ယူနိက်တဒ်ကိုကျော်ပြီးဒေါ့မွန်ကိုရွေးခဲ့ရတဲ့အကြောင်း ရှင်းပြခဲ့တဲ့ ဟာလန်း
Unicode
ဒေါ့မွန်အသင်းရဲ့တိုက်စစ် က စား သ မား သစ် အီလန်ဟာလန်း က သူ့အနေနဲ့ မန်ယူနိက်တဒ် လို အသင်းကြီးတစ်သင်းကိုကျောခိုင်းပြီး ဒေါ့မွန်ကိုရွေးချယ်ခဲ့တာက ငွေကြေးကြောင့် မဟုတ်ပဲ မိမိရဲ့ကစားသမားဘဝ တိုးတက်ရေးအတွက်သာဖြစ်တယ်လို့ဆိုပါတယ်။ အိုလေဂန်နာဆိုးလ်ရှား နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ဆရာတပည့်လည်းဖြစ်ခဲ့ဖူးပေမယ့် ဟာလန်း က ဂျာမဏီကလပ်ကိုသာရွေးချယ်ခဲ့လို ယူနိက်တဒ်ပရိတ်သတ်တွေ အတော်ကို အံအားသင့်ခဲ့ရပါသေးတယ်။
ဟာလန်းကတော့ “ငွေကြေးကြောင့်ဆိုတာမဟုတ်ပါဘူး၊ဒါက ပြောတဲ့သူတွေရေးချင်တာရေူသားတာမျိုးပါပဲ၊သူတို့နဲ့တွေ့တဲ့အခါရှင်းပြဖို့တော့လိုပါလိမ့်မယ်၊ကျနော်ကတော့သိပ်ခေါင်းထဲမထားပါဘူး။ပြီးတော့ဒါတွေကရောင်းအားကောင်းအောင်ခေါင်းစဉ်တပ်ကြတာပဲလေ။ကျနော်နဲ့နီးစပ်တဲ့သူတိုင်းက ကျတော်ကငွေမက်သူမဟုတ်ဘူးဆိုတာသိပါတယ်။ကျနော့်အပြောင်းရွှေ့အတွက် အဆင့်တွေကအရမ်းကိုလွယ်ကူပါတယ်။ကျနော်က သာမန်ဘောလုံးကစားတာပဲလိုချင်ပြီး ပထမရာသီထဲကပါဝင်တာမဟုတ်ပဲနဲ့ အရမ်းအရေးကြီးတဲ့အစိတ်ပိုင်းမျိုးကနေ ခုချိန်မှ မပါဝင်လိုပါဘူး။အရိုးသားဆုံးပြောတာပါ ကျနော်အရမ်းရေးပါတဲ့ကစားသမားမဖြစ်ချင်ဘူး။ဒါကြောင့်ကျနော့်အတွက်သင့်တော်မယ်ထင်ရတဲ့အင်ကြောင့်ကျနော့်အတွက်သင့်တော်မယ်ထင်ရတဲ့အသင်းကိုသာရွေးချယ်ခဲ့တာပါ။”
“အိုလေဂန်နာက ကျနော်ဒီနေ့ဒီလိုဖြစ်လာရတဲ့နေရာမှာအရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒါပေမယ့်လေ့လာမှု့တွေအပြီးဒေါ့မွန်ကကျနော့်အတွက်အကောင်းဆုံးဖြစ်မယ်လို့ဆုံးဖြတ်ခဲ့တယ်လေ။ကျနော်ကိုယ်တိုင်လည်းဘယ်နေရာမှာပိုကောင်းနိုင်မလည်းစဉ်းစားကြည့်တော့အဆုံးမှာဒေါ့မွန်ပဲဖြစ်နေဝာာပါ။ရိုင်းအိုလာကသူ့အလုပ်နေရာမှာတော့သိပ်တော်တဲ့သူပါ၊ရိုးရိုးရှင်းရှင်းနဲ့ပဲအကုန်လုံးကိုအဆင်ပြေအောင်လုပ်နိုင်ပါတယ်။သူ့မှာမကောင်းမြင်ခံရမှု့အများပြားရှိနေပေမယ့်လည်း ဒါက သူ့လူတွေကိုအကောင်းဆုံးတွေဖြစ်အောင်လုပ်ပေးနေတာကြောင့်လို့ထင်ပါတယ်။သူကကျနော့်ကိုအတော်လေးကူညီ‌ခဲ့သလို သူကလူကောင်းတစ်ယောက်ပါ။” လို့ပြောဆိုခဲ့ပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *