယ်လို့ သုံးသပ်မှုများရှိနေခဲ့တာလည်းဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *